close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးကဆိုင်းငံ့ခံထားရတဲ့နောက်၁၅ ရက်အတွင်း ခုခံလျှောက်လဲဖို့ သက်သေတွေတင်ပြရမယ့် ထိုင်းဝန်ကြီးချုပ်

ရာထူးက ဆိုင်းငံ့တာ ခံထားရတဲ့နောက် ၁၅ ရက်အတွင်း ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် ဟာသူ့အပေါ် စွပ်စွဲချက်တွေအတွက်အပြစ်မရှိကြောင်းခုခံလျှောက်လဲနိုင်မယ့်သက်သေတွေကို တင်ပြရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရာထူးဆိုင်းငံ့ ခံရပြီး​နောက် အစိုးရအိမ်​တော်မှ ဇူလိုင် ၁ ရက်​နေ့မှာ ဆင်းသွားတဲ့ ဖေထောင်ထန် ရှီနာဝတ်ထ် ။ဓါတ်ပုံ-Khaosod

ဇူလိုင်-၁၊၂၀၂၅။People’s Spring

ရာထူးက ဆိုင်းငံ့တာ ခံထားရတဲ့နောက် ၁၅ ရက်အတွင်း ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် ဟာသူ့အပေါ် စွပ်စွဲချက်တွေအတွက်အပြစ်မရှိကြောင်းခုခံလျှောက်လဲနိုင်မယ့်သက်သေတွေကို တင်ပြရမှာဖြစ်ပါတယ်။

ထိုင်းအခြေခံဥပဒေခုံရုံးကဖေထောင်ထန်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစေလောက်တဲ့ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အထက်လွှတ်တော် အမတ် ၃၆ ဦးကစွပ်စွဲပြီး အဲဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကို လျှောက်ထားခဲ့ပါတယ်။ ဇူလိုင် ၁ ရက်နေ့မှာတော့ခုံရုံးတရားသူကြီးတွေ စုဝေးတိုင်ပင်ပြီး အဲဒီ စွပ်စွဲမှု အဆိုအတွက် လက်ခံ စစ်ဆေးပေးဖို့ တညီတညွတ်တည်းဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပြီး ခုံရုံး တရားသူကြီး ၉ ဦးထဲမှာ ၇ ဦးက စစ်ဆေးမှု ကာလအတွင်း ဖေထောင်ထန်ကို ဝန်ကြီးချုပ် အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ထောက်ခံခဲ့ပြီး ၂ ဦးကသာ ကန့်ကွက်ခဲ့ပါတယ်။

ပြဿနာတွေရဲ့အစကတော့ဖေထောင်ထန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းပြောခဲ့တဲ့ အသံဖိုင် ပေါက်ကြားလာခြင်းပဲ ဖြစ်ပါတယ်။လတ်တလောမှာနယ်စပ်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံကြားက ပဋိပက္ခတွေကို ဆွေးနွေးခဲ့ရာမှာ ဖေထောင်ထန်က ထိုင်းစစ်တပ်ကို စော်ကားပုတ်ခတ်တဲ့ သဘောမျိုးဟွန်ဆန်းကို ပြောခဲ့ပါတယ်။အဲဒီအသံဖိုင် ပေါက်ကြားလာချိန် ကတည်းက ဖေထောင်ထန်ဟာ နိုင်ငံရေးအရ အကြီးအကျယ် ဖိအားကြုံနေပြီး သူ့ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေပါ ရှိလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အထက်လွှတ်တော် အမတ်တွေက အဲဒီအသံဖိုင် ပေါက်ကြားမှုနဲ့ ပတ်သက်လို့ စုံစမ်းပေးဖို့ ခုံရုံးကို လျှောက်ထားခဲ့ကြချိန်မှာဖေထောင်ထန်ဟာထိုင်းအတွက် နစ်နာစေလောက်မယ့် လိုက်လျောမှုတွေ လုပ်ခဲ့သလို ဝန်ကြီးချုပ် တစ်ဦးအနေနဲ့ အရည်အချင်း မပြည့်ဘူးဆိုတဲ့ စွပ်စွဲမှုတွေကိုပါ ထည့်သွင်းပြီး ထိုးနှက်ထားကြပါတယ်။

ခုံရုံးကတော့ ဖေထောင်ထန်ဟာ လတ်တလောမှာ ရာထူးက ဆိုင်းငံ့ခံထားရမှာဖြစ်ပြီး စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အပြစ်မရှိပါဘူးဆိုတဲ့ ခိုင်မာတဲ့ သက်သေမျိုးကို ၁၅ ရက်အတွင်း တင်ပြဖို့ လိုတယ်လို့သတိပေးထားပါတယ်။အဲဒီ အတောအတွင်း ဖေထောင်ထန်ဟာ ဝန်ကြီးချုပ် နေရာမှာ မဟုတ်ပေမယ့် ပူးတွဲ တာဝန်ယူထားတဲ့ ယဉ်ကျေးမှု ဝန်ကြီးအနေနဲ့တော့ အစိုးရ အဖွဲ့ထဲမှာ ဆက်ရှိနေမှာပါ။

