People’s Spring/ The Red Flag
နေပြည်တော်၊ တပ်ကုန်းမြို့က ချောင်းခြားကျေးရွာမှာ ရေဘေးအလှု အစားအသောက်ကို စားသုံးမိရာကနေ ရွာသူ၊ရွာသားတွေ အစာအဆိပ်သင့်ကြတာဟာ သံဃာတော်တွေကို ဆဲဆိုတာ၊ တော်လှန်ရေးကို အားပေးတာ ကြောင့် ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် ရန်သူလှုပ်ရှားမှုသတင်းများ တယ်လီဂရမ် ချန်နယ် က စက်တင်ဘာ ၁၉ ရက်က ဖြန့် ဝေပါတယ်။
ချောင်းခြားရွာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကို ထောက်ခံတဲ့ ရွာကြီးဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က ထမိန်တွေကိုရွာလမ်းတွေမှာ အလံထူတာ၊သံဃာတော်တွေကို ဆဲရေး တိုင်းထွာတာကို လုပ်ခဲ့တဲ့ ရွာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Public Service Announcement
“မကောင်းမှု ကံရဲ့ အကျိုးတွေက နောက်က ထပ်ချပ်လိုက်လာတယ်၊ ရေကြီးတယ်၊ ဒီရွာ အဆိုးဆုံးခံရတယ်၊ ဟော ရေဘေးကိစ္စမပြီးသေးဘူး အစာအဆိပ်သင့်တယ်ဆိုတဲ့ ကြမ္မာဆိုးကြီးပါ ထပ်ဖြစ်တယ်၊ ဒါတွေဟာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေ အကျိုးပေးတာပါပဲ” လို့ စစ်တပ်ဝါဒဖြန့် ချန်နယ်က ရေးသားထားတာပါ။
စစ်တပ်ဝါဒဖြန့် ချန်နယ်ရဲ့ ဖြန့်ဝေပုံကို အောက်ပါ တယ်လီဂရမ်ချန်နယ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဒီနေ့ စက်တင်ဘာလ ၂၃ ရက်အထိ စစ်တပ်ဝါဒဖြန့်ချန်နယ်ရဲ့ ဖြန့်ဝေချက်ကို တယ်လီဂရမ်သုံးစွဲသူ ၃၇,၀၀၀ ကျော်တွေ့ရှိထားပြီးပါပြီ။
https://archive.ph/0VluZ (Archive Link)
စိစစ်ချက်
အဲဒီဖြန့်ဝေချက်ကို Myanmar Fact-Checking Network – MFCN အဖွဲ့ဝင် People’s Spring သတင်းဌာနက စိစစ်ရာ ချောင်းခြားရွာမှာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ် က ဖြန့်ဝေသလို အစာဆိပ်သင့်ရတဲ့အကြောင်းရင်းကတော့ မှားယွင်းနေတာစိစစ်တွေ့ရပါတယ်။
ချောင်းခြားရွာမှာ စက်တင်ဘာလ ၁၇ ရက် ညနေပိုင်း က ကလေးတွေ အပါအဝင် ရွာသူ၊ရွာသားတွေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တာပါ။
ဘီဘီစီမြန်မာပိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ ချောင်းခြားရွာမှာ အစာအဆိပ်သင့်မှုဖြစ်ပွားရတာဟာ ရေဘေးကယ်ဆယ်ရေးအတွက် လှုဒါန်းတဲ့ ဒံပေါက်ကို စားသုံးမိသူတွေ အစာအဆိပ်သင့်ကြတာလို့ ဒေသခံတွေရဲ့ ပြောပြချက်ကိုကိုးကားပြီးဖော်ပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်းသတင်းဌာနရဲ့ သတင်းဖော်ပြချက်ကို အခုလင့်ခ်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။https://www.facebook.com/BBCnewsBurmese/posts/961895295983134
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဌာန (MOI) ကလည်း အစာအဆိပ်သင့်ရတဲ့အကြောင်းရင်းဟာ အလှုရှင်တွေ လာရောက်လှုဒါန်းတဲ့ ကြက်သားဒံပေါက်၊ ကြက်သား အာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်တွေကို စားသုံးမိပြီး ဖြစ်ကြတာလို့ သတင်းဖော်ပြထားပါတယ်။
အစာအဆိပ်သင့်တဲ့ လူနာတွေအနက် တပ်ကုန်းဆေးရုံမှာ ပြင်ပလူနာ ၅၀ ဦီး၊ အတွင်းလူနာ ၅၆ ဦး၊ နေပြည်တော် ဆေးရုံမှာ အတွင်းလူနာ ၄ ဦး၊ နေပြည်တော် ကလေးဆေးရုံမှာ အတွင်းလူနာ ၅ ဦး စုစုပေါင်း ၁၁၅ ဦီး ဆေးရုံတက် ရတယ်လို့ MOI က စာရင်းဖော်ပြပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဌာန MOI ရဲ့ သတင်းထုတ်ပြန်ချက်ကို အောက်ပါ တယ်လီဂရမ် ချန်နယ်လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ https://archive.ph/6UOaU (Archive Link)
သုံးသပ်ချက်
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်ရဲ့ ဖြန့်ဝေချက်ဟာ အစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းကိုဖုံးကွယ်ပြီး အဖြစ်မှန်ကို ပုံဖျက်ကာ လိုရာဆွဲ ဝါဒဖြန့်တာတွေ့ရပါတယ်။
အခု လို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေတဲ့ People’s Spring သတင်းဌာနကို ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
အခြားသော Myanmar Fact-Checking Network အဖွဲ့ဝင်သတင်းဌာနတွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website – https://myanmarfactcheckingnetwork.org/
Facebook – https://www.facebook.com/myanmarfactcheckingnetwork
