close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“အောင်ပွဲခံရမယ့် လမ်းကို ချိုးရမယ့် အချိုးအကွေ့တစ်ခုကိုရောက်လာပြီ”

KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနဲ့ ​မေးမြန်းခန်း (ဒုတိယပိုင်း)

ကရင်အမျိုးသားအစည်းအရုံး​(KNU)ပြော​ရေးဆိုခွင့်ရှိသူလည်းဖြစ် ၊KNU နိုင်ငံခြား​ရေးဌာန တာဝန်ခံလည်းဖြစ်တဲ့ ပဒို​စော​တောနီး ကို လူထု​နွေဦး (People’s Spring )သတင်းဌာနက ​အောင်တိုဘာ ၁၇ ရက်​နေ့မှာ လက်ရှိနိုင်ငံ​ရေး ၊စစ်​ရေးအ​ခြေအ​နေ​တွေနဲ့ပတ်သက်ပြီး​မေးမြန်းခဲ့ပါတယ် ။​ သည်မေးမြန်းခန်း ဒုတိယပိုင်းမှာ နိုင်ငံတကာက မြန်မာ့အ​ရေးကို​တွေ့ဆုံ​​ဆွေး​နွေးဖို့ဖိအား​ပေးတာ ၊စစ်​ကောင်စီက ​တော်လှန်​ရေးတပ်​တွေ ထိန်းချုပ်ထားတဲ့​ဒေသက စစ်​ဘေး​ရေ​ဘေးသင့်ပြည်သူ​တွေကို ကုလသမဂ္ဂ​အေဂျင်စီ​တွေကို ကူညီခွင့်မ​ပေးတာ ၊စစ်​ကောင်စီကသန်း​ခေါင်းစာရင်း​ကောက်ပြီး နိုင်ငံ​​ရေးထွက်​ပေါက်ရဖို့ ၂၀၂၅ မှာ​ရွေး​ကောက်ပွဲလုပ်ဖို့ပြင်ဆင်​နေတဲ့အ​ပေါ် ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ ​ချေဖျက်မယ့်ဗျူဟာ စတာ​တွေကိုလူထု​နွေဦးက ​မေးမြန်းထားပါတယ်။

-နေ့သစ်/ People’s Spring

​မေး- အခုဆိုရင်ဒေသပေါင်းစုံမှာ တော်လှန်ရေးတပ်တွေက စိုးမိုးနယ်မြေ‌ တွေ ပိုပိုများလာတာကိုတွေ့တယ်။ မြို့တွေသိမ်းတာရော။စိုးမိုးနယ်မြေဆို အဲဒီ့ထက်ပိုများတယ်။ KNU ‌ဆိုရင်လည်းမသိမ်းသာမသိမ်းတာပတ်လည်ဝိုင်းပိတ်ဆို့ထားတာ တွေ​တော်​တော်များလာတယ်။ ပြည်သူတွေရဲ့ ဆန္ဒ နဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်ဖြုတ်ချရေးဆိုပြီးသွားပေမယ့် ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာရော နိုင်ငံတကာက ကြတော့သက်ဆိုင်ရာသူတွေအားလုံးတွေ့ဆုံ ပြီးဆွေးနွေးကြပါဆိုပြီးတော့ဖိအားပေးနေတာလည်းသတိထားမိပါတယ်။ ဒီအ​ခြေအ​နေ​တွေအ​ပေါ်ပြည်သူတွေကိုရှင်းပြပေးပါဦး။

