close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်က မြန်မာဘက်သို့ ကုန်ပစ္စည်းတင်ပို့မှုအားလုံးပိတ်ပင်ဟုနယ်စပ်ကုန်သည်အချို့​ပြော

လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အိမ်သုံးပစ္စည်းများအားလုံးကို မြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုကို တရုတ်နိုင်ငံဘက်က ပိတ်ပင်လိုက်ကြောင်း နှစ်နိုင်ငံနယ်စပ်မှ ကုန်သည်အချို့ကပြောသည်။

မူဆယ်-ကျယ်​ခေါင် နယ်စပ်ကုန်သွယ်​ရေးဂိတ်တစ်ခုတွင် တရုတ်မှမြန်မာသို့ပို့ကုန်များတင်ပို့ရန်​စောင့် ​ဆောင်း​နေ​သောကားများ။ ဓါတ်ပုံ-CJ (ပုံ​ဟောင်းဖြစ်ပါသည်)

လူအေး/People’s Spring

လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အိမ်သုံးပစ္စည်းများအားလုံးကို မြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုကို တရုတ်နိုင်ငံဘက်က ပိတ်ပင်လိုက်ကြောင်း နှစ်နိုင်ငံနယ်စပ်မှ ကုန်သည်အချို့ကပြောသည်။

မြန်မာသို့ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ခြင်းကို နယ်စပ်ရှိ တရုတ်ကုန်သည်များနှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများထံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးပိုင်းက အသိပေးခြင်းဖြစ်ကြောင်း မူဆယ်မြို့မှ ကုန်သည်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

“တော်တော်ကို ဂယက်ရိုက်မယ့်ပြဿနာဗျ။ ပထမ ဆေးဝါးပိတ်တယ်။အခုအကုန်ပိတ်တာ။ မိုင်းလားရော၊ ဝနယ်စပ်ရော မူဆယ်ရော ပါတယ်လို့ ကြားတယ်” ဟု အထက်ပါကုန်သည်က ​ပြောသည်။

ကုန်သည်များ ရရှိထားသည့် အသိပေးကြေညာချက်တွင် ယူနန်ပြည်နယ်၊ Xi Shuang Ban Na(ဆစ်​ဆောင်ပန်းနား)မြို့နယ်ရှိ DaLuo ပို့ဆောင်ဆက်သွယ်ရေးဂိတ်မှ ၎င်းတို့၏ ဖောက်သည်များအား အကြောင်းကြားစာ၌ ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများအရ ယခုလက်ရှိတွင် တရုတ်နိုင်၏ပို့ကုန်များဖြစ်သောအိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်ဆက်စပ်ပစ္စည်းများဖြစ်သော ဘက္ထရီ၊ ဆိုလာဘထ္ထရီ၊ ဆိုလာပြား၊အင်ဂျင်၊မီးသီးမီးအိမ်များ၊ စားသောက်ကုန်များ၊ စောင်၊ ဘိလပ်မြေများအစရှိသည့် ပစ္စည်းများကို မြန်မာပြည်သို့တင်ပို့ခြင်း ခေတ္တယာယီ ထွက်ခွင့်မပြုပါကြောင်း ရေးသားထားသည်။နောက်ရက်အနည်းငယ်အတွင်း ပို့ဆောင်ဆက်သွယ်ရေးဂိတ်မှ နိုင်ငံရေးနှင့် မူဝါဒပြုပြင်ပြောင်းလဲမှုများကို အသိပေးမည်ဟု ဆိုထားသည်။

စစ်ကောင်စီအား သိသိသာသာ​အား​ပေးလာပြီး ​တော်လှန်​ရေးအဖွဲ့များကို ဖိအားမျိုးစုံ​ပေး​နေသည့်တရုတ်အစိုးရသည် နယ်စပ်မှနေ၍ ရှမ်းပြည်နယ်ဘက်သို့ဝင်ရောက်နေသည့် ဆေးဝါးများကို ပြီးခဲ့တဲ့သြဂုတ်လမှစတင်၍ ပိတ်ပင်တားဆီးခဲ့သည်။ ယခုအခါ လျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကုန်သည်အချို့ကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် ကန်ပိုက်တီဂိတ်တစ်ခုတည်းကိုသာ တရုတ်ဘက်ကဖွင့်ပေးထားသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်၊ MNDAA ထိန်းချုပ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) ဂိတ်၊ TNLA က နမ့်ခမ်းမြို့တွင် အသစ်ဖွင့်လှစ်လိုက်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် KIA က ထိန်းချုပ်ထားသည့် လွယ်ဂျယ်မြို့နယ်စပ်ဂိတ်များကို တရုတ်ကပိတ်ထားသည်။

