close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက BGF ​ခေါင်း​ဆောင်ဗိုလ်မှူးကြီး​စောချစ်သူပိုင် ကုမ္ပဏီကို အမည်ပျက်စာရင်း​သွင်း

စစ်တပ်လက်​အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်-BGF ခေါင်း​ဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏ မိသားစုဝင်များပိုင် ချစ်လင်းမြိုင်ကုမ္ပဏီကို စစ်​ကောင်စီကအမည်ပျက်စာရင်း​ကြေညာသည်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် က ​စောချစ်သူကို ၂၀၂၃ ဇန်နဝါရီတွင်သီရိပျံချီဘွဲ့​ပေးအပ်စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

ဇွန်-၁၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်တပ်လက်​အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်-BGF ခေါင်း​ဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏ မိသားစုဝင်များပိုင် ချစ်လင်းမြိုင်ကုမ္ပဏီကို စစ်​ကောင်စီကအမည်ပျက်စာရင်း​ကြေညာသည်။

​ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်ဖြစ်​သော ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသဖြင့်ဆိုကာ အမည်ပျက်စာရင်းသွင်းသည့် ကုမ္ပဏီ ၁၉၇ ခု တွင် BGFပိုင်ချစ်လင်းမြိုင်ကုမ္ပဏီကိုပါစစ်​ကောင်စီ၏ ဗဟိုဘဏ်က ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ကြေညာချက်အရ CHIT LINN MYAING TOYOTA COMPANY LIMITED ၏ဒါရိုက်တာအဖွဲ့ဝင်အမည်တွင် ဦးစံမြင့်(ဗိုလ်မှူးကြီးစောချစ်သူ)၊ ၎င်း၏ သမီး ဒေါ်နန်းနှင်းနန္ဒာအေး၊သားဖြစ်သူ ဦးစောချစ်ချစ် နှင့် ဦးစောထူးအယ်မှူး၊ BGF ဗိုလ်မှူးကြီး ဦးစောမင်းမင်းဦး၊ဦးထိုက်မောင် ဟု တွေ့ရှိရသည်။

Public Service Announcement

Public Service Announcement

စစ်တပ်လက်​အောက်ခံ နယ်ခြား​စောင့်တပ်-BGF နှင့် ပြည်သူ့စစ် အဖွဲ့များကို စစ်တပ်က ​ခေတ်အဆက်ဆက် စီးပွား​ရေးလုပ်ငန်း များစွာလုပ်ကိုင်ခွင့်ပြုထားပြီး ယခုကဲ့သို့ လူသိများ​သော BGF ခေါင်း​ဆောင်၏ ကုမ္ပဏီကို အ​ရေးယူခြင်းမှာ ရှားရှားပါးပါးဖြစ်သည်။

ထိုအပြင် အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်က ​စောချစ်သူကို ၂၀၂၃ ဇန်နဝါရီတွင်သီရိပျံချီဘွဲ့​ပေးအပ်ထား​​သေးသည်။

ကရင်နယ်ခြား​စောင့်တပ် အဓိကလှုပ်ရှား​သော မြဝတီမြို့ အနီးဝန်းကျင်တွင် KNU/KNLA ကဦး​ဆောင်​သော​တော်လှန်​ရေးတပ်များက မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်တပ်စခန်းများကို ​မေလနှင့် ဇွန်လတွင် ဆက်တိုက်သိမ်းပိုက်​နေရာ ​ယခုအခါ ​ဝေါ​လေဗျူဟာ ၊ဥကရစ်ထစခန်း နှင့် တိသဲလယ်ကာကင်းစခန်းတို့သာကျန်ရှိ​တော့သည်။

နိုင်ငံခြားငွေလိုအပ်သည့် စစ်ကောင်စီသည် အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့ပြီးရက်ပေါင်း၃၀ အတွင်း နှင့် အခြားနိုင်ငံများသို့တင်ပို့ပါကရက်ပေါင်း ၆၀ အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့နိုင်ငံခြားငွေဖြင့်မပျက်မကွက်ထည့်သွင်းရန် သတ်မှတ်ထားသည်။