​ဖြေ- အဲဒီ့နိုင်ငံတကာကဆိုတဲ့သူတွေ အထူးသဖြင့် ကျွန်တော်တို့ဘေးနားမှာရှိနေတဲ့ နိုင်ငံတွေ ကရော ၊ဒေသမှာရှိတဲ့အစိုးရအဖွဲ့အစည်းတွေကရော တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံကြီးတွေက ရော ပါဝါကရှိတဲ့ နိုင်ငံကြီးတွေကရော အကုန်လုံးကဆွေးနွေးပါလို့ပဲပြောတယ်။ အရှေ့ကရော အနောက်ကရော ဘေးနားကရော အဲဒီလိုပဲပြောတယ်။ သူတို့လိုချင်တာက အဲဒီ့စစ်ကောင်စီကထိုင်ပြီးတော့ စကားပြောပြီးတော့ ဒီအပြောင်းအလဲကို အုပ်ချုပ်သူအပြောင်းအလဲဆိုရပြီလို့သူတို့တွက်နေတာ။ ဒါပေမယ့် အဲဒါကအလုပ်မဖြစ်တော့ဘူး။ ဒါကလုံးဝကျော်လွန်သွားပြီ။ ကျွန်တော်တို့လိုချင်တာက ဒီအုပ်ချုပ်သူပြောင်းလဲတာထက် တကယ့်စနစ်ကိုအကုန်‌ပြောင်းပစ်ရမယ်။ ဒီလိုဖြစ်လာဖို့အတွက်ဆိုရင်‌ တော့‌ ခင်ဗျားတို့ပြောနေတဲ့ဆွေးနွေးပါနဲ့ မလုံလောက် တော့ဘူး။ဘာလုပ်ရမလဲဆိုတော့ စစ်တပ်က နိုင်ငံရေးကလုံးဝစွန့်ခွာ ။ ဘယ်နေရာမှ ဝင်မစွက်ဖက်တော့နဲ့။ စီးပွားရေးမှာလည်း ဝင်မရှုပ်တော့နဲ့၊ အုပ်ချုပ်ရေးမှာ သွားမရှုပ်တော့နဲ့ ။ စစ်တပ်က စစ်တပ်နဲ့တူအောင်ပြုပြင်ပြောင်းလဲမယ်။ အဲဒီ့စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်မှာပြန်‌နေ ။အဲဒါတစ်လက်ခံ။ ဒုတိယတစ်ခုကကျွန်တော်တို့တိုင်းပြည်မှာ ၂၀၀၈ ကိုလာပြောမနေနဲ့တော့ ။ ဘာမှမဆိုင်တော့ဘူး။ ကျွန်တော်တို့သွားမှာက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှာဖြစ်တဲ့အတွက် အဲဒီ့အတွက်လိုအပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ကျွန်တော်တို့ရေးဆွဲရ တော့မယ်။ အကြမ်းတွေကရှိပြီးသား။ဒါပေမယ့်သေချာခေါင်းချင်းဆိုင်ပြီး‌ ရေးဆွဲ။ အဲဒါခင်ဗျားလက်ခံ၊ ဒါကဒုတိယအချက် ။တတိယအချက်က ခင်ဗျား(စစ်​​ကောင်စီ) ကို ဘယ်တော့မှ ကင်းလွတ်ခွင့်မပေးနိုင်ဘူး။ ခင်ဗျားသတ်တာဖြတ်တာတွေကများနေပြီ။ ဒါ ဘယ်လိုမှ သည်းခံခွင့်လွှတ်လို့မရဘူး။အဲဒီ့သုံးချက်ကိုခင်ဗျားတာဝန်ခံရမယ်။ ခင်ဗျားတာဝန်မခံဘူးဆိုရင်တော့ စကားပြောပါ ပြောပါပြောလည်း ဘယ်သူကလာပြော ဟိုမိုးပေါ်ကသိကြားမင်းဆင်းလာပြောလည်း ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။

Public Service Announcement

Public Service Announcement

ကျွန်တော်တို့လိုချင်တာ အထူးသဖြင့်ပြောတာ စစ်တပ် ။စစ်တပ်က အဲဒီ့သုံးချက်ကိုလက်ခံပြီဆိုရင် ဆွေးနွေးပွဲ ဆိုတာစပြီးစဉ်းစားတော့မယ်။ ဒါပေမယ့် လက်ခံတဲ့အချိန်မှာအဲဒိ့သုံးချက်ကအရေးကြီးတယ် ။ နိုင်ငံရေးမှာ သူမပါတော့ဘူး။ဝင်ရှုပ်လို့မရတော့ဘူး။သူကစစ်တပ်ရိုးရိုးပဲဖြစ်ရမယ်။

