close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ပွဲဆူ​နေသည့် အလှမယ်ပြိုင်ပွဲ

Miss Grand International ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် Stop The War စာတန်းကို ကိုင်ဆောင်ပြခဲ့သည့် ဟေတီအလှမယ် နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရသော်လည်းနှုတ်ဆိတ်နေသည့် မြန်မာအလှမယ်ကို နှိုင်းယှဉ်ဝေဖန်နေသည်။

ဟေတီအလှမယ်၏ စစ်ပွဲများရပ်ရန် ​တောင်းဆိုမှု။ဓါတ်ပုံ-MGI

ဆဏ်း / People’s Spring

Miss Grand International ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် Stop The War စာတန်းကို ကိုင်ဆောင်ပြခဲ့သည့် ဟေတီအလှမယ် နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရသော်လည်းနှုတ်ဆိတ်နေသည့် မြန်မာအလှမယ်ကို နှိုင်းယှဉ်ဝေဖန်နေသည်။

ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ပြုလုပ်နေခြင်းဖြစ်ပြီး National Costume ပြိုင်ပွဲဝင်ဓာတ်ပုံများ တက်လာပြီးနောက်‌ မြန်မာအလှမယ်ကို ပိုမိုဝေဖန်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြန်မာအလှမယ်၏ မြှားပစ်​နေဟန်သရုပ်​ဖော်မှု။ ဓါတ်ပုံ-MGI

“(​ဟေတီအလှမယ်)ကိုယ့်နိုင်ငံသူမဟုတ်ပေမယ့် အဓိပ္ပါယ်များစွာပါသော ၀တ်စုံဖြစ်လို့ လေးစားချစ်ခင်မိပါတယ်။ သူရဲ့မျက်နာဟန်ပန်ကကို အကူညီလိုအပ် မေတ္တာလိုအပ် ၊ မျှော်လင့် တောင်းဆိုနေတဲ့ မျက်နာဟန်ပန်ဖြစ်တယ်။အမှန်တကယ်ဆိုရင် ကိုယ့်နိုင်ငံကိုယ်စားပြုတဲ့ miss က နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုရင်တောင် ဘယ်ဘက်မှမလိုက်ဘဲ့ စစ်ရေးကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် Speak out လုပ်ပေးစေချင်ပါတယ်။”ဟု ဓာတ်ပုံများကိုနှိုင်းယှဉ်၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကရေးသားထားသည်။

Miss Grand International ၏ ဆောင်ပုဒ်သည် “Stop The War and Violence” ဖြစ်သော်လည်း ပြည်တွင်းစစ်နှင့် ကြုံနေရသည့် နိုင်ငံနှင့်ပတ်သက်၍ မြန်မာအလှမယ်သည် နှုတ်ဆိတ်နေသောကြောင့် ယင်းကဲ့သို့ဝေဖန်ခံရခြင်းဖြစ်သည်။

သို့​သော် အသက် ၁၈ နှစ်အရွယ် မြန်မာအလှမယ် သဲစုငြိမ်းကို ရုပ်လှ၍ ၊ကြိုးစား၍ ၊​တော်၍စသည့်အ​ကြောင်းပြချက်မျိုးစုံဖြင့် အား​ပေး​နေသူအများအပြားလည်းရှိသည်။အနုပညာသတင်းများအသား​ပေး​ဖော်ပြ​နေ​သော အနုပညာအွန်လိုင်းမီဒီယာများက ထိုအလှမယ်ကို အဓိကအသား​ပေး​ဖော်ပြ​နေကြသည်ကို​တွေ့ရသည်။

၂၀၂၁ အလှမယ်ပြိုင်ပွဲများတွင်မြန်မာနိုင်ငံအ​ကြောင်း နိုင်ငံတကာက ပိုမိုသိရှိ​အောင်​ပြောပြခဲ့​သောသူဇာဝင့်လွင် (Miss Universe ) ကို​ တွေ့ရစဥ်။ဓါတ်ပုံ-MGI

“Miss နဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူးဆိုသူတွေကို မေးချင်တာက အဲ့ဒီ ပြိုင်ပွဲရဲ့ Concept & Moto (ဆောင်ပုဒ်) ဖြစ်တဲ့ ❝ 𝗦𝘁𝗼𝗽 𝘁𝗵𝗲 𝗪𝗮𝗿 𝗮𝗻𝗱 𝗩𝗶𝗼𝗹𝗲𝗻𝗰𝗲 ❞ ဆိုတာနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဘယ်ဘက်မှမပါဘဲတောင် Speak out ဘာလို့ လုပ်မသွားရတာလဲ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက မေးခွန်းထုတ်ထားသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဘုတလင်မြို့၌ ပြည်သူများကို ဦး​​ခေါင်းနှင့် ခန္ဒာကိုယ်အစိတ်အပိုင်းများဖြတ်​တောက်သတ်ဖြတ်ခဲ့သည့်သတင်းဓါတ်ပုံများ​အောက်တိုဘာ၂၀.ရက်မှစ၍ လူမှုကွန်ယက်ပျံ့နှံ့လာခဲ့သည်။သို့​သော် ဘုတလင်မှအုလိုက်အပြုံလိုက် ပြည်သူများအသတ်ခံရသောဖြစ်စဥ်ထက်အဆိုပါအလှမယ် မြှားပစ်​နေသည့်ဟန်ရိုက်ထား​​သောဓါတ်ပုံ နှင့် ရုပ်သံများက ​ဖေစ်ဘွခ်လူမှုကွန်ယက်တွင် ပျံ့နှံ့​နေရာ ​တော်လှန်​ရေး ကိုအာရုံစိုက်​သောပြည်သူများက နိုင်ငံအ​ရေးထက်အလှမယ်အ​ကြောင်း​ပြော​ဆို​နေကြသူများကို​ဝေဖန်မှုများပိုမိုများလာခဲ့သည်ကို​တွေ့ရသည်။