ဝန်ကြီးချုပ်နေရာလစ်လပ်နေတဲ့အတောအတွင်း ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ပို့ဆောင်ရေး ဝန်ကြီး ဆူရီယာ ဂျန်ယွန်ဂရန်ကစ်က ယာယီ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားမှာဖြစ်ပါတယ်။အစိုးရ ယန္တရားက ရပ်တန့်သွားမှာ မဟုတ်သလိုဘာပြဿနာမှ မရှိနိုင်ကြောင်း ကမ္ဘာလှည့် ခရီးသွားဝန်ကြီး ဆိုရာဝေါင် သီယန်သောင်က မှတ်ချက်ပေးခဲ့ပါတယ်။ ဆူရီယာဟာယာယီဝန်ကြီးချုပ်အဖြစ်လတ်တလောတာဝန်ယူထားမယ်လို့လည်းသူကအတည်ပြုခဲ့ပါတယ်။

အသံဖိုင်ပေါက်ကြားမှုပြဿနာဟာထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖေထောင်ထန် အတွက်တော့အကြီးမားဆုံးနိုင်ငံရေးအကျပ်အတည်းကြီးဖြစ်လာပါတယ်။ ဟွန်ဆန်းကတော့အဲဒီအသံဖိုင်ကိုသူကဖွင့်ချခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဖေထောင်ထန်ဟာအဲဒီကိစ္စနောက်ပိုင်းသူ့ရဲ့အမှားကို ဝန်ခံခဲ့သလိုထိုင်းစစ်တပ်နဲ့ရင်ကြားစေ့ဖို့လည်းအားထုတ်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ကို ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုသံတွေကပိုမိုကျယ်လောင်လာနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်တုန်းက ဘန်ကောက်မြို့တော်မှာလူတွေသောင်းနဲ့ချီ စုဝေးပြီ ဖေထောင်ထန် နုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

ဖေထောင်ထန်ရဲ့အသံဖိုင် ပေါက်ကြားခဲ့တဲ့နောက် သူဦးဆောင်တဲ့ညွန့်ပေါင်းအစိုးရထဲကနေ ကွန်ဆာဗေးတစ် ပါတီက ချက်ချင်း နုတ်ထွက်သွားပြီး အဲဒီ အခြေအနေက ထိုင်းအစိုးရကို အကြီးအကျယ် ရုန်းကန်နေရစေပါတယ်။အခုတော့ဖေထောင်ထန်က ဝန်ကြီးချုပ်နေရာကပါ ဆိုင်းငံ့တာ ခံလိုက်ရတဲ့အတွက်အစိုးရဟာပိုပြီး အကျပ်ရိုက်လာမယ့် သဘောပါပဲ။

ဖေထောင်ထန်ဟာကွန်ဆာဗေးတစ်တွေနှုတ်ထွက်သွားတဲ့နောက် ညွန့်ပေါင်းအစိုးရကိုအသစ်ပြန်လည် ဖွဲ့စည်းပြီးကြောင်းကြေညာခဲ့တဲ့နောက်နာရီပိုင်း အကြာမှာပဲရာထူးကနေ ဆိုင်းငံ့ခံခဲ့ရတာပါ။ အဲဒီ အသစ်ပြန်ဖွဲ့ထားတဲ့အစိုးရမှ သူက ဝန်ကြီးချုပ်နဲ့ ယဉ်ကျေးမှု ဝန်ကြီး တာဝန်တွေကို ပူးတွဲ ရယူထားပြီး ဇူလိုင် ၃ ရက်နေ့မှာကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်ပါတယ်။

ထိုင်းအခြေခံဥပဒေခုံရုံးဟာဖေထောင်ထန်မတိုင်ခင်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဆရက်သာ သာဗီဆန်ကိုလည်း ကျင့်ဝတ်ပိုင်း ချိုးဖောက်မှု စွပ်စွဲချက် တစ်ခုနဲ့ ရာထူးကနေ ဖယ်ရှားခဲ့ဖူးပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်တာဝန်ယူနေဖွယ်ရှိ

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်မှုအတွက် ထိုင်းဝန်ကြီးချုပ် ကျေးဇူးစကားဆို(ဖုန်းအသံဖိုင် ပေါက်ကြားမှု နောက်ဆက်တွဲ တရားရေးအရ ဖြေရှင်းရနိုင်ခြေတွေ မြင့်တက်လာနေ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ဇွန်လ ၂၈ ရက်နေ့က လူတွေ ထောင်သောင်းချီ စုရုံးပြီး ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရထဲက နုတ်ထွက်သွားပြီးတဲ့နောက် ကွန်ဆာဗေးတစ် အင်အားစုတွေဟာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖယ်ရှားနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။