close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်ပဋိပက္ခမှာ ထိုင်းက အလွန်အကျွံ အင်အားသုံးနေတယ်လို့ ကမ္ဘောဒီးယား စွပ်စွဲ

နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေမှာ ထိုင်းဟာ စစ်လက်နက် အင်အားကို လွန်လွန်ကဲကဲ အသုံးပြုနေတယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။

Social Media

နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေမှာ ထိုင်းဟာ စစ်လက်နက် အင်အားကို လွန်လွန်ကဲကဲ အသုံးပြုနေတယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ ထိုင်းစစ်တပ်ဟာ တပ်အင်အား အမြောက်အမြားကို ဖြန့်ကျက်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းစစ်တပ်ဟာ သာလွန်အင်အားကို အသုံးပြုပြီး ကမ္ဘောဒီးယား ပိုင်နက်ကို ကျူးကျော်သိမ်းယူဖို့ ကြံစည်နေတာလို့လည်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲ ရေးသားထားပါတယ်။ ထိုင်းရဲ့ ကြမ်းကြုတ် ရက်စက်ပြီး ပြောင်ပြောင်တင်းတင်း ရန်လိုတဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂ ပဋိညာဉ် သဘောတူညီချက်တွေ၊ နိုင်ငံတကာ ဥပဒေ ကျင့်ထုံးတွေ၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အခြေခံမူတွေ အားလုံးကို ချိုးဖောက်ရာ ရောက်တယ်လို့ အဲဒီ ကြေညာချက်ကို Khmer Times သတင်းစာကလည်း ထပ်ဆင့် ဖော်ပြထားခဲ့ပါတယ်။

Khaosod English

ထိုင်းတိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယား ထိန်းချုပ်နယ်မြေထဲကို အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့တယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။ ထိုင်းစစ်တပ်ကတော့ ကမ္ဘောဒီးယားက ထိုင်းပိုင်နက်ထဲ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တဲ့နောက် F-16 တိုက်လေယာဉ်တွေကို အသုံးပြုပြီး ကမ္ဘောဒီးယား စစ်စခန်း နှစ်ခုကို ဗုံးကြဲခဲ့တယ်လို့ အတည်ပြုထားပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား ဒုံးကျည်ဒဏ်ကြောင့် ထိုင်းလူနေဧရိယာတွေမှာ ထိခိုက်ပျက်စီးမှု မှတ်တမ်း ဓာတ်ပုံတွေကိုလည်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာလီ ဆိုချီယက်တာက ထိုင်းရဲ့ တရားလက်မဲ့နဲ့ လက်လွတ်စပယ် လုပ်ရပ်တွေဟာ ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကိုသာ မကဘဲ နိုင်ငံတကာ တည်ငြိမ်မှု အခြေခံ အုတ်မြစ်ကိုပါ ထိခိုက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးတော့ ကမ္ဘောဒီးယား စစ်တပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အစွမ်းကုန် ပြင်ဆင် တုံ့ပြန်သွားမယ်လို့လည်း သူက သတိပေးသွားပါတယ်။

ကိုးကား: Khmer Times

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ပဋိပက္ခတွေ ဖြစ်မလာအောင် ထိုင်းဖက်က အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သေးတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား သတင်းဌာန တချို့နဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ထိုင်း F-16 တိုက်လေယာဉ်တွေ ပစ်ချခံရကြောင်း သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ထိုင်းလေတပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ခန့်မှန်းထားသလိုပဲ ဟွန်ဆန်းဟာ နစ်နာသူလို လုပ်ပြနေပြန်တယ်လို့ လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လူမှုကွန်ရက် မီဒီယာမှာ ခနဲ့ပြီး ရေးသားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဖို့ ထိုင်းယာယီ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်အင်အားသုံး တုံ့ပြန်ဖို့ကလွဲပြီး နည်းလမ်း မရှိဘူးလို့ ပြောကြားထားပါတယ်။