close
Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်နေဟု မန္တလေး PDF ပြော

မန္တလေး PDF က သိမ်းပိုက်ထားသော စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

စဥ့်ကူးနှင့်သပိတ်ကျင်းဒေသခံများနှင့် မန္တလေး PDFရဲဘော်များ တွေ့ဆုံနေစဥ်။ဓာတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

မန္တလေး PDF က သိမ်းပိုက်ထားသော စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၎င်းတို့ သိမ်းပိုက်ထားသည့် စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့ရှိ ပြည်သူများနှင့် သွားရောက်တွေ့​ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများအား လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းစဥ်များ ရှင်းလင်းခြင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေများအား မျှဝေခြင်း၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီသိမ်းယူထားတဲ့နယ်မြေတွေမှာ ဒေသတည်ငြိမ်ရေး နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကို အကောင်အထည်ဖော်တာတွေ ရှိနေပါပြီ။ ကျွန်တော်တို့တဆင့်ချင်း လုပ်ဆောင်နေပါတယ်။”ဟု ကိုအော်စမွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များသည် စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးကို ဇူလိုင် ၁၇ ရက်တွင်လည်းကောင်း၊ သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင်လည်းကောင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနီးတွင် အင်အားအသင့်အတင့်ရှိ​မြေငလျင် ငလျင်လှုပ်ခတ်သွားကြောင်း​ဒေသခံများက​ပြောသည်။

သတင်း

လုပ်ငန်းကော်မတီဖွဲ့စည်းမှုအပေါ် NUG ဝန်ကြီးချုပ်ဂုဏ်ပြုသဝဏ်လွှာပေးပို့

သတင်း

မန္တ​လေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာအား ဆန်အိတ် အပိုင်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ မတည်လှူဒါန်းပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(အောက်တိုဘာ၉ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Facebook