close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချယ်လ်ဆီးအသင်း ဗိုလ်စွဲခဲ့တဲ့ ဆုဖလားရဲ့ မူရင်းက သူ့ဆီမှာ ရှိနေတာလို့ ထရမ့်ပြော

ပြီးခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် ဘောလုံးကလပ် ချယ်လ်ဆီးက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တကယ့် ဆုဖလား အစစ်ကြီးက သူ့ဆီမှာ ရှိနေတာလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

EPA

ပြီးခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် ဘောလုံးကလပ် ချယ်လ်ဆီးက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တကယ့် ဆုဖလား အစစ်ကြီးက သူ့ဆီမှာ ရှိနေတာလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပုံစံစည်းမျဉ်း အသစ်တွေနဲ့ ပထမဆုံး ကျင်းပစေတဲ့ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို အမေရိကန် နိုင်ငံရဲ့ နယူးဂျာစီမှာ ကျင်းပခဲ့ပြီး ချယ်လ်ဆီးဟာ လက်ရှိ ဥရောပ ချန်ပီယံ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

ချန်ပီယံ ချယ်လ်ဆီးအသင်းကို ဆုချီးမြှင့်တဲ့ အစီအစဉ်မှာ ထရမ့်လည်း ရှိနေခဲ့ပြီး ချယ်လ်ဆီး အသင်းသားတွေနဲ့ပါ ရောနှော အောင်ပွဲခံခဲ့ပါသေးတယ်။

ချယ်လ်ဆီး အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က ကိုင်မြှောက်ခဲ့ပြီး Voyager အာကာသ စူးစမ်းရေး ယာဉ်ငယ်ရဲ့ ပုံစံကို မှီငြမ်း ဒီဇိုင်းရေးဆွဲထားတဲ့ ဆုဖလားကြီးဟာ အဲဒီပြိုင်ပွဲမှာ ချီးမြှင့်ဖို့ ဖီဖာက ပထမဆုံး သွန်းလုပ်ခဲ့တဲ့ တစ်ခုတော့ မဟုတ်ဘူးလို့ ထရမ့်က ဇူလိုင် ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ ဖီဖာက လက်ဆောင်ပေးထားတာကြောင့် မူရင်းဆုဖလားဟာ အိမ်ဖြူတော်မှာ ဆက်ရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ဆုဖလားကို အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ မတ်လ ကတည်းက ထားရှိ ပြသထားခဲ့ကြောင်း၊ လတချို့ ကြာပြီးတဲ့နောက် ဖလားကို ဘယ်တော့ လာယူမလဲလို့ သူက ဖီဖာ အရာရှိတွေဆီ မေးကြည့်ခဲ့ပြီး ဖီဖာဖက်ကတော့ ဆုဖလား ပုံစံတူ အသစ်ကို သွန်းလုပ်ပြီး ဖြစ်တာကြောင့် သမ္မတကြီးက အဲဒီ မူလဖလားကို အိမ်ဖြူတော်မှာ အမြဲတမ်း ထားရှိလို့ရကြောင်း ပြန်ဖြေခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

ဖီဖာရဲ့ လက်ဆောင်က တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းကြောင်း၊ အဲဒီဖလားကြီးဟာ အခုထိ ဘဲဥပုံ ရုံးခန်းထဲမှာ ဆက်ရှိနေကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။

မူလဖလားကို ပုံစံတူ ထပ်မံပြုလုပ်ပြီး ဆုချီးမြှင့်မယ် ဆိုတာကိုတော့ ဖီဖာက အစောပိုင်းမှာ ကြိုတင်ကြေညာထားတာ မရှိခဲ့ပါဘူး။ သတင်းတွေ အရတော့ ဖလားဒီဇိုင်းကို ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖာတီနိုက ထရမ့်ဆီ မိတ်ဆက် ပြသခဲ့ချိန် ကတည်းက အဲဒီဖလားကို ဘဲဥပုံ ရုံးခန်းထဲမှာ ထားရှိခဲ့တာလို့ သိရပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလား၊ ဒါမှမဟုတ် အခွန်စည်းကြပ်မှုတွေ မြင့်မြင့်မားမား သတ်မှတ်ပြီး အရေးယူတာ ခံမလားဆိုတာ တစ်ခုခုရွေးဖို့ ရုရှားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေက တာဝန်ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးမြှောက်ပင့်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။