close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားနိုင်ငံတွင် 7July အထိမ်းအမှတ် ဆန္ဒပြပွဲများ ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့နှင့် ဒယ်ဂူးမြို့တို့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ သမိုင်းဝင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဇူလိုင် ၇၊၂၀၂၅။ သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့နှင့် ဒယ်ဂူးမြို့တို့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ သမိုင်းဝင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ၊ Busan Network ၊ RAM အဖွဲ့အစည်းများမှ ဦးဆောင်၍ တောင်ကိုရီးယားရောက် ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

7 Julyတွင်ကျဆုံးခဲ့သောသူရဲကောင်းများ၏ ရည်မှန်းချက်များကို ယနေ့တိုင် မျိုးဆက်သစ်လူငယ်များက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် လုပ်ဆောင်နေကြောင်းနှင့်ယင်းသမိုင်းဝင်နေ့မှ ရရှိသော စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကာစစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း MFDMC က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (ဇူလိုင် ၇) ကျရောက်သော (၆၃)နှစ် ဆဲဗင်း ဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် ရန်ကုန်မြို့တွင် တော်လှန်လူငယ်များက ဦးဆောင်ပြီး (၆၃)နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

သတင်း

တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ (၈၀)နှစ်ပြည့် မွေးနေ့အဖြစ် လူထုလှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အများခန့်မှန်းထားတဲ့အတိုင်း အတိုက်အခံ ခေါင်းဆောင် လီဂျေမြောင်က အနိုင်ရသွားခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ကြေညာခဲ့တဲ့ ဖြစ်ရပ်အပြီး တောင်ကိုရီးယားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။