အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် (စက်တင်ဘာ ၂၈ရက်) ညက ရွှေကျွန်းပင်ကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် အသက် (၁၆)နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အသက် (၅၀)အရွယ်နှင့်အသက်(၂၉)အရွယ် အမျိုးသမီး၂ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့က ပြောသည်။
“ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချခဲ့တာပါ။ တစ်ဦးသေပြီး နှစ်ဦးက ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ မစိုးရိမ်ရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် နေအိမ် ၄လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
သြဂုတ် ၃၁ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနှင့် စဥ့်ကူးမြို့နယ်၊ သီလှရွာ၊ ကြို့ပင်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ၆ဦး သေဆုံးခဲ့သည်။
သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအများအပြားကိုလည်း ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
သြဂုတ်နှင့် စက်တင်ဘာအတွင်း သပိတ်ကျင်းမြို့နယ်အတွင်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသပိတ်ကျင်းပကဖက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုရန် ကာကွယ်ရန် ဗုံးခိုကျင်းများတူးထားကြရန် ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
