close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် ပါတီတွေရဲ့ ထောက်ခံမှုကို ရရှိထားဆဲလို့ ထိုင်းဝန်ကြီးချုပ်ပြော

ညွန့်ပေါင်းအဖွဲ့ထဲက အင်အားအကြီးဆုံး ပါတီတစ်ခု နုတ်ထွက်သွားပေမယ့် ကျန်တဲ့ ပါတီတွေရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားဆဲလို့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ပြောကြားခဲ့ပါတယ်။

ညွန့်ပေါင်းအဖွဲ့ထဲက အင်အားအကြီးဆုံး ပါတီတစ်ခု နုတ်ထွက်သွားပေမယ့် ကျန်တဲ့ ပါတီတွေရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားဆဲလို့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ပြောကြားခဲ့ပါတယ်။

ကွန်ဆာဗေးတစ် အင်အားစုဖြစ်တဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီဟာ ဖေထောင်ထန်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှု အပြီးမှာ ညွန့်ပေါင်း အစိုးရကို စွန့်ခွာသွားခဲ့တာပါ။ အဲဒီ အသံဖိုင်ထဲမှာတော့ ဖေထောင်ထန်နဲ့ ဟွန်ဆန်းတို့ဟာ နှစ်နိုင်ငံ နယ်စပ် ပြဿနာတွေကို ဆွေးနွေးရင်း ဖေထောင်ထန်က ထိုင်းစစ်တပ်ကို ကွယ်ရာမှာ မကောင်းပြောတဲ့ စကားမျိုးတွေ ထည့်သွင်း ပြောဆိုမိခဲ့ပါတယ်။

အသံဖိုင် ပေါက်ကြားလာတဲ့နောက် ဖေထောင်ထန်အတွက် အကြီးအကျယ် အကျပ်ရိုက်စရာတွေ ဖြစ်ကုန်ပြီး ထိုင်းစစ်တပ်ကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ်တွေက ညွန့်ပေါင်း အစိုးရကို ကျောခိုင်းသွားခဲ့တာပါ။ အခုအခါမှာတော့ ဖေထောင်ထန် ဦးဆောင်နေတဲ့ ညွန့်ပေါင်း အစိုးရဟာ လွှတ်တော်ထဲမှာ အင်အားသာလွန်တဲ့ အစုအဖွဲ့အဖြစ် ရပ်တည်နိုင်ရုံ အဆင့်သာ ရှိပါတော့တယ်။ တစ်နည်းအားဖြင့် နောက်ထပ် ပါတီတစ်ခုခု နုတ်ထွက်ရုံနဲ့ အစိုးရ ပြိုကွဲသွားမယ့် သဘောပါ။

