ဇူလိုင်-၂၃၊၂၀၂၅။လူအေး/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် စက်သုံးဆိုင်တစ်ဆိုင် မီးလောင်ပေါက်ကွဲပြီး လူတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သိန္နီမြို့ရှိ မြို့ဦးဓာတ်ဆီဆိုင်သည် ယနေ့(ဇူလိုင် ၂၃ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် မီးလောင်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
” ပေါက်ကွဲသံလည်း အကျယ်ကြီးကြားရတယ်။ မီးလောင်တာလည်းများတယ်။ ဒဏ်ရာရတာကဆိုင်ရှင်ရဲ့သားလို့ သိရတယ်။ ဘာကြောင့်ဘယ်လိုဖြစ်တယ်တော့မသိဘူး။ ကိုးကန့်ရဲတွေတော့ရောက်လာတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ MNDAAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ သိန္နီမြို့သည်၁၀၂၇ စစ်ဆင်ရေးနှင့်အတူMNDAAကတိုက်ခိုက်သိမ်းယူခဲ့ပြီး ထိန်းချုပ်ထားသည်။
၂၀၂၄နိုဝင်ဘာကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးကိုးရပ်ကွက်မှ စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာကားမီးလောင်ပေါက်ကွဲမှုဖြစ်ပြီး မီးငြှိမ်းသတ်သူများအပါအဝင် ၂၁ဦး ဒဏ်ရာရခဲ့ဖူးသည်။