ပြုပြင်ပြောင်းလဲလုပ်ပစ်လိုက်မယ်။ စစ်တပ်ကစစ်တပ် နဲ့တူအောင်လုပ်လိုက်မယ်။နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွန်‌ တော်တို့ဆွဲတဲ့အကြမ်းထည်ရှိပြီးသား ၊နောက်ဆုံးအချက်က‌‌ တော့ခင်ဗျားတို့လုပ်ခဲ့တာတွေ ခင်ဗျားတို့အကုန်လုံးတန်ဖိုးထားတာ တွေ သွားစရာရှိလည်းသွား ၊ခုံရုံး တတ်စရာရှိတာသွား ၊ ကျွန်‌ တော်တို့က အကုန်လုံးလုပ် တော့မယ်။ပေါ်တင်ပဲပြောတော့မယ် အဲဒီ့သုံးခု‌သူတို့ လက်ခံရင် ဆွေးနွေးပွဲစမယ်‌ဆိုတာ ပြည်သူလူထုက ဘာမှ‌ ကြောက်မနေနဲ့ ။အဲဒီ့သုံးချက်လက်ခံရင် သူတို့လက်နက်ချတာနဲ့အတူတူပဲ။ အဲဒါကြောင့် ဘာမှစိုးရိမ်မ နေနဲ့ ။ လက်နက်ချတာကိုသူတို့လက်မခံလည်း ကျွန်တော်တို့ဆက်လုပ်သွားမှာပဲ။ ကမ္ဘာကြီးအခြေအနေကပြောင်းလဲနေပြီ။ ဒါသူလက်ခံဖို့လိုတယ်။ဒီဟာကိုပဲ ခေါင်းမာမာနဲ့ ဆက်ပြီး‌ တော့မိုက်နေမယ်ဆိုရင်ကျွန်တော်တို့ကတော့ ဆက်လုပ်သွားမှာ။ ကျွန်တော်တို့ကတော့ နှစ် ၇၀ ကျော်ကြံ့ခံလာတဲ့အပေါ်မှာ ဘယ်သူတွေဖိအားပေးပေးဒီလိုအထိ ကြံ့ခံလာတဲ့အပေါ်မှာဘာမှတွေဝေစရာအ‌ ကြောင်းမရှိဘူး။ ဆွေးနွေးလည်းဆွေးနွေးခဲ့ပြီးပြီ ။ ဘာမှမထူးဘူး။ ဒီလူတွေက သူခိုးကျင့်သူခိုးကြံနဲ့ ။ဒီလူတွေလူထုအပေါ်မှာတောက်လျှောက် ဗိုလ်ကျစိုးမိုးပြီး သည်းမခံတာတွေပဲလုပ်တော့ ကျွန်တော်တို့ ဘယ်လိုမှသည်းခံမရတော့ဘူး။အဲဒါကြောင့်မိုလို့ တိုင်းသစ်ပြည်သစ်စနစ်သစ်နဲ့ပဲသွားစရာရှိတာသွားတော့မယ်။ခင်ဗျားတို့မလိုက်ချင် ဘိုင့်ဘိုင့်လို့ ဒီကနေပြောလိုက်မယ်။

​မေး- ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းလက်ရှိစစ်ရေးအခြေအနေကိုရောဘယ်လိုသုံးသပ်မိလဲ။

