close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် ထိုင်း F-16 တိုက်လေယာဉ်တွေက ကမ္ဘောဒီးယား စစ်စခန်းတွေကို တိုက်ခိုက်

ကမ္ဘောဒီးယားနဲ့ စစ်ရေးတင်းမာနေမှုမှာ ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေကပါ ပါဝင် တိုက်ပွဲဝင်နေတယ်လို့ ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

Khaosod English

ကမ္ဘောဒီးယားနဲ့ စစ်ရေးတင်းမာနေမှုမှာ ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေကပါ ပါဝင် တိုက်ပွဲဝင်နေတယ်လို့ ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေ တိုက်ခိုက်မှု စတင်ခဲ့တဲ့နောက် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံဖက်ကို ဒုံးကျည် နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာတော့ ထိုင်းရဲ့ ဆစ်စကက် ပြည်နယ်ထဲက ဘန်ဖျူးမှာ ဆီဆိုင်တစ်ခု ဒုံးကျည် ထိမှန်ပြီး မီးလောင်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ထိုင်းက နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယားက စစ်ရေး ပစ်မှတ်တွေကို တုံ့ပြန်ဖို့ F-16 တိုက်လေယာဉ် ၆ စီးကို စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သိပ်မကြာခင်မှာပဲ ထိုင်းစစ်တပ်က အဲဒီ F-16တွေဟာ ပစ်မှတ်တွေကို စတင် တိုက်ပွဲဝင် တိုက်ခိုက်နေတယ်လို့ ထိုင်းစစ်တပ်က Facebookမှာ ရေးသားထားခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ကမ္ဘောဒီးယားရဲ့ အမှတ် ၈ နဲ့ အမှတ် ၉ စစ်နယ်မြေ တပ်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယားကတော့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဇူလိုင် ၂၄ ရက်နေ့ ပဋိပက္ခတွေအတွင်း ထိုင်းဖက်မှာ အနည်းဆုံး အရပ်သား ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရထားပေမယ့် ကမ္ဘောဒီးယားဖက်က အသေအပျောက်ကို မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်ဟာ စစ်ရေး အခြေအနေ တင်းမာနေတဲ့ ဧရိယာတွေမှာ ကျောင်းတွေ၊ ရုံးတွေကို ပိတ်ခိုင်းပြီး အရပ်သားတွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေတယ်လို့ ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကြောင့် အရပ်သား အသေအပျောက် ၉ ဦးထိ မြင့်တက်လာကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပဋိပက္ခတွေ ဖြစ်မလာအောင် ထိုင်းဖက်က အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သေးတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား သတင်းဌာန တချို့နဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ထိုင်း F-16 တိုက်လေယာဉ်တွေ ပစ်ချခံရကြောင်း သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ထိုင်းလေတပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ခန့်မှန်းထားသလိုပဲ ဟွန်ဆန်းဟာ နစ်နာသူလို လုပ်ပြနေပြန်တယ်လို့ လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လူမှုကွန်ရက် မီဒီယာမှာ ခနဲ့ပြီး ရေးသားခဲ့ပါတယ်။

Facebook