ထိုအပြင် ဘုတလင် စီပါရွာ လူအစုလိုက်အပြုံလိုက်အသတ်ခံရ​သောဖြစ်စဥ်ကြောင့် နိုင်ငံအရေးကို နှုတ်ဆိတ်နေသည့် အလှမယ်အပေါ် ပိုမို၍ ပြင်းပြင်းထန်ထန်ဝေဖန်လာကြခြင်းဖြစ်သည်။ ဘုတလင်မြို့နယ် စီပါရွာတွင်စစ်တပ်၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်​သောဖြစ်စဥ်

​ဆောင်းပါးကို​အောက်ပါလင့်တွင်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/share/p/6Xv4kkdKBkEj1Mdp/

အဆိုပါပြိုင်ပွဲအတွက် ဆန်ခါတင်အလှမယ်စာရင်း၌ ပါဝင်နိုင်ရန်အတွက်လည်း ငွေကြေးဖြင့် Vote ပေးရန် တောင်းဆိုမှုများရှိပြီး လက်ရှိအချိန်တွင် မြန်မာက Voting ဒုတိယအများဆုံးရရှိထားသည်ဟု Miss Grand International ၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားသည်။

ဟန်လေး (Miss Grand International)ကို​တွေ့ရစဥ်။ဓါတ်ပုံ- MGI

ပြီးခဲ့သည့်နှစ်က ယှဉ်ပြိုင်ခဲ့သည့် အလှမယ် နီနီလင်းအိမ်ကိုလည်း ရွှေဆိုင်အချို့အပါအဝင် ကုမ္ပဏီအချို့က ငွေကုန်ကြေးကျခံကာ Voting ပေးခဲ့သောကြောင့် 1st Runner Up ဆုရရှိခဲ့သည်။သို့သော်လည်း ယင်းအလှမယ်သည် စစ်ကောင်စီနှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ ကိုကြော်ငြာပေးနေသလို ကုန်ပစ္စည်းများကို Live လွှင့်ဈေးရောင်းမှုများသာပြုလုပ်‌နေ ၍ ပြည်သူများအတွက် အကျိုးမရှိခဲ့ကြောင်း ထောက်ပြဝေဖန်မှူများလည်းရှိသည်။

စစ်ကောင်စီသည် ပြည်တွင်း၌ ​တော်လှန်​ရေးနှင့် စစ်တပ်၏ အကြမ်းဖက်မှုများအ​ပေါ် ပြည်သူများအာရုံလွှဲ​ပြောင်း၊သတင်း ဖုံးနိုင်ရန်နည်းအမျိုးမျိုးပြုလုပ်လေ့ရှိသည်။ ယခုပြိုင်ပွဲနှင့်ပတ်သက်၍လည်း မြန်မာအလှမယ်၏ National Costume ကို စစ်ကောင်စီလက်အောက်ခံ Myanmar National Airline က အခမဲ့ပို့ဆောင်ပေးကြောင်း Miss Grand Myanmar ၏ National Director ထူးအံ့လွင်ကအသိပေးထားသည်။

ထို့ပြင် ယင်းအလှမယ်ကို နိုင်ငံကိုယ်စားပြုဟု သုံးနှုန်းသည့်အပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက “နိုင်ငံကိုယ်စားပြုဆိုရင် နိုင်ငံရဲ့အမှန်တကယ်ကြုံတွေ့နေရတဲ့လက်ရှိအခြေအနေအရပ်ရပ်ကို ကမ္ဘာကသိအောင် Speak out လုပ်ပေးရမှာ မဟုတ်လား ။အဲလိုမှမဟုတ်ရင်တော့ နိုင်ငံ ကိုယ်စားပြုလို့ အမွှန်း မတင်ကြပါနဲ့။စစ်အာဏာရူး‌တွေ အာဏာ လုယူထားချိန် နယ်ပယ်အသီးသီးက ဘယ်ကဏ္ဍကမဆို ဘာပြိုင်ပွဲပဲ ဖြစ်ဖြစ် နိုင်ငံကို လုံးဝ လုံးဝကိုယ်စားမပြုပါဘူး။စစ်ကောင်စီကိုသာ ကိုယ်စားပြုတာပဲဖြစ်ပါလိမ့်မယ်။” ဟု ရေးသားထားသည်။

