close
Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်တွင်စစ်​ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက် မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ကျေးရွာများသို့ဝင်ရောက်ကာတစ်ရွာတစ်ရွာထွက်၍ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံပြည်သူများက လူထုနွေဦးသို့ပြောသည်။

ဇွန်လ ၂၃ ရက်နံနက်ပိုင်းတွင်ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ။ဓာတ်ပုံ-​CJ

ဇွန် – ၂၃၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ကျေးရွာများသို့ဝင်ရောက်ကာတစ်ရွာတစ်ရွာထွက်၍ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံပြည်သူများက လူထုနွေဦးသို့ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၂၀ ရက်နေ့ကစတင်ပြီးထောက်ကြန့်အုပ်စု၊ တောင်ပြတ်ရွာမကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင်ဇွန်လ၂၂ရက် မနက်ပိုင်းတွင် ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာနှင့်နေ့လယ်ပိုင်းတွင်ထောက်ကြန့်အုပ်စု၊ သရော်ကုန်ရွာတို့မှ နေအိမ်များကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း ၎င်းရင်းမြစ်များက ပြောသည်။

ထို့အပြင်ဇွန်လ၂၂ ရက်ကဦးတိုကညင်ပင်အုပ်စုသို့ဝင်ရောက်စဥ် ပြည်သူငါးဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထောကြန့်အုပ်စု၊ သရောကုန်းရွာမှလူငယ်နှစ်ဦးကိုလည်းစစ်တပ်က စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်သွားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တဲ့မင်းလှမြို့နယ်ကရန်ကုန်-ပြည်လမ်းအရှေ့ဘက်ရှိ ရွာတွေကို မီးရှို့ရှင်းလင်းရန် တပ်မ ၆၆ တပ်မမှူးမှ အမိန့်ပေးထားကြောင်းစစ်ကြောင်းမှာပါလာတဲ့ စခဗိုလ်​၏ ပြောဆိုချက်အရ သိရပါတယ်။ မီးမရှို့ရင်အရေးယူခံရမယ်လို့ ခြိမ်းခြောက်တယ်လို့ ပြောကြတာလည်းရှိတယ်။ ခုရွာတွေကပြည်သူတွေအိမ်ကပစ္စည်းတွေကားနဲ့ယူနေတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၂၃ ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျေးရွာတစ်ရွာလျင် အင်အား ၅၀ ကျော်ဖြင့် တပ်များဖြန့်ကာ ရွာစဥ်လှည့်မွှေ နှောက်နေသည့်အပြင် ဂန့်ဂေါ်ပင်အုပ်စု ဗိုလ်တထောင်ရွာနှင့် ဂန့်ဂေါ်ပင်ရွာမ၊ ထောက်ကြန့်အုပ်စု ဆားချောင်းရွာနှင့် ဆင်အိုင်ချောင်း​ပေါက်ရွာ၊ ခွက်မအုပ်စု ငလှစမ်းရွာ စသည့်ကျေးရွာငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်ပြော သည်

ယင်းအပြင် ငလှစမ်းရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးစဥ် ပြည်သူ ၁၀ ဦးထက်မနည်းကို ရိုက်နှက်နှိပ်စက်သွားကြောင်းလည်း တော်လှန်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံပြည်သူများက ပြောသည်။

လက်ရှိအခြေအနေတွင်စစ်တပ်စစ်ကြောင်းများသည် မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ ရွာစဥ်လှည့်ဝင်ရောက်ဖျက်ဆီးလျှက်ရှိရာကျေးရွာအများအပြားမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF )နှင့် ​တော်လှန်​ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်များကို စစ်​ကောင်စီက ယခုရက်ပိုင်းအတွင်းလေကြောင်းဗုံးကြဲမှုများဆက်တိုက်ပြုလုပ်​နေပြီးဇွန်၂၂ ရက်နံနက်ပိုင်းတွင်လည်း PDFများသိမ်းပိုက်ထားသည့် အင်းတော်မြို့ကိုဗုံးကြဲခဲ့သည်။

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

Trending

Facebook