၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂ )နဲ့ ရှမ်းမန်းစစ်ဆင်ရေး စတင်ခဲ့တာ ရက် ၃၀ ပြည့်တဲ့နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ဆင် ရေးအတွင်း တတိယမြောက်မြို့ ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဇွန် ၂၅ရက် မနက်အစောပိုင်းမှာ စတင်ခဲ့တဲ့ ထိုးစစ်ဟာ TNLA ၊ မန္တလေး PDF ၊ DPLF/DPLA နဲ့ပူးပေါင်းတပ်တွေက နောက်ချို မြို့ ကို ဇူလိုင် ၁၀ ရက် ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ၊ TNLA ၊ PDF မိုးကုတ်ဗျူဟာ တပ်ရင်းတွေနဲ့ ပူးပေါင်းတပ်တွေက မိုးကုတ်မြို့ကို ဇူလိုင် ၂၄ ရက် တို့မှာ အသီးသီးအပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။
ဒါအပြင်ကျောက်မဲ ၊ မိုးမိတ် ၊ လားရှိုး ၊ မတ္တရာ ၊ သီပေါ မြို့နယ်တွေက စစ်တပ်လက်ကျန်စခန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ် ။

Public Service Announcement