စစ်ကောင်စီ အာဏာသိမ်းခံရပြီးနောက် ၂၀၂၁ ခုနှစ် တွင် နိုင်ငံတကာပြိုင်ပွဲများ၌ သွားရောက်ယှဉ်ပြိုင်သည့် သူဇာဝင့်လွင် (Miss Universe ) နှင့် ဟန်လေး (Miss Grand International) တို့ နှစ်ဦးသာ အာဏာသိမ်းခံရသည့် ဖြစ်စဉ်အပေါ်ကမ္ဘာသိရန် ပြောကြားခဲ့ဖူးသည်။

သူဇာဝင့်လွင်သည် Miss Universe ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသားရိုးရာဝတ်စုံနှင့် Pray For Myanmar စာတန်းကို ကိုင်ဆောင်၍ နိုင်ငံတွင်းအခြေအနေများကို ပြသခဲ့ပြီး The Best National Costume ဆုကိုရရှိခဲ့သည်။

ထို့အတူ ဟန်လေးသည်လည်း Miss Grand International ပြိုင်ပွဲစင်မြင့်၌ မြန်မာနိုင်ငံ၏ အခြေအနေများကို ရဲရဲဝံ့ဝံ့ပြောကြားခဲ့သည်။

သို့​သော်အဆိုပါအလှမယ်နှစ်ဦးသည် ပြိုင်ပွဲပြီးချိန်ကတည်းက စစ်​ကောင်စီ အန္တရာယ်​ကြောင့် ကိုယ့်နိုင်ငံသို့ ပြန်ခွင့်မရခဲ့ဘဲ လက်ရှိအချိန်အထိပြည်ပနိုင်ငံများ၌ နေထိုင်နေကြရသည်။

စစ်အုပ်စုသည် အာဏာသိမ်းပြီး​နောက်ပိုင်း တ​လျှောက်ယ​နေ့ (​အောက်တိုဘာ ၂၂ )အထိ့ ၅၈၇၁ ဦးကိုသတ်ဖြတ်ခဲ့​ကြောင်း AAPPကထုတ်ပြန်သည်။ထိုအ​ရေအတွက်သည် AAPP ကအအတည်ပြုထား​သောအချက်အလက်သာဖြစ်ပြီး အတည်ပြုရန်လို​သေး​သည့် စစ်တပ်ကသတ်ဖြတ်ထား​သောပြည်သူ ၂၅၀၀ ခန့်စာရင်းကျန်ရှိ​နေ​သေးသည်။ ထိုစာရင်းများအတည်ပြုပြီးပါက စစ်တပ်သတ်ဖြတ်ခဲ့​​သောပြည်သူများစာရင်းများစွာတိုးလာမည်ဖြစ်သည်။

ထိုအပြင် လွတ်လပ်​သော သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကစစ်​ကောင်စီကျူးလွန်ထားသည့် ဘုတလင်မြို့နယ် စီပါရွာကဲ့သို့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု​များကိုအချက်အလက်စု​ဆောင်း​နေရာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃နှစ်ခွဲ​ကျော်အတွင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၃၂၀ ရှိပြီး ပြည်သူ ၃၁၉၅ ဦး အသတ်ခံခဲ့ရ​ကြောင်းထုတ်ပြန်ထားသည်။ထိုအချက်အလက်များမှာမြေပြင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လွတ်လပ်​သောသတင်းမီဒီယာများ၏ထုတ်ပြန်ချက်များကို အခြေခံပြုကောက်ယူထားခြင်းဖြစ်​ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ကအသိ​ပေးထားသည်။

အာဏာသိမ်းစစ်အုပ်စုက ​နေစဥ့်နီးပါးနိုင်ငံတဝန်းဗုံးကြဲပြည်သူများကိုသတ်ဖြတ်ခြင်း၊စစ်​ကြောင်းထိုးသတ်ဖြတ်ခြင်း ၊​နေအိမ်များမီးရှို့မှုများဆက်တိုက်ကျူးလွန်​နေ​သော်လည်း ပြည်သူများကို​တော်လှန်​ရေးအ​ပေါ်အာရုံမဝင်စားရန်၊ ​စစ်တပ်၏ဖိနှိပ် အကြမ်းဖက်မှုသတင်းများကိုဖုံးလွှမ်းရန် ၊ နိုင်ငံမှာ ပုံမှန်အ​ခြေအ​နေ​ရောက်​နေသည့်ဟု လိမ်လည်နိုင်ရန် အလှမယ်ပြိုင်ပွဲများ ၊​ဘောလုံးပြိုင်ပွဲများ အပါအဝင်အားကစားပြိုင်ပွဲများ ၊​ပျော်ပွဲရွှင်ပွဲများကို ပိုမိုအား​ပေး ပြုလုပ်ခိုင်း​နေ​ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ဆက်စပ်သတင်းများ

Facebook