ယခုအခါကန်ပိုက်တီမြို့အနီးရှိ စစ်ကောင်စီလက်​အောက်ခံ အမှတ် ၁၀၀၃ နယ်ခြား​စောင့်စခန်းကိုပါ KIA က တိုက်ခိုက်သိမ်းပိုက်ပြီးချိန်တွင် တရုတ်ဘက်မှ ကုန်စည်များတင်သွင်းမှု ပိတ်ပင်လိုက်သောသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသတင်းကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တရားဝင်သတင်းမထုတ်ပြန်သေးသလို နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း ၎င်းတို့က သတင်းထုတ်ပြန်လေ့မရှိပေ။ သို့သော် တရုတ်နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာအရာရှိတစ်ဦးကမူ တရုတ်က နယ်စပ်မှ မြန်မာသို့ ပို့ကုန်တင်ပို့မှုပိတ်ပင်သည်သတင်းမှာ အမှန်ဖြစ်ကြောင်းပြောသည်။

ယနေ့(အောက်တိုဘာလ၂၂ရက်) နံနက်ပိုင်းတွင် မူဆယ်နယ်စပ်ဂိတ်၌ မြန်မာနိုင်ငံဘက်သို့တင်ပို့မည့် ကုန်ပစ္စည်းအချို့ အခွန်ဆောင်ခြင်းမရှိဟုဆိုကာ တရုတ်ဘက်ကဖမ်းဆီးလိုက်ကြောင်းလည်း သတင်းရရှိသည်။

နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသည့် ကုန်စည်များကို ဖမ်းဆီးရန် စစ်ကောင်စီဒုတိယခေါင်းဆောင်က ညွှန်ကြားသည့်သတင်းများထွက်ပေါ်နေစဉ် တရုတ်ဘက်က ပိတ်မည့်သတင်းများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခု ရှိသည်။ မူဆယ်-ကျယ်​ခေါင်နယ်စပ်ကုန်သွယ်​ရေးလမ်း​ကြောင်းတွင် ကျင်စန်းကျော့၊ ဆင်ဖြူ၊ မန့်ဝိန်း၊နန်းတော်ဂိတ်၊ပန်ဆိုင်းဂိတ်တို့ ရှိသည်။သို့​သော် မူဆယ် ၁၀၅ မိုင်ကုန်သွယ်​ရေးဇုန်းကို ညီ​နောင် ၁၀၅ မိုင်အဖွဲ့က ထိန်းချုပ်ထားသလို ကျန်ဂိတ်အများစုကိုလည်း​တော်လှန်​ရေးတပ်များကသိမ်းပိုက်ထိန်းချုပ်ထားသည်။ထို​ကြောင့် ကန်ပိုက်တီ ဂိတ်နှင့် ကျိုင်တုံ ဂိတ်တွင်သာစစ်​ကောင်စီတပ် ကျန်ရှိ​တော့ခြင်းဖြစ်သည်။

“ဘယ်လိုဆက်လုပ်ရမှန်းမသိဘူး။ ဘာပစ္စည်းမှမမှာရဲသလို ရှိပြီးသားတွေကိုတောင် ဆိုင်ထဲဝင်ဖမ်းမှာကြောက်နေရတယ်။ ရှေ့ဆက်အလုပ်လုပ်ဖို့မလွယ်ဘူး” ဟု ရန်ကုန်မြို့မှ ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဘက်​ရောက်​နေ​သောတရုတ်နိုင်ငံသားနှင့်ကားများပြန်ဝင်ရန်သာ တရုတ်ကဂိတ်ဖွင့်

သတင်း

ကန်ပိုက်တီဒေသရှိ BGF (၁၀၀၃)ကာကင်းစခန်း ၆ခုကို သိမ်းရထားသော်လည်း (၁၀၀၃) တပ်ရင်းဌာနချုပ်၌ တိုက်ပွဲမရှိသေးဟု အသိပေး

သတင်း

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုကို တစ်ရက် အကြာမှာပဲ တရုတ်က အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စစ်ရေး လေ့ကျင့်မှုလိုမျိုး နောက်ထပ် အလားတူ အခြေအနေတွေ ထပ်ရှိလာနိုင်သေးတယ်လို့ တရုတ်က ထိုင်ဝမ်ကို ရည်ရွယ်ပြီး သတိပေးခဲ့ပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့မှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလေ ကြောင်းမှပစ်ခတ်နေ၍ မြို့ခံများသည် တရုတ်နိုင်ငံဘက်သို့ထွက်ပြေးခိုလှုံနေကြရကြောင်းသတင်းရရှိသည်။

Facebook