close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမှာ စစ်ကူလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၃ ဦး သေဆုံးပြီး ဒုတပ်ကြပ်တစ်ဦး ဖမ်းဆီးရမိ

ရဲတစ်ဦးအလင်းဝင်ပြီး စစ်မှုထမ်း ၂ ဦးကို ကယ်ထုတ်

စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများနဲ့ ဖမ်းမိစစ်သုံ့ပန်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Natogyi PDF

ဇွန်-၂၃၊ ၂၀၂၅။ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၁၃ ဦး သေဆုံးပြီး ဒုတပ်ကြပ်တစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ပါတယ်။

၉/အညာမြေစစ်ဆင်ရေးအနေနဲ့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း၊ တံတားဦး(ပကဖ)တို့ဟာ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ပွဲငယ်တွေ ဖော်ဆောင်ပြီး တားဆီးတိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး PDFက ဒီကနေ့ ဇွန်လ (၂၃)ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများနဲ့ ဖမ်းမိစစ်သုံ့ပန်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – Natogyi PDF

တိုက်ပွဲငယ်များအတွင်း စစ်ကောင်စီရဲ့ တပ်မ (၈၈)က ဒုတပ်ကြပ် (၁)ဦး ဖမ်းဆည်းရမိခဲ့ပြီး ရဲတပ်သား (၁)ဦးကတော့ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ နွားထိုးကြီး PDFက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်မှုထမ်း ဥပဒေနဲ့ မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်(၂)ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲငယ်များအတွင်း စစ်ကောင်စီထံကနေ MA-1 (၁)လက် ၊ MA-3 (၁)လက် ၊ G-3 ကျည် (၉၂)တောင့် ၊ 5.56 ကျည် (၁၅၀၀)တောင့် ၊ M9 (၁၂)လုံး ၊ ၆၀ မမ (၈)လုံး ၊ ၆၀ မမ ဒေါက် (၁)ခု ၊ RPG အဖူး (၂)ဖူး ၊ RPG ပို့ကျည် (၂)တောင့် ၊ နင်းမိုင်း (၁၄)လုံး ၊ လက်ပစ်ဗုံး (၁၁)လုံး ၊ Drone Shooter (၁)လက် ၊ ကျည်ဘောက် (၆)ဘောက်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ နွားထိုးကြီး PDFက ထပ်မံအသိပေးပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား (၁၃)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရကာ အလောင်း (၁) လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ နွားထိုးကြီး PDFက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နွားထိုးကြီး PDF ကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားသုံးအား PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်အချို့ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)အနီးရှိ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့သေးသည်။

သတင်း

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

သတင်း

နွားထိုးကြီးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တရစပ်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။

Trending

Facebook