close
Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတိုက်ခိုက်မှု ရဲနှစ်ဦး သေဆုံး၊ ရဲကားကို မီးရှို့ဖျက်ဆီး

ရန်ကုန်-မန္တလေးအမြန်လမ်း၌ စစ်ကောင်စီ၏ ရဲကားတစ်စီးအား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းဦးဆောင်သူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။

ဇူလိုင်-၂၀၊ ၂၀၂၅။ရဲခေါင်၊​ဇော်ရမ်း/People’s Spring

ရန်ကုန်-မန္တလေးအမြန်လမ်း၌ စစ်ကောင်စီ၏ ရဲကားတစ်စီးအား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းဦးဆောင်သူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇူလိုင် ၂၀ရက်) နံနက် ၇နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၁၈)သို့ မောင်းလာသည့် စစ်ကောင်စီ၏ လက်အောက်ခံ ရဲကားကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ကားက ရဲကားနဲ့လာတာပါဗျ။ကားပေါ်မှာလည်း ရဲနှစ်ဦး ပါပါတယ်။ပါလာတဲ့နှစ်ယောက်စလုံးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ကားကိုလည်း သိမ်းဆည်းရရှိတယ်။သူတို့ပါလာတဲ့ လက်နက်ခဲယမ်းတွေရတယ်”ဟု ကိုစိုးအောင်က တိုက်ခိုက်မှုဖြစ်စဥ်အပေါ် ပြောသည်။

Public Service Announcement

Public Service Announcement

၄၅ မိနစ်ကြာတိုက်ခိုက်မှုအတွင်း BA-94 နှစ်လက်၊ ကျည်ဘောက် ငါးခုနှင့် ကျည်များ သိမ်းဆည်းရမိကြောင်း အဆိုပါတပ်ရင်းက အသိပေးသည်။

ကားအား မောင်းနှင့်ယူဆောင်ရန်ကြိုးပမ်းခဲ့သေးပြီး မောင်းမရ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းလည်းဖော်ပြထားသည်။

တိုက်ပွဲသတင်းအား ယနေ့နံနက်ပိုင်းက ထွက်ပေါ်ခဲ့ရာတွင် အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈- ၃၁၉ အနီးမှ ပြင်စည်အမြန်လမ်းရဲကင်းစခန်းကို တိုက်ခိုက်ခြင်းဟု ဒေသတွင်းကာကွယ်ရေးရဲဘော်အချို့က ပြောခဲ့သည်။ ယခုညပိုင်းမှသာ နွားထိုးကြီး (Natogyi PDF)က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

အရေးအကြောင်းပေါ်မူတည်ပြီး ခရီးသွားပြည်သူများအနေဖြင့် အမြန်လမ်းအသုံးပြုရာတွင် ဒေသခံ ပြည်သူကာကွယ်ရေးတပ်များ၏ အချိန်နှင့်တပြေးညီ အသိပေးမှုများကို သတိပြုရန်လည်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းက သတိပေးထားသည်။

စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ အမြန်လမ်း၌ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းလည်း အသိပေးသည်။

(အမြန်လမ်း၌ ရဲကားအား တိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ရုပ်သံ – NPDF)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ ဘုန်းကြီးတစ်ပါးကို စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးသွားလို့ ရွာသားတွေက ရဲစခန်းရှေ့သွားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

အရက်ဝယ်ရန် ထွက်လာသည့် စစ်ကောင်စီ ရဲနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း တောင်သာ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာဝန်ရှိသူ လူထုနွေဦးသို့ ပြောသည်။

သတင်း

■လွတ်​မြောက်သွားသူနှင့်ဘကယ်ထုတ်သူများကို သံလျင်တွင်ပြန်ဖမ်းမိဟုစစ်​ကောင်စီဆို ■ဖမ်းဆီးခံရသူများသည်​တော်လှန်​ရေးရန်ပုံ​ငွေများလိမ်လည်ယူသွားပြီး စစ်​ကောင်စီထံလက်နက်ချထားသူများဖြစ်​နေ ဇူလိုင်-၂၊၂၀၂၅။သတိုး၊သုည/ People’s Spring ရန်ကုန်မြို့ လှိုင်သာယာအ‌ရှေ့ပိုင်းမြို့နယ်ရဲစခန်း၌ နိုင်ငံရေးပုဒ်မတပ်ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ် ကယ်ထုတ်သွားသည့် ဖြစ်စဉ်မှန်ကန်ကြောင်း ဒေသခံများကပြောသည်။ Public Service Announcement ဇူလိုင်၁ ရက်ည ၇ နာရီခွဲ အချိန်ခန့်တွင်လှိုင်သာယာရဲစခန်း၌...

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

Facebook