close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်ခေါင်းဆောင်ဟာ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့တာလို့ သေမှုသေခင်း ဆရာဝန်ပြော

ဟားမားစ် ပြောက်ကျားခေါင်းဆောင် ယာဟ်ယာ ဆင်ဝါဟာ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့တာလို့ အစ္စရေး သေမှုသေခင်းစစ် ဆရာဝန်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျားခေါင်းဆောင် ယာဟ်ယာ ဆင်ဝါဟာ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့တာလို့ အစ္စရေး သေမှုသေခင်းစစ် ဆရာဝန်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အစ္စရေး စစ်သားတွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှု တစ်ခုအတွင်း အခုသီတင်းပတ်ထဲမှာ ဆင်ဝါကို အသေဖမ်းမိခဲ့တယ်လို့ အစ္စရေး စစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

IDFဟာ ဆင်ဝါရဲ့ အလောင်းကို ယူဆောင်လာပြီး DNA စစ်ဆေး အတည်ပြုချက်တွေပါ ရယူခဲ့ပါတယ်။ ဆင်ဝါဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့တုန်းက အစ္စရေး နယ်စပ်ကို အငိုက်ဖမ်း စီးနင်းပြီး ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဟားမားစ် စစ်ဆင်ရေးကို အဓိက ကြိုးကိုင်သူလို့ ယုံကြည်ရပြီး အစ္စရေးရဲ့ အလိုအရှိဆုံး ပစ်မှတ်ထား ခံရသူလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆင်ဝါရဲ့ အလောင်းကို စစ်ဆေးခဲ့တဲ့ ဒေါက်တာ ချန်ကူဂယ်လ်က New York Times သတင်းစာရဲ့ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားရာမှာ ဆင်ဝါဟာ ဒုံးကျည်၊ ဒါမှမဟုတ် တင့်ကား အမြောက်ဆန်ရဲ့ ဒုံးကျည် အစအန ထိမှန်ထားလို့ လက်မှာ အပြင်းအထန် ဒဏ်ရာရထားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ဆင်ဝါဟာ သူ့လက်မောင်းကို ဝါယာကြိုးတစ်စနဲ့ တင်းတင်းချည်ပြီး သွေးတိတ်အောင် ကြိုးစားထားခဲ့ပေမယ့် မအောင်မြင်ဘူးလို့ ဒေါက်တာ ကူဂယ်လ်က ဆိုပါတယ်။ သူက ဆင်ဝါ သေဆုံးမှု အကြောင်းရင်းဟာ ဦးခေါင်းမှာ ကျည်ထိမှန်တာကြောင့်လို့ ပြောသွားပေမယ့် IDFက ပစ်ခတ်တာလား၊ ဆင်ဝါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလား ဆိုတာကိုတော့ အတိအကျ မှတ်ချက်ပေးမသွားပါဘူး။

ဒီအတောအတွင်း IDFက ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဆင်ဝါရဲ့ နောက်ဆုံးအချိန် အခိုက်အတန့် ဗီဒီယိုကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။ စစ်ပွဲဒဏ်ကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံ တစ်ခုထဲက ခုံတစ်လုံးပေါ်မှာ ဖုံအလူးလူးပေကျံပြီး ဒဏ်ရာရထားသူ တစ်ယောက်က ထိုင်နေရင်း ဒရုန်းကို တုတ်တစ်ချောင်းနဲ့ လှမ်းပေါက်ခဲ့တာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ ဆင်ဝါ တည်ရှိတဲ့ နေရာကို အတည်ပြုနိုင်ခဲ့တဲ့နောက် IDF အဲဒီအဆောက်အအုံကို အမြောက်နဲ့ ထပ်ပစ်ပြီး ဖြိုချပစ်ခဲ့တယ်လို့ ဆိုပါတယ်။

IDFရဲ့ အဆိုအရ ဆင်ဝါနဲ့ နောက်လိုက်နောက်ပါတွေဟာ အစ္စရေး စစ်သားတွေ လိုက်လံဖမ်းဆီးခြင်း ခံရတဲ့အချိန်မှာ လူစုခွဲပြီး ထွက်ပြေးခဲ့ကြပေမယ့် ဆင်ဝါက ဒဏ်ရာရပြီး အဆောက်အအုံထဲမှာ ပိတ်မိသွားခဲ့တာလို့ သိရပါတယ်။

ဆင်ဝါကို အထူးစစ်ဆင်ရေး တစ်ခု ဆင်နွှဲပြီး ဖမ်းဆီးခဲ့တာမျိုး မဟုတ်ဘဲ အောက်တိုဘာ ၁၆ ရက်နေ့တုန်းက ဂါဇာတောင်ပိုင်း၊ ရာဖာဟ်မြို့ထဲမှာ ပုံမှန် ကင်းလှည့်နေတဲ့ အမှတ် ၈၂၈ တပ်မဟာ လက်အောက်ခံ တပ်ဖွဲ့တွေက ရှာတွေ့ခဲ့တာလို့ IDFက ဆိုပါတယ်။

IDF အရာရှိ တချို့ကလည်း အဲဒီနေရာတဝိုက်မှာ ဆင်ဝါရှိနေခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းမျိုး လုံးဝ ကြိုရမထားခဲ့ကြောင်း ဝန်ခံပါတယ်။

ဆင်ဝါဟာ ဂါဇာအခြေစိုက် ဟားမားစ် စစ်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်နေခဲ့ရာကနေ ဩဂုတ်လမှာ ဟားမားစ် အဖွဲ့ခွဲ အားလုံးက တင်မြှောက်တဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။ သူသေဆုံးမှုဟာ အစ္စရေးနဲ့ တစ်နှစ်ကျော်ကြာ စစ်ခင်း တိုက်ခိုက်နေတဲ့ ဟားမားစ်တွေအတွက် အစားထိုးဖို့ ခက်တဲ့ ဆုံးရှုံးမှုမျိုးလို့လည်း စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟားမားစ်ခေါင်းဆောင် လုပ်ကြံခံရတဲ့ ကိစ္စမှာ အမေရိကန် လုံးဝ မပတ်သက်သလို ကြိုတင် သိထားတာလည်း မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

တဟီရန်မြို့တော်က လေကြောင်းတိုက်ခိုက်မှု တစ်ခုမှာ ဟာနီယာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ်က ထုတ်ပြန်ခဲ့ပါတယ်။

Facebook