ထိုသတ်မှတ်ချက်အရ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ ၁၉၇ ခုသည် နိုင်ငံ ခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာကို လိုက်နာခြင်း၊စာရင်းရှင်းလင်းခြင်းမရှိခဲ့ဟု စစ်ကောင်စီက ဆိုသည်။

သို့သော် ပို့ကုန်အမည်စာရင်းနှင့် ပို့ကုန်တွင် ရရှိမည့် ငွေပမာဏကိုမူ ဖော်ပြထားခြင်းမရှိပေ။

၂၀၀၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော ဗိုလ်မှူးကြီးစောချစ်သူ၏ CHIT LINN MYAING ကုမ္ပဏီ ဂရုအောက်တွင် Chit Linn Myaing Toyota၊ Chit Linn Myaing Energy၊ Chit Linn Myaing Mining & Industry တို့ရှိသည်။

ထို့အပြင် Yulong Bay Resort Tourism & Development၊ Dawna Thanlwin၊ Htoo Thitsar Aung၊Myanmar Apolo International Investment၊ Shwe Badaythar Myaing နှင့် Htoo Myittar Htoo ကုမ္ပဏီတို့တွင်စောချစ်သူနှင့်၎င်း၏ သားသမီးများက ရှယ်ယာရှင် သို့မဟုတ် ဒါရိုက်တာအဖြစ် ပါဝင်ပတ်သက်ခဲ့ကြသည်။

ချစ်လင်းမြိုင်ကုမ္ပဏီသည် မြန်မာ-ထိုင်းနယ်စပ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဓိကအခြေစိုက်ရာ မြဝတီမြို့နယ်တွင် ယင်းလုပ်ငန်းများမှ ငွေကြေးအမြောက်အများရရှိခဲ့ကြောင်း ဥရောပသမဂ္ဂက အသိပေးထားသည်။

ထို့ကြောင့် BGF ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူး တင်ဝင်းတို့ကို ဥရောပသမဂ္ဂက ၂၀၂၄ နှစ်ကုန်ပိုင်းက အရေးယူပိတ်ဆို့မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တီမောနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် ဖြစ်ခွင့်အတွက် မထောက်ခံကြောင်း အာဏာသိမ်း မြန်မာစစ်ကောင်စီက အသိပေး ပြောကြားလိုက်ပါတယ်။

သတင်း

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်း လွှတ်တော်နေရာ ၁၀ရာခိုင်နှုန်းပင် မရှိတဲ့၊ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်နဲ့ မိုင်(၉၀) ဝန်းကျင်လောက်ပဲဝေးတဲ့မိတ္ထီလာမြို့ဟာစစ်ကောင်စီထောက်ခံသူတွေများလွန်းလို့အစိမ်းရောင်လွင်ပြင်လို့တောင် တင်စားခံရတဲ့ဒေသတခုပါ။ ဒါ့အပြင် မိတ္ထီလာမြို့ဟာ လေတပ်စခန်း ဌာနချုပ်၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် စတဲ့ စစ်တပ်စခန်းတွေရှိတာကြောင့် တပ်မြို့တော်လိုဖြစ်နေပြီး လုံခြုံရေးတင်းကျပ်တဲ့မြို့တမြို့ပါ။ အဲဒီလိုစစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ မြို့တမြို့မှာ ပြည်သူတွေ တကယ်ကော လုံခြုံပါရဲ့လား။ ကျနော်တို့ ဆက်ကြည့်ကြရအောင်ပါ။

သတင်း

ဇွန်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က အင်အားအဆမတန်သုံး၍ ထိုး​ဖောက်ဝင်ရောက်လာခြင်းကြောင့် ပြည်သူများအ​နေဖြင့် မိုးဗြဲမြို့ရှိအဓိက မိန်းလမ်းမကြီးအား လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုက ယနေ့ညတွင်သတိ​ပေးထုတ်ပြန်သည်။ အဓိကလမ်းမကြီးကို ပြည်သူများလုံးဝအသုံးမပြုရန် အပြင် မိုးဗြဲ မြို့အနီးနားရှိကျေးရွာလူထုအနေဖြင့် စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။ မိုးဗြဲ...