​​ဖြေ- ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်းပြည်က တော်လှန်ရေးက ၁၉၄၈ ၊၄၉ ကတည်းကစခဲ့တဲ့ တော်လှန်ရေးဖြစ်တယ်။ အဲဒီ့နှစ် ၇၀ ၊ ၈၀ နီးပါးတော်လှန်ရေးကို ချေမှုန်းချင်တာက နိုင်ငံတကာရဲ့ အကူအညီယူပြီးအစိုးရချင်းတွေကလည်း ကိုယ့်ဟာကိုယ်တစ်ခါတည်းထောက်ပံ့ပြီးတော့ ကျွန်‌ တော်တို့ တော်လှန်‌ ရေးကို ဖြိုချတာ နှစ် ၈၀ လောက်ရှိတယ်။ ကျွန်တော်တို့ ဘယ်နိုင်ငံကမှ အကူအညီမရဘူး။ ဘယ်သူဆီမှလည်း အကူမရဘူး။ ဒါပေမယ့် ကျွန်တော်တို့ မှာ ကျွန်တော်တို့အုပ်ချုပ်နယ်မြေအတွင်းကလူထုရဲ့ ထောက်ခံမှုရတယ်။ အဲဒီ့လူထုနဲ့ပဲပဲဆက်ရှင်တာ။ဆက် အသက်ရှင်တယ်။ နှစ် ၈၀ နားကပ်လာပြီ။ ကျွန်တော်တို့မှာ ယှဉ်ပြောရင် အခုစစ်ရေးဖြစ်ပေါ်လာပုံက ဒီလိုအခြေအ နေမျိုးဖြစ်လာအောင်‌ ‌ကျွန်‌ တော်တို့ ၇၅ နှစ် ၇၆ နှစ်အထိ စောင့်ခဲ့ရတာ။ စိတ်ရှည်သည်းခံစွာ နဲ့ပဲစောင့်စားလာခဲ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တော်လှန်ရေးစတာ ကျွန်တော်တို့ ကရင်တစ်ဖွဲ့တည်းစတာလို့ပြောလို့ရတယ်။ တခြားအဖွဲ့တွေရှိသေးတယ်။ဒါပေမယ့် အဲဒီ့စတဲ့အချိန်က အဲဒီ့အဖွဲ့တွေ တစ်ဖွဲ့မှမရှိတော့ဘူး။ဘာပဲဖြစ်ဖြစ် ကျွန်တော်စပြီးတဲ့နောက်ပိုင်းတခြားလူမျိုးစုတွေလိုက်လာတယ်။ တခြားတိုင်းရင်းသားလူမျိုး‌စု‌ တွေ တစ််ဖွဲ့ပြီးတစ်ဖွဲ့‌လိုက်လာတယ်။ နောက်ဆုံး ၂၀၂၁နောက်ပိုင်း မှာဆိုရင်တော့ လူဦးရေအများဆုံးဖြစ်တဲ့ မြန်မာလူမျိုးတွေ လိုက်ချလာတယ်။ ဒါကရှင်းရှင်းလေးပဲ။ အဲဒါကြောင့် ကျွန်‌ တော်ပြောချင်တာ သစ်ပင်တစ်ပင်နဲ့ နှိုင်းရရင် အဲဒီ့သစ်ပင်က ဖြိုချနိုင်ဖို့အတွက်အရေးကြီးဆုံးကရေသောက်မြစ်ပဲ။ပထမဦးဆုံးက ကျွန်‌ တော်တို့‌ ကရင်တွေ ကချင်တွေ ချင်းတွေ ဘာ တွေညာတွေ နောက်ဆုံးက ရခိုင်တွေ ။ ဒီလူမျိုးစုတွေက အရင်တုန်းက ဗမာ့တပ်မတော်ထဲမှာလူဦးရေတော်တော်များ သား။

ကျွန်တော်တို့လည်း ကြုံတွေ့ခံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့နယ်မြေမှာ စစ်ဆင်ရေးလုပ်တိုင်းကြည့်လိုက်ရင် မြန်မာချည်းပဲမဟုတ်ဘူး။ တခြားလူမျိုးတွေအများကြီးရှိတယ်။ ဒါပေမယ့် အဲဒီ့လူမျိုးစုတွေက တဖြည်းဖြည်းတဖြည်းဖြည်းနဲ့လုံးဝမပါတော့ပဲ ၂၀၂၁ မတိုင်ခင်မှာ မြန်မာသီးသီးပဲကျန်တော့တယ်။ အဲဒီ့စစ်တပ်ထဲမှာ ။ သို့သော် ၂၀၂၁ နောက်ပိုင်းမှာ မြန်မာတွေက သူ့ကိုယ်သူသိလာပြီ ။ ဒီစစ်တပ်က ငါတို့ကို ကိုယ်စားပြုတဲ့ စစ်တပ်မဟုတ်ဘူးဆိုတာ ကောင်းကောင်းသိလာတယ်။ ဘာနဲ့တူလည်းဆိုတော့ သစ်ပင်တစ်ပင်ကသူ့ရဲ့ ရေသောက်မြစ် ကိုခုတ်ဖြတ်လိုက်သလိုပဲဖြစ်သွားတယ်။သူတို့ကစရာရှိတဲ့ အဲဒီ့စစ်သားစုဆောင်းရေးဆိုတာ လုံးမဝလုပ်နိုင်တဲ့အခါ အကြမ်းဖက်နည်းတွေနဲ့ ပြန်ပြီးလုပ်နေရတာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ ကျွန်တော်တို့ ယုံကြည်တယ်။အဲဒီ့စုဆောင်းတာ စစ်သားတွေက ဘာခံယူချက်မှမရှိတော့ ကျွန်တော်တို့နယ်မြေထဲရောက်လာရင်လည်း ကိုးရိုးကားယားတွေဖြစ်ကုန်တယ်။ ကျွန်‌တော်ပြောချင်တာကတော့ စစ်ရေးအခြေအနေက ဘက်ပေါင်းစုံကနေ အကြပ်ကိုင်ခံရတယ် ဆိုပေမယ့်လို့ ဖိအားတွေရှိတယ်ဆိုပေမယ့်လို့ ဘေးနားကပတ်ဝန်းကျင်ကဘယ်လိုပဲဖြစ်ဖြစ် ဒီ နှစ် ၇၀ ကျော်‌‌ ကျော်‌ ဖြတ်လာတဲ့အတွက် ဘယ်လိုဖောက်ထွက်ရမလဲ ကျွန်တ်ောတို့သိတယ်ဗျာ။အဲဒါကြောင့် လူထု ကဘာမှမပူပါနဲ့။ ကျွန်တော် တို့နဲ့လက်ချင်းချိတ်တဲ့အချိန်မှာမြဲမြဲသာကိုင်ထား။အောင်ပွဲက ကျွန်တော်တို့လက်ထဲမှာပဲရှိတယ်။ဒါပဲပြောချင်တယ်။

