close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်ကမြန်မာစစ်တပ်အတွက် သယ်ယူပို့ဆောင်ရေးလေယာဥ်နှစ်စီး ထပ်မံလွှဲပြောင်းဖို့ ရှိနေ

တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုသယ်ယူပို့ဆောင်ရေးလေယာဥ်နှစ်စီးကိုထပ်မံလွှဲပြောင်းဖို့ရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-Myanmar Witness

ဇွန်-၂၃၊ ၂၀၂၅။ People’s Spring

တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုသယ်ယူပို့ဆောင်ရေးလေယာဥ်နှစ်စီးကိုထပ်မံလွှဲပြောင်းဖို့ရှိနေတယ်လို့ သိရပါတယ်။

အချက်အလက်စုဆောင်းရှာဖွေရေးအဖွဲ့ Myanmar Witness က မြန်မာလေတပ်(MAF)မှာ မကြာခင်အသုံးပြုတော့မယ်လို့ ယူဆရတဲ့ လေယာဥ်နှစ်စင်းကို တရုတ်နိုင်ငံ၊ ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

အဲဒီလေယာဉ်နှစ်စင်းဟာအသစ်ဖြစ်ပြီး MAF နာမည် တပ်မတော်(လေ)လို့ ရေးသားထားပြီး အရင်ကမရှိဖူးတဲ့ အမြီးနံပါတ်တွေကိုတွေ့ရတယ်လို့ Myanmar Witness က ဓါတ်ပုံနဲတကွဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဓါတ်ပုံ-Myanmar Witness

Shaanxi Y-8F-200Wနည်းဗျူဟာမြောက်သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းဖြစ်တဲ့အမြီးနံပါတ် 5923 နဲ့ 5924 တို့ကို တရုတ်နိုင်ငံ ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ နေရာတစ်ခုမှာ Myanmar Witness က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Y-8F-200W အမြီးနံပါတ် 5922 ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒါကြောင်း စစ်တပ်ရဲ့ လေတပ်(MAF)ဟာ စစ်ဘက်လေယာဉ်တွေနဲ့ပတ်သက်လို့ ဝန်ဆောင်နိုင်စွမ်းနဲ့ ဘက်စုံအသုံးပြုနိုင်မှုအတွက်အထူးအလေးသာတဲ့ Y-8 လေယာဉ်တွေကို ဆက်လက်တိုးချဲ့အသုံးပြုလျှက်ရှိကြောင်း တွေ့ရှိရတယ်လို့ Myanmar Witness က သုံးသပ်ပါတယ်။

အဲဒီ Y-8 နောက်ထပ်လေယာဉ်တွေ ရောက်ရှိလာခြင်းဟာ စစ်တပ်ရဲ့လေတပ်အတွက် ထောက်ပံ့ပို့ဆောင်ရေးနဲ့ လည်ပတ်နိုင်မှုစွမ်းရည်ကို တိုးပွားစေဖို့ ဖြစ်တယ်လို့လည်း သုံးသပ်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာလေကြောင်းအင်အားကို အဓိကထားပြီး တော်လှန်ရေးတပ်ဖွဲ့များကို ဖိအားပေးတိုက်ခိုက်နေတာကို တွေ့ရပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာအပေါ့စားတိုက်

ခိုက်ရေးလေယာဥ်တွေဖြစ်တဲ့ Yak-130၊ K-8 နဲ့ FTC-2000G လေယာဥ်တွေကို အဓိက အသုံးပြုနေသလို JF-17၊ MiG-29 နဲ့ F-7 တိုက်လေယာဥ်တွေကိုလည်း အသုံးပြုတိုက်ခိုက်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ပြီးခဲ့တဲ့မေလကုန်ပိုင်းက အစီရင်ခံစာထုတ်ပြန် သုံးသပ်ထားပါတယ်။

ရုရှားထုတ် SU 30 နဲ့ MiG-29 လို ​ခေတ်မီတိုက်လေယာဥ်တွေကို​တော့ အရေးကြီးစစ်ရေးပစ်မှတ်နဲ့စစ်ဆင်​ရေး​တွေမှာ အသုံးပြုတာများတယ်လို့ MDSI ကသုံးသပ်ပါတယ် ။​စစ်​ကောင်စီတပ်မှာ တိုက်​လေယာဥ် ၊ရဟတ်ယာဥ်အစီး​ရေ ၂၀၀ ​ကျော်ရှိပြီး​တော့ ​လေတပ်စခန်း ၈ ခုမှာ တိုက်လေယာဥ်၊ရဟတ်ယာဥ်တွေ အမြန်တိုက်ခိုက်နိုင်ဖို့ ဖြန့်ခွဲချထားတယ်လို့ MDSI ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီး ၂၀၀ ​ကျော်ထဲမှာ ​ဟောင်းနွမ်းတဲ့ ​လေယာဥ် ၊ရဟတ်ယာဥ်ဘယ်​လောက်ရှိတယ်ဆိုတာနဲ့ အသုံးပြုလို့ရတဲ့ အစီး​ရေဘယ်​လောက်ရှိတယ်ဆိုတာကို​တော့မသိရ​သေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးဖွဲ့တွေကစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၂စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပျက်ကျတဲ့ ​လေယာဥ် ၊ရဟန်ယာဥ် အနည်းဆုံး ၇ စီးရှိပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကဟောမုဇ်ရေလက်ကြားကို ပိတ်ချမပစ်အောင် ကူညီစည်းရုံးပေးဖို့ တရုတ်ကို အမေရိကန်ကတောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်ခဲ့ခြင်းက အမေရိကန်အပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ယုံကြည်စိတ်ချရမှု လျော့ကျသွားစေတယ်လို့ တရုတ်က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် ရေလက်ကြားကို ဗြိတိန် စစ်သင်္ဘောတစ်စီး ဖြတ်သန်း ခုတ်မောင်းခြင်းဟာ ရန်စတဲ့ လုပ်ရပ်မျိုးလို့ တရုတ်စစ်တပ်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ဆောင်းပါး

မြေရှားသတ္တုဟာ ပြိုင်ဘက် နိုင်ငံတွေနဲ့ မူဝါဒရေးရာ တင်းမာတဲ့ အခြေအနေတွေမှာ တရုတ်အတွက် လက်နက်အဖြစ် အသုံးတော်ခံခဲ့တာဟာ အမေရိကန်နဲ့မှ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်တုန်းက နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ် ငါးဖမ်းလှေ တစ်စီးနဲ့ ဂျပန် ကမ်းခြေစောင့် ရေယာဉ်တို့...

Trending

Facebook