close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာနေသည့် ဒေသအချို့ မုန်တိုင်းအန္တရာယ် NUG သတိပေး

မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ခုနစ်ခု မိုးကြီးနိုင်ပြီး ရန်ကုန်တိုင်းတွင်လည်း မိုးဆက်ရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးချက်ထုတ်ပြန်သည်။

လူအေး/People’s Spring

မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ခုနစ်ခု မိုးကြီးနိုင်ပြီး ရန်ကုန်တိုင်းတွင်လည်း မိုးဆက်ရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးချက်ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ယမန်နေ့(အောက်တိုဘာလ ၂၁ရက်)က ဖြစ်ခဲ့သောလေဖိအားနည်းရပ်ဝန်းသည်ယနေ့(အောက်တိုဘာလ ၂၂ရက်)၌ အပူပိုင်းမုန်တိုင်းငယ်ဖြစ်လာပြီး လာမည့် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ပိုမိုအားကောင်းနိုင်သည်ဟု MOHADMက ခန့်မှန်းထားသည်။ ယင်းမုန်တိုင်းသည် အောက်တိုဘာလ ၂၅ရက်တွင် အိန္ဒိယကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း၌ တနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့၌ နေရာကွက်၍မိုးကြီးပြီး ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။ မိုးကြီးမည်ဟု သတိပေးထားသည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊မန္တလေးတိုင်းတို့မှ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့်မိုးသည်းထန်ခြင်း၊လေပြင်းတိုက်ခတ်ခြင်းနှင့် ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် ကမ်းနီးကမ်းဝေးရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်းMOHADM က အကြုံပြထားသည်။

ထို့အပြင် မိုးကြီးခြင်းကြောင့် မြို့ပြဒေသများတွင် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် လုံခြုံသည့်နေရာများတွင် သတိပြု နေထိုင်နိုင်ကြပါရန် သတိပေးထားသည်။

​အောက်တိုဘာ ၂၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းစဉ် လေပြင်းတိုက်ခတ်ရာ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တို့တွင် နေအိမ်အချို့ ပျက်စီးခဲ့သည်။

ရန်ကုန်မြို့တွင်လည်း ရက်ဆက်မိုးသည်ထန်းစွာရွာသွန်း​သော​ကြောင့် ​ရပ်ကွက်အချို့​ရေကြီးခဲ့ပြီး ကားလမ်း​ရေ​ကျော်သဖြင့် ယာဥ်ပိတ်ဆို့မှုများဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

Facebook