close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဗုံးကြဲ၍ ​မော်ချီးတွင် ပြည်သူ ၇ ဦး​သေ ၊ ၄၀ ​ကျော်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသကိုစစ်ကောင်စီက ​ယ​နေ့ နံနက်ပိုင်းတွင် လေ ကြောင်းမှ ဗုံးကြဲရာ ခဲလုပ်သားခုနှစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄၀ ကျော်ဒဏ်ရာရခဲ့သည်။

ဇွန်-၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသကိုစစ်ကောင်စီက ​ယ​နေ့ နံနက်ပိုင်းတွင် လေ ကြောင်းမှ ဗုံးကြဲရာ ခဲလုပ်သားခုနှစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄၀ ကျော်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက ဇွန် ၂၅ ရက်နံနက် ၁၁ နာရီဝန်းကျင်တွင် ​မော်ချီး​ဒေသမှလူနေထူထပ်သည့် တောင်ပေါ်ခဲလုပ်ကွက်​ပေါ်သို့ ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးများခဲ့ရခြင်းဟု ဒေသတွင်းကူညီနေသူအချို့က ​ပြောသည်။

“ခဲကျင်း နဲ့ ကုန်စုံဆိုင်ပေါ်ကျတော့ အထိအခိုက်များခဲ့တယ်။တိုက်ပွဲဖြစ်နေတာကဖားဆောင်းဘက်။လာကြဲတာက မော်ချီး။ခဲကျင်းဝင်နေကြတဲ့အချိန် ၊အလုပ်တွေလုပ်နေကြတဲ့အချိန်ဆိုတော့ အထိ အခိုက်များတယ်”ဟု ဖားဆောင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို ဗုံးကြဲခြင်းမဟုတ်ဘဲ ပြည်သူများနေထိုင်ရာနေရာကို အကြောင်းမဲ့တိုက်ခိုက်ခြင်းဟု ကရင်နီစစ်ရှောင် အရေးကူညီနေသူတစ်ဦးကလည်း​ပြောသည်။

“ဂျက်ဖိုက်တာတွေကရင်နီ(ကယား)ဖက်ကို တောက်လျှောက်လာနေတာမို့ ပြည်သူများစစ်ဘေးရှောင်များလေယာဉ်သံနားစွင့် ဂရုပြုနေထိုင်ကြဖို့ သတိပေးပါရစေ”ဟု ၎င်းကပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သူများ၏ နောက်ဆက်တွဲအခြေအနေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ယခုတိုက်ခိုက်မှုအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း မော်ချီးဒေသကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။ထိုသို့တိုက်ခိုက်မှု​ကြောင့် လသားအရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၂၀ ဦးခန့် သေဆုံးခဲ့ရသည်။

ဖားဆောင်းမြို့တွင်ဇွန် ၂၅ ရက်​နေ့ကတိုက်ပွဲ ဖြစ် ပွားခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်တွင်စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ် ရင်း(၂)ခု ဖြစ်သော ခလရ(၁၃၄) နှင့် ခလရ (၁၃၅)တပ်ရင်းတို့သာသိမ်းပိုက်ရန် ကျန်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ ပြည်သူ ၂၀ဦးထက်မနည်း ထိခိုက်ပြီး သေဆုံးသူများရှိကြောင်း စစ်ရှောင်အရေးကူညီနေသူအချို့က ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းက ကျေးရွာ သုံးရွာကို ဒီနေ့ (ဇွန်လ ၂၂ ရက်) မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအဖ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောနှင့် ပေါက်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲရာ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့သည်။

Trending

Facebook