close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပ်စတိန်း အမှုနဲ့ ဆက်စပ်ပြီး ထရမ့်ကိုပါ စစ်ဆေးဖို့ အမျိုးသမီး တစ်ဦးက FBIကို နှစ်ကြိမ်တိုင် တောင်းဆိုခဲ့

အရွယ် မရောက်သေးသူတွေကို လိင်အကြမ်းဖက်မှု သားကောင်အဖြစ် လူသိများတဲ့ ဂျက်ဖရေး အပ်စတိန်းရဲ့ အမှုကို ရဲတွေက စုံစမ်းနေချိန် အတောအတွင်း ဒေါ်နယ်လ်ထရမ့်ကိုပါ စစ်ဆေးပေးဖို့ တရားလို အမျိုးသမီး တစ်ဦးက နှစ်ကြိမ်တိုင် တောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။ ဒါပေမဲ့ အဲဒီ နှစ်ကြိမ်စလုံးဟာ ထရမ့် သမ္မတ ဖြစ်မလာသေးခင် အစောပိုင်း နှစ်တွေမှာပါ။

Getty Images

အရွယ် မရောက်သေးသူတွေကို လိင်အကြမ်းဖက်မှု သားကောင်အဖြစ် လူသိများတဲ့ ဂျက်ဖရေး အပ်စတိန်းရဲ့ အမှုကို ရဲတွေက စုံစမ်းနေချိန် အတောအတွင်း ဒေါ်နယ်လ်ထရမ့်ကိုပါ စစ်ဆေးပေးဖို့ တရားလို အမျိုးသမီး တစ်ဦးက နှစ်ကြိမ်တိုင် တောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။ ဒါပေမဲ့ အဲဒီ နှစ်ကြိမ်စလုံးဟာ ထရမ့် သမ္မတ ဖြစ်မလာသေးခင် အစောပိုင်း နှစ်တွေမှာပါ။

မာရီယာ ဖာမာဟာ အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းရှင် သူဌေးကြီး အပ်စတိန်းနဲ့ မိတ်ဆွေဖြစ်သူ ဂျီဆလိန်း မက်စ်ဝဲလ်တို့ နှစ်ယောက်ပေါင်းပြီး ၁၉၉၆ ခုနှစ်တုန်းက သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကား အနိုင်ကျင့်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သူဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နယူးယောက် ရဲတပ်ဖွဲ့နဲ့ FBI ထောက်လှမ်းရေးတွေဆီ ထွက်ဆိုရာမှာ ဘီလီယံနာ သူဌေးကြီး ထရမ့်လိုမျိုး အပ်စတိန်းနဲ့ နီးစပ်ပြီး ဩဇာကြီးမားသူတွေကိုပါ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြောင်း ဖာမာက New York Times သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အပ်စတိန်းရဲ့ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ဖာမာက သူနဲ့ ထရမ့်တို့ဟာ ၁၉၉၅ ခုနှစ်တုန်းက အပ်စတိန်းရဲ့ ရုံးခန်းထဲမှာ ဆုံခဲ့ဖူးပြီး ထရမ့်ကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရဖူးတယ်လို့ ပြောပါတယ်။ တစ်ညမှာ အပ်စတိန်းက ဖုန်းဆက်ခေါ်လို့ သူက သွားရောက်ခဲ့ပြီး ထရမ့်ကို တွေ့ခဲ့ကြောင်း၊ ထရမ့်က သူ့ခြေထောက်တွေကို စိုက်ကြည့်ရင်း မရိုးမသား ပြုံးနေခဲ့ပေမယ့် အပ်စတိန်းကတော့ ဖာမာဟာ ထရမ့်အတွက် မဟုတ်ကြောင်း ဝင်ပြောပြီး စကားစ ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ တခြားအခန်း တစ်ခုကနေ သူက နားစွန်နားဖျား ကြားလိုက်ရမှာတော့ ထရမ့်က သူ့ကို အသက်မပြည့်သေးဘူးလို့ ထင်နေကြောင်းလည်း ဖာမာက New York Timesဆီ ပြောပြခဲ့ပါတယ်။

