close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ အစ္စလာမ်မစ် အစိုးရကို အုံကြွ တော်လှန်ကြဖို့ ပြည်သူတွေကို ရှားဘုရင်ရဲ့သား တိုက်တွန်း

လက်ရှိ အီရန် အစိုးရက ဖြုတ်ချတာ ခံခဲ့ရသူ ရှားဘုရင်ဟောင်းရဲ့ သားက အီရန်ပြည်သူတွေ အနေနဲ့ အစိုးရကို အုံကြွ တော်လှန်ဖို့ အချိန်အခါကောင်း ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

Getty Images

လက်ရှိ အီရန် အစိုးရက ဖြုတ်ချတာ ခံခဲ့ရသူ ရှားဘုရင်ဟောင်းရဲ့ သားက အီရန်ပြည်သူတွေ အနေနဲ့ အစိုးရကို အုံကြွ တော်လှန်ဖို့ အချိန်အခါကောင်း ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ပြည်သူတွေ အနေနဲ့ လက်ရှိ အီရန် အစိုးရကို တော်လှန်မှသာ အီရန်နိုင်ငံ ပြိုကွဲသွားမှုကို တားဆီးနိုင်မယ် ဆိုတာကို နားလည်ဖို့လိုကြောင်း သူက ဇွန်လ ၁၇ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာ Xကနေ ဆော်ဩ တိုက်တွန်းသွားခဲ့ပါတယ်။

ရာဇာ ဖာလာဗီက ဗီဒီယို တစ်ခုကနေ ပြောကြားခဲ့ရာမှာ အစ္စလာမ်မစ် သမ္မတနိုင်ငံအဖြစ် ထူထောင်ထားတဲ့ အီရန်ရဲ့ အခြေအနေဟာ ပြိုလဲနေပြီး အဆုံးသတ် ကာလမျိုးဆီ ရောက်နေကြောင်း၊ ပြည်သူတွေက အုံကြွတော်လှန်မှု တစ်ခုတည်းနဲ့သာ အခုလိုမျိုး အလုံးစုံ ကြမ်းတမ်းနေတဲ့ အိပ်မက်ဆိုးတွေကို အပြီးသတ်ပစ်နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် လက်ရှိ ကာလဟာ အားလုံး အတူတကွ တော်လှန်ဖို့၊ အီရန်ကို ပြန်လည်ရယူဖို့ အချိန်ဖြစ်လာကြောင်း တိုက်တွန်းသွားပါတယ်။

နောက်ပြီး အစ္စလာမ်မစ် အစိုးရ ကြီးစိုးတဲ့ ကာလအလွန် နေ့ရက်တွေအတွက် ကြိုပြီး တွေးတော ပူပန်နေဖို့ မလိုဘဲ အီရန်ဟာ မတည်ငြိမ်တဲ့ ကာလတွေ၊ ပြည်တွင်းစစ်တွေကို ကြုံတွေ့ ဖြတ်သန်းရမှာ မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဖာလာဗီနဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြှင့်တင် တည်ဆောက်နေပါတယ်။ သူက အီရန်အစိုးရကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ထောက်ခံရပ်တည်သူဖြစ်ပြီး အဲဒီအတွက် သူ့လိုပဲ ပြည်ပမှာ တိမ်းရှောင်နေတဲ့ အီရန် အတိုက်အခံ အင်အားစုတွေက ချီးကျူးကြပါတယ်။ တစ်ဖက်မှာတော့ အစ္စရေးနဲ့ ပူးပေါင်းခြင်းက နိုင်ငံကို သစ္စာဖောက်တာဆိုတဲ့ စွပ်စွဲမှုမျိုးတွေကိုလည်း ဖာလာဗီက ကြုံတွေ့နေပါတယ်။

သူ့ရဲ့ဖခင်ဖြစ်တဲ့ ကွယ်လွန်သူ ရှားဘုရင်ဟာလည်း အစ္စရေးနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပေမယ့်လည်း ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး ကာလမှာ ဖြုတ်ချ ခံခဲ့ရပါတယ်။ ရှားဘုရင်ရဲ့ အကြီးဆုံး သားဖြစ်သူ ဖာလာဗီဟာ ဖခင်ရဲ့နန်းဆက် ပြုတ်မကျခင်က အိမ်ရှေ့စံ ရာထူး အပ်နှင်းခံထားခဲ့ရသူလည်း ဖြစ်ပါတယ်။

အခုအခါ အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ ဖာလာဗီဟာ ပြည်ပရောက် အီရန် အတိုက်အခံ အင်အားစုဖြစ်တဲ့ အီရန် အမျိုးသား ကောင်စီကို ထူထောင်ထားပါတယ်။ အစ္စရေးဟာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ လက်ရှိ စစ်ရေး ပဋိပက္ခမှာ အီရန်က အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် တွန်းအားပေးဖို့ မရည်ရွယ်ပေမယ့် အဲဒီလို ကိစ္စမျိုး ရှိလာရင်လည်း ကြိုဆိုသွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: JSN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် စစ်တပ်က ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့ မရနိုင်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးနေတဲ့ စစ်ဆင်ရေးတွေမှာ အစ္စရေးနဲ့အတူ ပူးပေါင်းသွားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ရာမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ အသုံးပြုခဲ့တယ်လို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ အပစ်အခတ် ရပ်စဲရေး ကြားဝင် ညှိနှိုင်းပေးဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။