close
Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ ပြည်သူ ၂၀ဦးထက်မနည်း ထိခိုက်မှုရှိ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ ပြည်သူ ၂၀ဦးထက်မနည်း ထိခိုက်ပြီး သေဆုံးသူများရှိကြောင်း စစ်ရှောင်အရေးကူညီနေသူအချို့က ပြောသည်။

ဇွန်-၂၅၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ ပြည်သူ ၂၀ဦးထက်မနည်း ထိခိုက်ပြီး သေဆုံးသူများရှိကြောင်း စစ်ရှောင်အရေးကူညီနေသူအချို့က ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင် မော်ချီးဒေသ တောင်ပေါ်ရွာကို ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

“ခဲကျင်းနဲ့ ကုန်စုံဆိုင်ပေါ်ကျတော့ အထိအခိုက်များခဲ့တယ်။ တိုက်ပွဲဖြစ်နေတာက ဖားဆောင်းဖက်။ လာကြဲတာက မော်ချီး။ ခဲကျင်းဝင်နေကြတဲ့အချိန်၊ အလုပ်တွေလုပ်နေကြတဲ့အချိန်ဆိုတော့ အထိ အခိုက်များတယ်”ဟု ဖားဆောင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည့်နေရာကို ဗုံးကြဲခြင်းမဟုတ်ဘဲ ပြည်သူများနေထိုင်ရာနေရာကို အကြောင်းမဲ့တိုက်ခိုက်ခြင်းဟု ကရင်နီစစ်ရှောင် အရေးကူညီနေသူတစ်ဦးက အသိပေးသည်။

“ဂျက်ဖိုက်တာတွေ ကရင်နီ(ကယား)ဖက်ကို တောက်လျှောက်လာနေတာမို့ ပြည်သူများ စစ်ဘေးရှောင်များ လေယာဉ်သံနားစွင့် ဂရုပြုနေထိုင်ကြဖို့ သတိပေးပါရစေ”ဟု ၎င်းက ပြောသည်။

ယနေ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သူများ၏ နောက်ဆက်တွဲအခြေအနေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ယခုတိုက်ခိုက်မှုအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း မော်ချီးဒေသကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ထက်မနည်း ပြုလုပ်ထားကာ လသားအရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၁၃ဦး သေဆုံးခဲ့ရသည်။

ယနေ့နံနက်ပိုင်းတွင် ဖားဆောင်းမြို့၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်တွင် စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ်ရင်း(၂)ခု ဖြစ်သော ခလရ(၁၃၄)နှင့် ခလရ (၁၃၅)တပ်ရင်းသာ ကျန်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

Trending

Facebook