​မေး- စက်တင်ဘာလထဲမှာ ပြည်တွင်းမှာရှိတဲ့ ကုလသမဂ္ဂ​အေဂျင်စီ​တွေက စစ်​ကောင်စီနဲ့​တွေ့တဲ့အခါ ကရင်နီ ၊ရှမ်းပြည်နယ်​တောင်ပိုင်း၊ကရင်ပြည်နယ် တို့က ​ရေ​ဘေးသင့်ပြည်သူ​တွေကို​ရော ၊​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့​ဒေသ​တွေက စစ်​ရှောင်ပြည်သူ​တွေကို အကူအညီ​ပေးဖို့​ပြောတာကို စစ်​ကောင်စီက ခွင့်မပြုဘူးလို့သိရပါတယ်။ဒီအ​ပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။စစ်​ဘေးသင့်ပြည်သူ​တွေအတွက် နယ်စပ်ဖြတ်​ကျော်အကူအညီ​တွေရဖို့က နီးစပ်ပါပြီလား။

​ဖြေ- သမားရိုးကျနည်းအတိုင်းဆိုရင်တော့ နိုင်ငံအစိုးရတွေက အလုပ်လုပ်တဲ့အခါ လက်ရှိအာဏာကိုင်ထားတဲ့ အစိုးရနဲ့ပဲတက်ဆံတယ်။ ကျွန်တော်တို့ကို ဘယ်တော့မှ မဆက်ဆံဘူး။အဲဒါ‌ ကြောင့် ကျွန်တော် ခဏခဏ သူတို့နဲ့တွေ့တိုင်း အမြဲပြောပြတယ်။ ခင်ဗျားတို့လုပ်နေတဲ့ G to G အစိုးရချင်းအစိုးချင်းဆိုတာက သီအိုရီအရ သဘောထားရေးရာအရတော့မှန်တယ်ဆိုပေမယ့် လက်တွေ့မှာ ဘာမှအလုပ်မဖြစ်တော့ဘူး။ ခင်ဗျားတို့ကြည့်လိုက် အဲဒီ့နယ်မြေထဲမှာ ကျွန်တော်တို့အကုန်လုံးစိုးမိုးထားတယ်။ မြို့ပေါ်ကွက်ကွက်‌ လေးမှာ ကျန်‌ နေတယ်။မြို့ပေါ်ကွက်ကွက်လေးမှာ အုပ်ချုပ်ရေး ကောင်းကောင်းမချနိုင်တဲ့ မြို့တွေက တစ်ပုံချည်းဆိုတော့ ခင်ဗျားတို့ အဲဒီ့လူတွေနဲ့ သွားပြီးဆက်ဆံတာ ဘာမှအဓိပ္ပာယ်မရှိတော့ဘူး။ ဒီဒုက္ခရောက်နေတဲ့လူတွေက ဘာလို့ဒုက္ခရောက်လဲ ။စစ်ကောင်စီကပဲဒုက္ခပေးလို့ ဒုက္ခရောက်နေတာ။သူကိုယ်တိုင်ကဒုက္ခပေးပြီးတော့ လက်နက်ကြီးတွေ လျှောက်ပစ် ဗုံးတွေလျှောက်ကြဲတော့ လူထု‌ တွေက ထွက်ပြေးနေရတာ။ ကျွန်တော်တို့လက်အောက်မှာရှိတဲ့လူထုတွေက ခင်ဗျားတို့ကူညီချင်ရင် ကျွန်တော်တို့နဲ့ စကားပြော ။ကျွန်တော်တို့ကိုစကားမပြောပဲ စစ်ကောင်စီနဲ့သွားပြောတာကဒါ တလွဲကြီးဖြစ်နေတာ ။ ဖြည်းဖြည်းချင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပြောတယ်။ဆိုတယ်။ ပြောပြတယ်။လုပ်လာတဲ့အခါ‌ ‌နောက် ပိုင်းကျ တဖြည်းဖြည်းနားလည်လာတယ်။နားလည်လာတဲ့အပိုင်းတွေ အများကြီးရှိလာပြီ။တခြားကုလသမဂ္ဂဆိုင်ရာက‌ ရော ထိ တွေ့မှုရှိလာတယ်။ ဒါကတော့ ဒီအပိုင်း‌ လောက်အထိပဲပြောလို့ရတယ်။အရင်ကနဲ့ လုံးဝမတူတော့ဘူး။ရှင်းရှင်းပြောရရင်သူတို့သိတယ်။ စစ်ကောင်စီကလည်း ဟန်ကြီးတခွဲသားနဲ့ ကိုင်ထားတာ။ တကယ်တမ်း အရင်းအမြစ်က ပြဿနာကသူပဲလုပ်နေတာ။လူတွေဒုက္ခရောက်အောင်လုပ်ပြီး ငါကကယ်တင်ရှင်ပါ ဆိုပြီးလုပ်‌ပြီး အချိုးမျိုးချိုးနေတာ နိုင်ငံတကာကလည်းသိနေတဲ့အပေါ်မှာ ကျွန်တော်တို့လုပ်နေတဲ့ဟာ တဖြည်းဖြည်း ပြန်ပြီးဝင်လာတယ်။ အဲဒီတော့ ဒီလမ်းကိုဆက်သွားဖို့ပဲလိုတယ်။ ဆက်ပြီးတော့ စည်းရုံးလှုံ့ဆော်မယ်။ဆက်ပြီးတော့ နည်းမှန်လမ်းမှန်နဲ့ ကျွန်‌ တော်တို့ အလုပ်လုပ်နေတာသက်သေပြနိုင်ပြီဆိုရင် ဒါတွေက‌ နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာမယ့်ဟာကပိုပြီးများလာမှာပါ။ ဝ လည်းလုပ်နေတာပဲ။ သမားရိုးကျလုပ်နေတဲ့ နယ်စပ်‌ဖြတ်ကျော်အလုပ်ဆိုတာ ကျွန်တော်တို့လုပ်တာ နှစ် သုံးဆယ်ကျော်ပြီ။ဒါကလုံးဝထုတ်ပြောတာမရှိလို့ ။ အခုက ပေါ်တင်ကြီး။ ခင်ဗျားတို့ပေးချင်ရင်နယ်စပ်ဖြတ်ကျော်ပေး။ အဲဒါကတော့ အထိရောက်ဆုံးနည်းပဲ။ ခင်ဗျားတို့ စစ်ကောင်စီသွားပေးရင်လူထုလက်ထဲဘယ်တော့မှမရောက်ဘူး။ သူတို့လက်ထဲပဲရောက်သွားမှာ။

​မေး- အခုစစ်​ကောင်စီကသန်း​ခေါင်စာရင်း​ကောက်​နေပါတယ် ။သန်း​ခေါင်စာရင်း​ကောက်ပြီး သူတို့အတွက် တခုတည်း​​သောထွက်​ပေါက်ရဖို့ ၂၀၂၅ မှာ​ရွေး​ကောက်ပွဲလုပ်မယ်လို့​ပြောထားတယ် ။တော်လှန်​ရေး အဖွဲ့​တွေမှာ​ရော စစ်​ကောင်စီရဲ့ဒီထွက်​ပေါက်ကို​ ​တားဆီး​ကျော်လွှာနိုင်တဲ့ဗျူဟာရှိ​နေပါပြီလား။ ​

