စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သပိတ်စစ်ကြောင်းသည် ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် ယနေ့(ဇူလိုင်၂၃ရက်)တွင် ချီတက်ဆန္ဒပြခဲ့သည်။

အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ အရာတော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတပကဖ)တို့က ပူးပေါင်းဝန်းရံကာ စစ်ကောင်စီအထိုင်စခန်းနှင့်နီးစပ်သည့် အရာတော်-ရွှေဘို လမ်းပိုင်းတစ်နေရာတွင် ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“တရားတဲ့သူသာနိုင်ကြေးဟေ့”ဘန်နာစာတန်းကိုင်ဆွဲကာ “ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော် ငါတို့အားလုံးလှမျိုးအောင်”စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

Public Service Announcement
အဆိုပါ သပိတ်စစ်ကြောင်းအား ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ရဲဘော်များလည်း ပူးပေါင်းဝန်းရံခဲ့ကြောင်း သိရသည်။