အပ်စတိန်းရဲ့ အနိုင်ကျင့်မှုကို ခံရတဲ့ ဖြစ်စဉ်ကို ရဲတွေနဲ့ FBIဆီ တိုင်ကြားတဲ့အခါ သူက အပ်စတိန်းနဲ့ နီးစပ်ပြီး ဩဇာတိက္ကိမ ကြီးမားတဲ့ ထရမ့်နဲ့ အမေရိကန် သမ္မတ(ဟောင်း) ဘီလ်ကလင်တန်တို့လို ပုဂ္ဂိုလ်တွေကိုပါ စစ်ဆေးကြည့်ဖို့ ဖာမာက တောင်းဆိုခဲ့တာပါ။ နောက်ပြီး သူ့ကို ၂၀၀၆ ခုနှစ်မှာ FBIက အပ်စတိန်း အမှုနဲ့ ဆက်စပ်ပြီး ခေါ်ယူ မေးမြန်းတဲ့ အခါမှာလည်း ထရမ့်ကိုပါ စစ်ဆေးစုံစမ်းသင့်တယ်လို့ ဖာမာက ထပ်မံ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖာမာက သူ့အပေါ် အပ်စတိန်းက အနိုင်ကျင့်တဲ့ ကိစ္စမှာ လက်ရှိ အမေရိကန် သမ္မတ ဖြစ်နေသူ ထရမ့်ကလည်း သေချာပေါက် ဆက်စပ် ပါဝင်ခဲ့ပါတယ် ဆိုတာမျိုးတော့ မစွပ်စွဲခဲ့ပါဘူး။

တစ်ချိန်က အမေရိကန်ရဲ့ စီးပွားရေး နယ်ပယ်မှာ ဩဇာကြီးမားသူ တစ်ဦးဖြစ်တဲ့ အပ်စတိန်းဟာ အသက် ၁၄ နှစ်ထိ ငယ်ရွယ်သူတွေ အပါအဝင် မိန်းကလေးတွေ အပါအဝင် အမျိုးသမီး အများအပြားကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့၊ စော်ကားအနိုင်ကျင့်ခဲ့ကြောင်း စွဲချက် အတင်ခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဖလော်ရီဒါ၊ နယူးယောက်တို့မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လူမှောင်ခိုကူးတဲ့ ကိစ္စအတွက် စစ်ဆေး ခံနေရင်း အကျဉ်းခန်းထဲမှာ အပ်စတိန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

အပ်စတိန်းရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တွေထဲမှာ ချမ်းသာကြွယ်ဝသူတွေ၊ နိုင်ငံရေးသမားတွေလည်း ဆက်နွှယ်နေတာကြောင့် သူ့အမှုထဲမှာ ထရမ့်နဲ့ တခြားနာမည်ကျော် ပုဂ္ဂိုလ်တွေလည်း ပတ်သက်ပါဝင်နေတယ်ဆိုတဲ့ ထင်ကြေးတွေ ရှိနေပါတယ်။ ပြီးတော့ အပ်စတိန်းရဲ့ အမှုဖိုင်တွေကို ရှင်းရှင်းလင်းလင်း မထုတ်ပြန်တာကလည်း သို့လောသို့လော တွေးစရာတွေကို ပိုမို များပြားလာနေစေပါတယ်။

ထရမ့်ကတော့ အပ်စတိန်းရဲ့ အမှုကိစ္စမှာ သူက ကင်းကင်းရှင်းရှင်းဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသလို ဖက်ဒရယ် တရားသူကြီး တစ်ဦးကိုလည်း အပ်စတိန်း အမှုရဲ့ ထွက်ဆိုချက် ဖိုင်တွေကို ထုတ်ပြန်ပေးဖို့ တိုက်တွန်းထားပါတယ်။ အပ်စတိန်း အမှုကိစ္စနဲ့ သူ့နာမည်ကို ရောချတာဟာ အတိုက်အခံ ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုတွေ ဖန်တီးထားတဲ့ လုပ်ကြံ ဇာတ်လမ်းမျိုးသာ ဖြစ်တယ်လို့လည်း ထရမ့်က တုံ့ပြန် စွပ်စွဲထားပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်ရဲ့ လက်မှာ တွေ့ရတဲ့ အကွက်တစ်ခုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကျန်းမာရေးအပေါ် ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေတဲ့နောက် အမေရိကန် သမ္မတဟာ သွေးပြန်ကြောဆိုင်ရာ နာတာရှည် ရောဂါတစ်မျိုး စွဲကပ်နေတာလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် ဘောလုံးကလပ် ချယ်လ်ဆီးက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တကယ့် ဆုဖလား အစစ်ကြီးက သူ့ဆီမှာ ရှိနေတာလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလား၊ ဒါမှမဟုတ် အခွန်စည်းကြပ်မှုတွေ မြင့်မြင့်မားမား သတ်မှတ်ပြီး အရေးယူတာ ခံမလားဆိုတာ တစ်ခုခုရွေးဖို့ ရုရှားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေက တာဝန်ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

Facebook