close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၆ရွာအား မန္တလေး PDFက ဆန်နှင့် ကျပ်သိန်း ၅၀၀ မတည်လှူဒါန်း

မန္တ​လေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာအား ဆန်အိတ် အပိုင်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ မတည်လှူဒါန်းပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(အောက်တိုဘာ၉ရက်)တွင် သတင်းထုတ်ပြန်သည်။

ဆန်နှင့်ငွေသားများ လှူဒါန်းပေးနေစဥ်။ ဓါတ်ပုံ - MDY_PDF

အင်ကြင်း/People’s Spring

မန္တ​လေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာအား ဆန်အိတ် အပိုင်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ မတည်လှူဒါန်းပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(အောက်တိုဘာ၉ရက်)တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်ရှိ ဝက်သေကျေးရွာ၊ ဖက်ရှည်ကျေးရွာ ၊ ကွင်း(၃၀)ကျေးရွာ ၊ ရေထွက်ကျေးရွာ ၊ လိပ်ကျကျေးရွာနှင့် လက်ပံပြန့်ကျေးရွာတို့အား ဆန်အိတ်အပိုင်း၃၀၀နှင့် ငွေသား ကျပ်သိန်း၅၀၀မတည် လှူဒါန်းပေးခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျေးရွာများမှ လတ်တလောလိုအပ်ချက်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန် ငါးပြည်နှင့် ကျပ် ၅၀,၀၀၀နှုန်း ပေးအပ်လှူဒါန်းသွားရန် လုပ်ဆောင်နေကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ အခြေခံလိုအပ်ချက်ရှိတဲ့ မိသားစုတွေကို ကျွန်တော်တို့ တက်နိုင်တဲ့ဘက်ကထောက်ပံ့ဖို့ လုပ်​​တဲ့ အစီအစဥ်ပဲဖြစ်ပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မန္တလေး PDF အနေဖြင့် သပိတ်ကျင်းမြို့နယ်ရှိ အခြားသော ကျေးရွာများမှ အခြေခံလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆက်လက်လှူဒါန်းနိုင်ရန် ကြိုးစားဖော်ဆောင်သွားမည်ဟု သိရသည်။

မန္တလေး PDFသည် စက်တင်ဘာကလည်း “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာ၅ ရွာအား ဆန်အိတ်အပိုင်း၅၀၀နှင့် ကျပ်သိန်း၁၅၀မတည် လှူဒါန်းပေးခဲ့သေးသည်။

သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအများအပြားကိုလည်း ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

စစ်ကောင်စီတပ်ကလည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး သြဂုတ်နှင့်စ​က်တင်ဘာလအတွင်း လေကြောင်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများအား သုံးစွဲခြင်း လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်လိုက်သည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြိုတင် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများတူးကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လိုက်လံတိုက်တွန်းနေသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးရွာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေးရက်အတွင်း ခင်ဦးနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာ ၈ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

Facebook