အသက် ၃၈ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံ သမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖေထောင်ထန်ဟာ အသံဖိုင် ပေါက်ကြားမှု ဂယက်ကြောင့် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေလည်း ကြုံနေရပါတယ်။ သူကတော့ စစ်တပ်နဲ့ ဆက်ဆံရေးကို ပြန်လည် ဖာထေးဖို့ ကြိုးစားနေသလို အသံဖိုင်မှာ ပြောဆိုထားတဲ့ ကိစ္စတွေအတွက်လည်း တောင်းပန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၂ ရက်နေ့မှာတော့ ဖေထောင်ထန်ဟာ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် နောက်ထပ် ပါတီခေါင်းဆောင်တွေကို ဘန်ကောက်မြို့က ဟိုတယ်တစ်ခုမှာ ဖိတ်ကြား တွေ့ဆုံခဲ့ပြီး ဘွမ်ဂျိုင်ထိုင်း ပါတီ နုတ်ထွက်သွားလို့ လစ်လပ်သွားတဲ့ အစိုးရ အဖွဲ့ဝင် ရာထူးနေရာ ၈ ခုကို ပြန်လည် ဖြည့်တင်းရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။ မိနစ် ၉၀ ကြာ ဆွေးနွေးပွဲမှာတော့ ညွန့်ပေါင်း အစိုးရ အဖွဲ့ကနေ နုတ်ထွက်ဖို့ ဖိအားပေး တောင်းဆို ခံနေရတဲ့ ထိုင်းအမျိုးသား စည်းလုံးရေး (UTN)ပါတီ အကြီးအကဲ ပီရာပန် ဆလီရက်သာဗီဘာဂါလည်း တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲ အပြီးမှာ ဖေထောင်ထန်ဟာ လူမှုကွန်ရက်ပေါ် ပို့စ်တစ်ခု တင်ထားခဲ့ပြီး လက်ကျန် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ပါတီအားလုံးက ထောက်ခံရပ်တည်ပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း ရေးသားထားခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ ဘုံတူညီတဲ့ နားလည်မှု တစ်ခုအောက်မှာ ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ ကိုယ်စီ တာဝန်တွေကို ထမ်းဆောင်နေကြောင်း၊ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် ပါတီတွေကလည်း စည်းလုံးမှုကို ပြသခဲ့ကြောင်း၊ ဒီအခြေအနေတွေက ထိလွယ်ရှလွယ် ကာလတွေမှာ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရင်း နိုင်ငံရဲ့ ပြည်သူတွေနဲ့ ဂုဏ်သရေကို ထိန်းသိမ်းစောင့်ရှောက်စေနိုင်မှာ ဖြစ်ကြောင်း ဖေထောင်ထန်က ဆိုပါတယ်။

ထိုင်းပြည်သူတွေရဲ့ စွမ်းအားထက်တော့ ဘယ်ခြိမ်းခြောက်မှုကမှ အင်အားမကြီးနိုင်ဘူးလို့ သူယုံကြည်ထားပြီး အစိုးရဟာ နိုင်ငံကောင်းကျိုးအတွက် မမောမပမ်းစတမ်း ကြိုးစား လုပ်ဆောင်သွားမယ်လို့လည်း ဖေထောင်ထန်က ရေးသားထားပါတယ်။

ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဖေထောင်ထန်ရဲ့ ဖျူထိုင်းပါတီ (PTP)ဟာ ကွန်ဆာဗေးတစ်တွေ စွန့်ခွာသွားပြီးတဲ့နောက် လစ်လပ်သွားတဲ့ အရေးကြီးရာထူး နေရာ အများစုကို ရယူသွားဖွယ် ရှိနေပြီး လက်ရှိ ကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်ဟာ ပြည်ထဲရေး ဝန်ကြီးနေရာမှာ ပြောင်းလဲ ခန့်အပ် ခံရမယ်လို့ သိရပါတယ်။ ကာကွယ်ရေး ဝန်ကြီး နေရာကိုတော့ ထိုင်းစစ်တပ် ထိပ်တန်း အရာရှိဟောင်း တစ်ဦးဦးက လွှဲပြောင်း ရယူနိုင်ခြေ များနေတယ်လို့ သတင်းကြီးနေပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားလာတဲ့နောက် ထိုင်းညွန့်ပေါင်း အစိုးရ အဖွဲ့ရဲ့ အခြေအနေဟာ ပြိုကျလုနီးပါး ဖြစ်လာပြီး ဖေထောင်ထန် နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာနေပါတယ်။

သတင်း

မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦးက ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်အပေါ် အတိုက်အခံ အင်အားစုတွေက အယုံအကြည်မရှိ အဆိုတင်သွင်းထားမှုအတွက် အပြန်အလှန် စကားစစ်ထိုးမှုတွေကို မတ်လ ၂၄ ရက်နေ့က လွှတ်တော်မှာ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ်က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေတဲ့ အကြောင်းရင်း တချို့ကို ကောက်နုတ် ပြောကြားခဲ့ပြီး သူ့ရဲ့ အစိုးရဟာ စီးပွားရေး ချဲ့ထွင်မှု ရည်မှန်းချက်တွေကို အင်ပြည့်အားပြည့် လုပ်ဆောင်နိုင်မယ်လို့ ကတိပေးခဲ့ပါတယ်။