close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ စစ်သားနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးကြောင်း သတင်းရရှိသည်။

စစ်သားနှင့်ပျူများအား တိုက်ခိုက်ခဲ့သော ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ စစ်သားနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၂၂ ရက်) နံနက် ၇နာရီခွဲခန့်က ညောင်ကိုင်းပျူစောထီးကျေးရွာမှ ဆိုင်ကယ် တစ်စီးဖြင့်လာသော စစ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦးအား ပစ်ခတ်တိုက်ခိုက်ရာ ​နှစ်ဦးလုံးနေရာတွင် သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“စခနာမည်က ပေသီးတဲ့။ ပျူနာမည်က မောင်ကြီးတဲ့။ သူတို့နှစ်ကောင်က တည်သီးတောကိုလာတာကို တည်သိးတောနဲ့ ​ညောင်ကိုင်းကြားမှာ ဆီးပစ်တာ။ နေရာမှာတင် နှစ်ကောင်လုံး ပွဲချင်းပြီးသေတယ်။”ဟု ၎င်းက ပြောသည်။

၎င်းတို့ထံမှ MA1 တစ်လက်၊ ကျည်ဘောက် ၃ခုနှင့် အီနာဂါ ၄လုံး သိမ်းဆည်းရမိကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

တိုက်နယ်(၂)ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက်နယ်(၃) ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီးပကဖအဖွဲ့၊ ဓားညီနောင်ပကဖအဖွဲ့)၊ တိုက်နယ်(၅) ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ၅ ရွာထက်မနည်းရှိပြီး ကာကွယ်ရေးအဖွဲ့များက မကြာခဏ သွားရောက် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီချပေးသောရိက္ခာထုပ်ပါ ဆန်များမှာ စားမရသည့်ပိုးထိုးဆန်များဟု တော်လှန်ရေးတပ်ဖွဲ့ပြော

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် ရည်းစားနှင့် လာတွေ့သည့် စစ်ကောင်စီ​၏ ဒုတပ်ကြပ်နှင့် ပျူစောထီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း KBU-တောလေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ၄လကျော်ကြာသည်အထိ ဧည့်တွေ့ခွင့်ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး စစ်ကောက်စီတပ်သားများထံမှ လက်နက်ခိုးယူ၍ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Facebook