close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ အစိုးရ အပြောင်းအလဲ မဖြစ်မနေ လိုအပ်တယ်လို့ ရှားဘုရင်ရဲ့သားပြော

အီရန်မှာ အစိုးရ အပြောင်းအလဲဖြစ်ဖို့ ကျိန်းသေ လိုအပ်နေပြီ ဆိုတာကို သဘောပေါက် လက်ခံကြစေလိုကြောင်း အီရန် အိမ်ရှေ့မင်းသားဟောင်းက အနောက်မဟာမိတ် နိုင်ငံတွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

Reuters

အီရန်မှာ အစိုးရ အပြောင်းအလဲဖြစ်ဖို့ ကျိန်းသေ လိုအပ်နေပြီ ဆိုတာကို သဘောပေါက် လက်ခံကြစေလိုကြောင်း အီရန် အိမ်ရှေ့မင်းသားဟောင်းက အနောက်မဟာမိတ် နိုင်ငံတွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ရက်ဇာ ဖာလာဗီဟာ အီရန် အစ္စလာမ်မစ် တော်လှန်ရေးကြောင့် ၁၉၇၉ ခုနှစ်တုန်းက ပြုတ်ကျခဲ့တဲ့ ရှားဘုရင် အစိုးရမှာ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ် ခံခဲ့ရသူပါ။ သူဟာ ကွယ်လွန်သူ ရှားဘုရင်ရဲ့ သားအကြီးဆုံးလည်း ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ရှားဘုရင်လိုပဲ ဖာလာဗီဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေ၊ အစ္စရေးတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးခဲ့သလို အမေရိကန်ကပါ အစ္စရေးကို ကူညီပြီး အီရန် နျူကလီးယား စခန်း ၃ ခုကို ဗုံးဝင်ကြဲခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာတော့ အမေရိကန် သမ္မတ ထရမ့်က အီရန်နဲ့ အစ္စရေးတို့ဟာ နာရီပိုင်းအတွင်း အပစ်အခတ် ရပ်စဲကြတော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ မတိုင်ခင် တစ်ရက်မှာတော့ ဖာလာဗီက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို တက်ရောက်ပြီး အနောက်နိုင်ငံတွေ အနေနဲ့ အီရန်ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အီရန်ရဲ့ အစ္စလာမ်မစ် အစိုးရကို ဖြုတ်ချသင့်တဲ့ အချိန်မျိုး ဖြစ်လာပြီလို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အတိတ်က အမှားမျိုးကို ကျူးလွန်ပြီး အီရန်အစိုးရကို အသက်ရှူပေါက် ဖွင့်ပေးလိုက်တာမျိုး မလုပ်ဖို့ လိုကြောင်း၊ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးရုံလောက်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။

နျူကလီးယား လက်နက်တွေ တီထွင်မှုကို စိုးရိမ်တကြီး တားဆီးတာ၊ ဒေသလုံခြုံရေးအတွက် စိတ်ပူတာတွေက မှန်ကန်တဲ့ ကိစ္စတွေ ဖြစ်ပေမယ့် အီရန်မှာ အစိုးရ အပြောင်းအလဲ လုံးဝ ဖြစ်သွားပြီး ဒီမိုကရေစီ အုပ်ချုပ်မှု လမ်းကြောင်းဆီ ပြန်ရောက်လာမှသာ အဲဒီရည်မှန်းချက်တွေ လက်တွေ့ အောင်မြင်ပြီး ငြိမ်းချမ်းရေး အဓွန့်ရှည်လိမ့်မယ်လို့လည်းလည်း ဖာလာဗီက ဆက်ပြောခဲ့ပါတယ်။

အီရန်ဖက်ကတော့ ဖာလာဗီရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ လတ်တလော တုံ့ပြန်မှု မရှိသေးပါဘူး။ ဖာလာဗီဟာ ပြည်ပနိုင်ငံတွေမှာ ဆယ်စုနှစ် လေးခုလောက်ကြာအောင် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ အီရန်မှာ ဖာလာဗီကို လိုလားထောက်ခံတဲ့ အင်အားစုတွေ ဘယ်လောက် ရှိနေသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

လောလောဆယ် ဝါရှင်တန်ဒီစီမှာ အခြေချ နေထိုင်နေသူ ဖာလာဗီက တိကျတဲ့ အထောက်အထား မတင်ပြဘဲနဲ့ အီရန် အဓိပတိ အယာတိုလာ အလီခါမေနီနဲ့ မိသားစုဟာ လိုအပ်လာရင် နိုင်ငံကို စွန့်ခွာ ထွက်ပြေးဖို့ ကြိုတင်စီစဉ်ထားပြီး ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ သူက အီရန်ရဲ့ လက်ရှိ အစ္စလာမ်မစ် အစိုးရဟာ ယိုင်နဲ့ ပြိုလဲလာနေပြီလို့လည်း ပြောပါတယ်။

အမေရိကန် အစိုးရကတော့ အီရန်မှာ ဝင်ရောက် ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေး ရည်မှန်းချက်မှာ အစိုးရ အပြောင်းအလဲဖြစ်အောင် ဖန်တီးဖို့ဆိုတဲ့ ဦးစားပေး ရည်မှန်းချက် မပါဝင်ဘူးလို့ ဖြေရှင်းထားပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်ကတော့ လက်ရှိ အီရန် အစိုးရဟာ နိုင်ငံကို တကျော့ပြန် ကြီးမြတ်ခမ်းနားလာအောင် လုပ်မပေးနိုင်ဘူးဆိုရင် အစိုးရ အပြောင်းအလဲ ဘာကြောင့် မဖြစ်သင့်သလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ အီရန် အစိုးရက ဖြုတ်ချတာ ခံခဲ့ရသူ ရှားဘုရင်ဟောင်းရဲ့ သားက အီရန်ပြည်သူတွေ အနေနဲ့ အစိုးရကို အုံကြွ တော်လှန်ဖို့ အချိန်အခါကောင်း ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

Trending

Facebook