close
Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီ၊ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် စစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင်-၂၃၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရတာ (၃) နှစ်ပြည့်နဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရတာကြောင့် ကျဆုံးခြင်းတို့အတွက် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းဆန္ဒပြသပိတ်စစ်ကြောင်းကို ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ၅/အရတ အရာတော်လူထုသပိတ်တို့မှ စုပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြ​သူတွေဟာ “ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက် ရွှေထီးဆောင်းရစေမယ်” ဘန်နာစာတန်း ကိုင်ဆွဲကာ “နိုင်တဲ့သူတရားကြေးဆိုပြီးကျည်ဆံတွေနဲ့သမိုင်းရေးချင်ကြသလား ဟောဒီကျောင်းသားမျိုးဆက်ကုန်မှ အဲ့ဒီသမိုင်းကိုမင်းတို့ရေးလို့ရမယ်”၊ “ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက်ရွှေထီးဆောင်းရစေမယ်” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ကလေးမြို့ မြို့ပေါ် တံတား တနေရာမှာလည်း ဦးဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ကြိုးပေးကွပ်မြတ်ခံရတာ (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားနဲ့ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း၊ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်တော်လှန်ရေးသပိတ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ အရာ​​​တော်မြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရခြင်း (၃) နှစ်ပြည့်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ ကျဆုံးခြင်းတို့အတွက် ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၃) ဆန္ဒပြခဲ့ကြသည်။

သတင်း

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင်လေးဦးကို စစ်ကောင်စီက မတရားကြိုးမိန့်ချ ကွက်မျက်ခဲ့သည်မှာ ဇူလိုင် ၂၃ရက်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

"ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သပိတ်စစ်ကြောင်းသည် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် ယနေ့(ဇူလိုင်၂၃ရက်)တွင် ချီတက်ဆန္ဒပြခဲ့သည်။