​ဖြေ- ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့ဘက်က‌ အောင်မြင်တယ်လို့‌ သေချာပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီလုပ်မယ့်သူ့ရဲ့ယာယီထွက်ပေါက်‌ လေးက ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး။ ပြည်သူလူထုရဲ့ အခြေအနေက ဟိုး ၁၉၇၄ ကလုပ်တဲ့ဟာနဲ့ ၂၀၀၈ ကလုပ်တဲ့ဟာနဲ့ ပြည်သူတွေကအသိအမြင်ပွင့်လင်းလာပြီ။ လုံးလုံးရှောင်လို့တိမ်းလို့ မရတဲ့ ဒေသမှာတစ်ခုချင်း တစ်ခုချင်းလိုက်လုပ်လို့( သန်း​ခေါင်စာရင်း​ကောက်)ရတယ်ဆိုပေမယ့် အဲဒါကသူ့ရဲ့ အဖြေမဟုတ်ဘူး။ဒါကပြဿနာကို ဒီ့ထက်ပိုကြီးမားအောင် လုပ်တာပဲဖြစ်တယ် ။ အဲဒီ့အပေါ်မှာတော့ မသိပဲနဲ့မဟုတ်ဘူး။ သိရဲ့သားနဲ့ ကျွန်တော်တို့နဲ့ သေချာမဆက်ဆံချင်ပဲနဲ့ စစ်ကောင်စီနဲ့သွားချင်တဲ့သူတွေက ထောက်ခံမှာရှိတယ်။ဒါပေမယ့် ကျွန်တော်ပြောချင်တာက တောက်လျှောက်ပြောလာတာ ခင်ဗျားတို့ အဲဒီလိုလုပ်ရင် ဒါက မကောင်းမှုကိုသက်သက် အားပေးတာနဲ့အတူတူပဲ။ဘာဖြစ်လို့လဲဆိုတော ဒါကရေရှည်တည်တံ့ခိုင်မြဲတဲ့အ‌ ‌ ဖြေဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြဿနာပိုဆိုးပြီးတော့ ။ ဟုတ်တယ်လေ။ ဒီလိုလုပ်ခြင်းအားဖြင့်ကျွန်တော်တို့က လျော့စရာကိုမရှိတာ။ဘာမှလျော့လို့မရတော့ဘူး။အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်သူတွေကို ကျွန်တော်တို့ ပြောထားတာက ခင်ဗျားတို့သူနဲ့ လုံးဝမပတ်သက်‌ စေနဲ့ ။သူလုပ်ချင်ရာလုပ် ခင်ဗျားတို့ သွားမလုပ် မပတ်သက်စေနဲ့။ ကျွန်တော်ကတော့ အဲဒီလောက်ပဲပြောထားတယ်။ ဘာလုပ်မယ်ဆိုတာသေချာ မပြောဘူး။ ပြောစရာလည်းမလိုဘူး။ လုပ်ရမယ့်အလုပ်ကို ကျွန်တော်တို့ကိုယ်စီသိတယ်။အဲဒါကြောင့်မိုလို့ ဘယ်လိုမှ မအောင်မြင်တာကိုဆက်လုပ်သွားရင်တော့ ကျွန်တော်တို့ဘက်ကလုပ်စရာရှိတာဆက်တိုးလုပ်သွားဖို့ပဲရှိတယ်။

မေး- စစ်​ကောင်စီရဲ့ထွက်​ပေါက်ဗျူဟာကို တားဆီး​ချေဖျက် ​ကျော်လွှာနိူင်တဲ့ဗျူဟာရှိ​နေပြီလား။ ​တော်လှန်​ရေးအဖွဲ့​​တွေချင်း ဗျူဟာကိုဆွေး​နွေးပြီး သ​​ဘောတူထားတာမျိုး​ရော ရှိပါသလား။

