close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌ စစ်တပ်က အရပ်သားရှိရာနေရာများ မိုင်းထောင်ထား၊ မိုင်းထိ၍ အရပ်သားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းအား ၂၀၂၅ ဇဇွန်လပထမအပတ်က တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်-ဆိပ်မူသွားလမ်း ယူမာကျေးရွာတွင် အမျိုးသားနှစ်ဦးလမ်းလျှောက်လာစဉ် တစ်ဦးမိုင်းနင်းမိပြီး သေဆုံးသွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” အရပ်သားတွေသွားလာနိုင်တဲ့နေရာတွေမှာ မိုင်းတွေထောင်ခဲ့တာ။ အခုက ဘယ်လိုမှရှင်းလို့မရနိုင်ဘူး။ စစ်ကြောင်းကလည်း အနီးနားပတ်ဝန်းကျင်မှာ ပုန်းခိုးပြီး ကင်းပုန်းတွေဝပ်နေတာ။ ဒီနေ့ မိုင်းပေါက်ကွဲတာမှာ အလောင်းတောင်သွားမကောက်နိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် သေဆုံးသူမည်သူဖြစ်သည်ကို မသိရသေးပေ။ ၎င်းနှင့်အတူ လမ်းလျှောက်လာသူလည်း ထွက်ပြေးသွားသည်ဟု သိရသည်။

လက်ရှိတွင် မောင်းလျှံကျေးရွာနှင့် အမှိုက်ပုံကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံများ နေရပ်ပြန်မလာကြသေးရန် ကချင်ဒေသကာကွယ်ရေးတပ်(KPDF) ရဲဘော်တစ်ဦးက ပြောသည်။

” မိုင်းအန္တရာယ်ရော၊ လက်နက်ကြီးအန္တရာယ်ရော၊ လေကြောင်းအန္တရာယ်ပါ ရှိနေပါတယ်။ တ်ိုက်ပွဲက ဆက်ပြင်းမယ့်အခြေ‌အ‌နေရှိပါတယ်။ ဒေသခံတွေ ကြိုတင်မှန်းဆဖို့ လိုမယ်”ဟု အဆိုပါ ရဲဘော်ကပြောသည်။

စစ်ရေးတင်းမာနေသည့် မောင်းလျှံကျေးရွာနှင့် အမှိုက်ပုံကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က ဇူလိုင် ၁၃ရက်၊ ၁၅ရက်နှင့် ၁၆ရက်တွင် လေကြောင်းမှဗုံးကြဲခဲ့ပြီး လက်နက်ကြီးများလည်း ပစ်ခတ်ခဲ့သည်။

ယ‌နေ့နံနက်ပိုင်းတွင်လည်း လက်နက်ကြီးမကြာခဏပစ်ခတ်နေသလို လေကြောင်းအန္တရာယ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သတိပေးထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်မေလကုန်က ဖားကန့်မြို့နယ်တွင်KIA၊KPDF ပူးပေါင်းတပ်အား စစ်ရှုံးခဲ့သည့် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ဖမ်းဆီးခဲ့ပြီး ယာယီ တပ်မမှူးအသစ်အဖြစ် ကလောမြို့အခြေစိုက်စစ်ဦးစီးတက္ကသိုလ် (ဥစတ)မှ ဗိုလ်မှူးကြီး ကောင်းမင်းထွဋ်ကို အစားထိုး ခန့်အပ်ထားသည်။

ဖားကန့်ဒေသသို့ မေလကုန်၊ ဇွန်လဆန်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းများ ဝင်ရောက်လာပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်ရော မဖြစ်သည့်အချိန်များ၌ပါ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုများရှိခဲ့ပြီး အရပ်သားသေဆုံးသူဦးရေ ၃၀ဦးခန့်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီသည် ဖားကန့်ဗျူဟာကုန်းအတွက် စစ်ရေးအရအရေးပါသည့် လမောင်းကုန်းနှင့် မှော်မောင်းကုန်းကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းပြင်ထန်ထန်ဖြစ်ပွား နေသည်။ လမောင်းကုန်းနှင့် မှော်မောင်းကုန်းကို သွားသည့်လမ်းပိုင်းမှ မှော်မောင်းလျှံ၊ မှော်ဝမ်းလေး၊ အမှိုက်ပုံကျေးရွာတို့၌ KIA၊KPDFပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေသည်။

မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြားနေပြီး တိုက်ပွဲသတင်းကို KIAကရော စစ်ကောင်စီကပါ မထုတ်ပြန်‌သေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ်ကို ‌ဒေသံများ စိုးရိမ်နေကြသည်။

” မိုင်း‌တွေက လမ်း‌ပေါ်‌တွေရော လမ်းဘေးတွေရော။ စစ်ကြောင်းဝင်သွားတဲ့နေရာတွေ သွားဖို့ မလွယ်တော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့စီးနင်းတိုက်ခိုက်ခဲ့သည့် ကျေးရွာများတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားခဲ့ပြီး အဆိုပါလုပ်ရပ်ကြောင့် အရပ်သားများထိခိုက်သေဆုံးမှု မကြာခဏကြုံတွေ့နေရသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ရခိုင်ပြည်နယ်မှ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်က ၎င်းနှင့်ဆုတ်ခွာသည့်လမ်းကြောင်းတလျှောက် မိုင်းများထောင်ထားပြီး ဆုတ်ခွာသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာ ထောင်ထာခဲ့သည်ဟုအာရက္ခတပ်တော် (AA)က ထုတ်ပြန်ခဲ့ဖူးသည်။

အရပ်သားပြည်သူများအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ) စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကရင်နီပြည်၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်နေစဉ် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ Soe Reh ကျဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။