close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး PDF ရဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့ မန္တလေး PDFက ဒီကနေ့ဇွန်လ (၂၅)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကွန်မန်ဒိုသင်တန်းဆင်းပွဲတွင် သင်တန်းသားများအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

ဇွန်-၂၅၊၂၀၂၅။People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့ မန္တလေး PDFက ဒီကနေ့ဇွန်လ (၂၅)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)မှာအထူးတိုက်ခိုက်ရေး ၊ကြံ့ခိုင်မှု ၊စစ်နည်းဗျူဟာတွေနဲ့ နိုင်ငံရေးသင်ခန်းစာတွေကို စနစ်တကျ လေ့ကျင့်သင်ကြားခဲ့ပြီး အချိန်(၃)လကျော်ခန့် ကြာမြင့်ခဲ့တယ်လို့ မန္တလေး PDFက အသိပေးပါတယ်။

မန္တလေး PDF က ထုတ်ပြန်တဲ့ သင်တန်းဆင်းပွဲမှာ သင်တန်းသား တစ်ရာနီးပါး ပါဝင်တာကို တွေ့ရပြီး ပြီးခဲ့တဲ့ ဇွန်လ(၂၁)ရက်နေ့က အခမ်းအနားကျင်းပခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်ရေး တာဝန်ဝတ္တရားတွေကို ဦးလည်မသုန် သယ်ပိုးထမ်းရွက်လျက်ရှိတယ်လို့ မန္တလေးPDFရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တ​လေး PDF ဟာ မဟာမိတ်တပ်ဖွဲ့​တွေနဲ့အတူစဥ့်ကူး ၊​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ​တွေကို ​အောင်မြင်စွာဆင်နွှဲခဲ့သလို မတ္တရာမြို့နယ် အ​ရှေ့ပိုင်းမှာကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။စစ်​ကောင်စီတပ်က မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို ပြန်သိမ်းပိုက်ထိန်းချုပ်

ဖို့ ကြိုးစား​နေပြီး စစ်​ကြောင်း​တွေထိုးလာတာ​ကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းက​နေ အခုချိန်ထိတိုက်ပွဲ​တွေ ပြင်းထန်​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

လပခ က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုပဲ မရမချင်းတိုက်ရမယ်လို့အမိန့်ပေးထားဟုဆို

သတင်း

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

သတင်း

မန္တလေး PDF ထဲစစ်ကောင်စီစေလွှတ်ခဲ့တဲ့ အမျိုးသမီးတွေပါ ပါဝင်တဲ့ ဒလန်သူလျှိူ (၇)ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ်(၇၀၃)(ခမရ−၇၀၃)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။

Trending

Facebook