​ဖြေ- အဲဒါက ဗျူဟာပိုင်းကျတော့ ကျွန်တော်ထူးထူးခြားခြားပြောစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့အဓိကကျတဲ့အချက်က ဘာလဲဆိုတော့ ဒီဟာက ဘယ်အပေါ်မှာ မူတည်ပြီးလုပ်နေကြလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအပေါ်မှာမူတည်ပြီးလုပ်နေကြတာ။၂၀၀၈ ဖွဲ့စည်းပုံမူတည်ပြီးပေါ်မှာလုပ်တဲ့အလုပ်မှန်သမျှ ဘယ်အဖွဲ့အစည်းမှလက်မခံတော့ဘူးဆိုတာ ရှင်းတယ်။ အဲဒါကြောင့်ကျွန်တော်တို့ယုံကြည်တာက ဘာပဲလုပ်လုပ် ကျွန်တော်တို့တော်လှန်ရေး အဖွဲ့အစည်းတွေ အကုန်လုံးဆန့်ကျင်တယ်။

​မေး-​ ပြည်သူ​တွေကို ဘာ​ပြောချင်ပါလဲ။

​ဖြေ- ကျွန်တော်တို့က ပြောရမယ်ဆိုရင် တကယ့်လမ်းဆုံလမ်းခွကိုရောက်နေတဲ့အချိန်ဖြစ်တယ်။ လမ်းဆုံလမ်းခွဆိုတာပြောရမယ်ဆိုရင် အောင်ပွဲခံရမယ့် လမ်းကို ချိုးရမယ့် အချိုးအကွေ့တစ်ခုကိုရောက်လာပြီဆိုတာပြောချင်တာဖြစ်တယ်။ဒါပေမယ့် အဲဒါက လွယ်လွယ်ကူကူမရဘူး။ကျွန်တော်တို့ ခက်ခဲပင်ပန်းစွာနဲ့ပဲ စောင့်စားရတယ် ကြိုးစားရတယ် အချိန်ယူရတယ် ။အဆုံးရှုံးတွေခံရတယ် သားကွဲ မယားကွဲတွေ၊ နောက်ပြီးတော့ မျက်ရည်တွေနဲ့ အကုန်လုံးစွန့်လွှတ်ရပြီးမှရလာမယ့် အဖြေတစ်ခုက ကျွန်တော်တို့အတွက် အင်မတန်တန်ဖိုးရှိတယ်။အဲဒါကြောင့် ဒီလိုအခက်အခဲတွေကြုံတွေ့နေရတဲ့ အချိန်တွေမှာ စိတ်တွေ ဇဝေဇဝါမဖြစ်ကြနဲ့ ။ ဘာပဲဖြစ်ဖြစ် ဒီလောက်နှစ်ရှည်လများရပ်တည်လာတယ်ဆိုတာ အလကားမဟုတ်ဘူး။ အကျိုးစီးပွားအတွက်‌ မျှော် ‌ကိုးပြီး တော့ဒီလိုပဲသက်ဆိုးရှည်အောင်ရပ်တည်တာမဟုတ်ဘူး။ ကျွန်တော်တို့ကအောင်ပွဲခံဖို့အတွက်အခွင့်ကောင်းတစ်ခုကိုစောင့်မျှော်ရင်းနဲ့ ဆက်လက်တိုက်ပွဲဝင်ရင်းနဲ့ပဲ ရလာမယ့်အခွင့်ကောင်းက ကျွန်တော်တို့ဆီမှာအခုမှရောက်လာတာ။ရောက်လာတဲ့အခွင့်ကောင်းက ကျွန်တော်တို့အတွက်ရော ပြည်သူလူထုအားလုံးအတွက်ရော ဖြစ်တဲ့အတွက် ကျွန်တော်တို့က လက်ချင်းချိတ်ပြီးဒီစစ်အာဏာရှင်စနစ်ဘယ်အာဏာရှင်စနစ် ကိုချုပ်ငြိမ်းအောင် တိုက်ခိုက်ပြီးတဲ့အခါမှာ ကျွန်တော်တို့အင်မတန်လိုလားတဲ့ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီအသစ်ကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ချင်းချိတ်ပြီး တည်ထောင်ကြရအောင်လို့ပဲပြောချင်ပါတယ်။ ။

(​မေးမြန်းခန်းပြီးပါပြီ)

ဆက်စပ်သတင်းများ

သတင်း

ဒေသတွင်း ပြည်သူများကို လက်နက်ကြီးပစ်ခတ်ကျူးလွန်ခဲ့သည့် စခန်းကို ၇လကြာ ပိတ်ဆို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေး

မေးမြန်းခန်း

KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနဲ့ ​မေးမြန်းခန်း (ပထမပိုင်း)

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၃၀ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။