close
Connect with us

Hi, what are you looking for?

Fact-Check

ကရင်နီပြည်ကို မုန်တိုင်းတိုက်မယ်ဆိုတဲ့ သတင်းမှား

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့်စနေနေ့ ( စက်တင်ဘာလ ၂၁) ရက်မှာ ကရင်နီပြည်ကို ဗဟိုပြုဝင်တိုက်မယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

People’s Spring – The Red Flag

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့်စနေနေ့ ( စက်တင်ဘာလ ၂၁) ရက်မှာ ကရင်နီပြည်ကို ဗဟိုပြုဝင်တိုက်မယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

“စစ်ဘေး ရေဘေးအပြင် မုန်တိုင်းပါ ဗဟိုပြု ဝင်ရောက်မယ့် ကရင်နီပြည်” ခေါင်းစဉ်နဲ့ မုန်တိုင်းသတိပေး ချက်ဆိုပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်မှာ ဖေ့ဘွတ်ခ်ကနေ ဖြန့်ဝေလာတာပါ။

Public Service Announcement

Public Service Announcement

အဲဒီဖြန့်ဝေချက်မှာဆိုရင် ဖိလစ်ပိုင်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ၂ ခုထဲက တစ်ခုဟာ ဖိလစ်ပိုင်ကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းကမ်းခြေကနေ ကုန်းတွင်းကို ဝင်ရောက်ကာ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းကိုကျော်ဖြတ်လာပြီး ကယားပြည်နယ်အောက်ပိုင်း မယ်စဲ့ဒေသကို ဗဟိုပြုဝင်ရောက်မယ်လို့ ပါရှိတာပါ။

မုန်တိုင်းဗဟိုပြု ဝင်ရောက်မယ့် ကရင်နီပြည်ဆိုတဲ့ ဖြန့်ဝေမှု ကိုအခုလင့်ခ်မှာတွေ့ရနိုင်ပါတယ်။

https://www.facebook.com/photo?fbid=908143498004615&set=a.547092507443051

ကရင်နီပြည်ကို မုန်တိုင်းဗဟိုပြု ဝင်တိုက်မယ်ဆို သတင်းအချက်အလက် မှန်၊ မမှန်ကို People’s Spring သတင်းဌာနက စိစစ်ရာမှာ သတင်းမှားသာဖြစ်တယ်ဆိုတာကို သိရှိရပါတယ်။

ဒီသတင်းကို စိစစ်ရာမှာ ဖိလစ်ပိုင် မိုးဇလဌာန၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလဌာနတို့ရဲ့ မိုးလေဝသခန့်မှန်းချက်တွေအပြင် မုန်တိုင်းလမ်းကြောင်းကို အချိန်နဲ့တပြေးညီ ပြသပေးတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့တာပါ။

ဖိလစ်ပိုင်မိုးဇလဌာနရဲ့ ဖော်ပြချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတာတွေ့ရပါတယ်။

ဖိလစ်ပိုင် မိုးဇလက Gener လို့ အမည်ပေးထားတဲ့အဲဒီလေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အရှေ့ဘက် က တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး အပူပိုင်းမုန်တိုင်း အဆင့် ဖြစ်လာပြီးနောက် စက်တင်ဘာလ ၁၉ ရက်မှာတော့ ဒါနန်းမြို့နားကို ရောက်ရှိလာမှာပါ။

ဖိလစ်ပိုင် မိုးဇလ ဌာနရဲ့ ခန့်မှန်းချက်မှာ မုန်တိုင်းလမ်းကြောင်းကို ဒါနန်းမြို့ထိ သာ ခန့်မှန်းထားတာ ဖြစ်ပြီး ဗီယက်နမ်ကိုဖြတ်ကျော်ကာ မြန်မာနိုင်ငံဆီ အဲဒီမုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ ခန့်မှန်းထားတာမျိုး မတွေ့ရပါဘူး။

ဖိလစ်ပိုင်မိုးဇလဌာန ဝက်ဆိုက် မှာ မုန်တိုင်းလမ်းကြောင်းအခြေအနေကို အခုလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://www.pagasa.dost.gov.ph

မိုးလေဝသ သုတေသီဦးဝင်းနိုင်ကလည်း တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း Gener ဟာဖျက်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဖို့နိုင်ဖို့ မရှိတော့ဘဲ အပူပိုင်းမုန်တိုင်းအဆင့်ထိသာရောက်မယ်လို့ ဖိလစ်ပိုင်းမိုးဇလရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး သူ့ရဲ့ ဖေဘွတ်ခ်ကနေ အသိပေးထားပါတယ်။

မိုးလေဝသ ဖြစ်စဉ်သတင်းတွေကို ကြည့်ရှုနိုင်ဖို့ ဦးဝင်းနိုင်ရဲ့ ဖေ့ဘွတ်ခ်လင့်ခ်

https://www.facebook.com/uwinnaing?mibextid=ZbWKwL

NUG ဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ အခု စက်တင်ဘာလ ၁၇ ရက် မြန်မာစံတော်ချိန်ညနေ ၅ နာရီ အချိန် သတင်းထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်က လေဖိအားနည်းရပ်ဝန်းဟာ အပူပိုင်း မုန်တိုင်းငယ်အဆင့် ကို ရောက်လာနိုင်ပေမယ့် ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ပြီးနောက်မှာ အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

NUG အစိုးရရဲ့ မိုးလေဝသ ခန့်မှန်းချက်ကို ဖတ်ရှုနိုင်မယ့် ဖေ့ဘွတ်ခ်လင့်ခ် https://www.facebook.com/mohadmNUG/posts/831269865861481

ဒါကြောင့် ကရင်နီပြည် ကို မုန်တိုင်းဗဟိုပြုဝင်ရောက်မယ်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

◘ သုံးသပ်ချက်

လက်ရှိအချိန်ဟာ မြန်မာပြည်တွင်းမှာ ရေဘေးကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်ဖြစ်ပြီးနောက်ထပ်သဘာဝဘေး အန္တရာယ်ကို ထပ်မံ ကြုံတွေ့ရမှာကို အများပြည်သူ စိုးရိမ်နေကြတဲ့အချိန်လည်းဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ရေဘေးပြီးရင် ငလျင်လှုပ်မယ် ၊ မုန်တိုင်းတိုက်မယ်ဆိုတဲ့ သတင်းတွေဟာလည်း လူမှုကွန်ရက်မှာ အများအပြား ပျံ့နှံ့နေတာတွေ့ရပါတယ်။ ငလျင်လှုပ်ခတ်မှာကိုကြိုတင် ခန့်မှန်းလို့မရပေမယ့် မုန်တိုင်းကိုတော့ ဦးတည် တိုက်ခိုက်မယ့်ဒေသကို အချိန်နဲ့တပြေးညီ ကြိုတင်ခန့်မှန်းသိရှိနိုင်ပါတယ်။

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ People’s Spring သတင်းဌာန ကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Website – https://myanmarfactcheckingnetwork.org/

Facebook – https://www.facebook.com/myanmarfactcheckingnetwork

ဆက်စပ်သတင်းများ

သတင်း

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းလည်းတိုက်ခိုက်နိုင်ကြောင်း MOHADM က သတတိပေးချက်ထုတ်ပြန်သည်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာဟာ တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းမြို့ကို စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။

သတင်း

ရေဘေးကြောင့် လူဦးရေ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့(စက်တင်ဘာ ၁၄ရက်) ကြေညာသည်။