close
Connect with us

Hi, what are you looking for?

သတင်း

တနိုင်းဒေသKIA ထိန်းချုပ်နယ်​မြေအတွင်း ဂိတ်ဖွင့်အခွန်ကောက်သည့် နာဂတပ် NSCN-K စခန်းနှင့် ရဲဘော်များကို ထိန်းသိမ်းထားဟု KIAပြော

တနိုင်းမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် နယ်မြေ၌ ဝင်ရောက်တပ်စွဲထားသည့် နာဂလက်နက်ကိုင်တပ် NSCN-K(Yung Aung) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း KIAက အတည်ပြုသည်။

နာဂလက်နက်ကိုင်တပ်NSCN-K(Yung Aung)တပ်ဖွဲ့ဝင်များ ဂိတ်ဖွင့်ငွေကောက်သည်ဆိုသည့် တနိုင်းမြို့နယ် တလူးကျေးရွာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၃၊ ၂၀၂၅။ထားမြတ်/People’s Spring

တနိုင်းမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် နယ်မြေ၌ ဝင်ရောက်တပ်စွဲထားသည့် နာဂလက်နက်ကိုင်တပ် NSCN-K(Yung Aung) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း KIAက အတည်ပြုသည်။

ဇူလိုင် ၁၈ရက်တွင် တနိုင်းမြို့နယ် တလူးကျေးရွာအနီးဂိတ်ဖွင့်ထားသည့် နာဂါလက်နက်ကိုင်ရဲဘော်များအား လက်နက်များနှင့်အတူ KIAက ဖမ်းဆီးသွားသည်ဆို​သောသတင်းနှင့်ပတ်သက်၍ မေးမြန်းရာ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အထက်ပါအတိုင်းအတည်ပြုခြင်းဖြစ်သည်။

“သူတို့ကတော့ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေဖြစ်နေတဲ့တနိုင်းဘက်ကရှင်ဗွေယန်ခရိုင်ပေါ့။အဲဒီအထဲမှာ သူတို့ကကျနော်တို့နယ်မြေထဲမှာတပ်စခန်းတွေချတယ်။နောက်ဂိတ်တွေဖွင့်ပြီးမှအခွန်အကောက်တွေ ကောက်လာကြတယ်။ အဲဒီလိုလုပ်တာကို ကျနော်တို့ဘက်က နယ်ကျော်ပြီးမလုပ်ကြဖို့ အကြိမ်ကြိမ်သူတို့ကိုပြောတာတွေရှိတယ် ဆွေးနွေးတာတွေရှိတယ်။ စာပိုပြီး သူတို့ကို ရှင်းပြတာတွေလည်းရှိခဲ့ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် နာဂတပ်ဖွဲ့ဘက်ကဂိတ်ပြန်ရုတ်သိမ်းခြင်းမရှိဘဲ အခွန်ဆက်​ကောက်နေခဲ့ဟု၎င်းက ဆိုသည်။

“ဒါကြောင့် ကျနော်တို့ အဖွဲ့တွေက ဇူလိုင်လ ၁၈ရက်နေ့မှာ သူတို့ရဲ့ စခန်းတွေကို အားလုံးထိန်းထိန်းသိမ်းသိမ်း လုပ်ထားတာဖြစ်ပါတယ်။ သူတို့ရဲဘော်တွေကိုလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ထားတာဖြစ်ပါတယ်။အခြား ပြဿနာတွေမရှိပါဘူး။ သူတို့လည်း ပစ်ခတ်တာတွေမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုသို့ ဗိုလ်ချုပ်ယုံးအောင်ဦးစီးသည့် NSCN-K (Yung Aung) ရဲဘော်များဖမ်းဆီးခံရမှု နှင့်ပတ်သက်၍ နာဂကျောင်းသားအဖွဲ့အစည်း(NSO)က KIAသို့ လိပ်မူသည့် အိတ်ဖွင့် ပေးစာတစ်​စောင်ကို ဇူလိုင် ၂၂ရက်တွင် ထုတ်ပြန်ခဲ့ရာ KIA၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ဖော်ပြထားပြီး နာဂတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းထားသော လက်နက်များနှင့်အတူပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တမူးမြို့နယ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၌ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)တပ်ဖွဲ့ဝင်များက တိုက်ခိုက်၍ PDF တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကြောင်း India Today NEက သတင်းမှား​ဖော်ပြခဲ့ပြီးနောက် ပြန်ဖြုတ်ချသွားသော်လည်းစစ်ကောင်စီဝါဒဖြန့်ချိရေးမီဒီယာများက အဆိုပါသတင်းကို ဆက်လက်ဖြန့်ချီနေကြသည်။