ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ယခုလဝက် အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၄၇ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁ရက်မှအောက်တိုဘာ ၁၅ရက် အထိ စစ်ရေးသတင်းအကျဉ်းအား အသိပေးခဲ့ရာ လဝက်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသော်လည်း ပူးပေါင်းတပ်မှ ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏စစ်တန်းလျားအဆောက်အဦးတစ်လုံးနှင့် စစ်မော်တော်ယာဥ်တစ်စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ စစ်ကောင်စီ၏ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်နှင့် သီးနှံစိုက်ခင်းပျက်စီးမှုများရှိခဲ့သည်ဟု ထုတ်ပြန်သည်။
