close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ် စစ်တပ်စခန်းကို KNU ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

မြဝတီမြို့​တောင်ဘက် နယ်စပ်တွင် ​စစ်တပ်၏ဝေါ​လေဗျူဟာ၊ ဥကရစ်ထစခန်း၊တိသဲလယ်ကာကင်းစခန်းတို့သာသိမ်းရန်ကျန်

KNLA နှင့် ပူး​ပေါင်းတပ်သိမ်းပိုက်လိုက်​သောထိကပလယ် စစ်တပ်စခန်း ။ဓါတ်ပုံ-Thunder Kawthoolei

ဇွန်-၂၂၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ၊မြန်မာ-ထိုင်းနယ်စပ် လက်ကျန် စခန်း​လေးခုအနက် ထိကပလယ်(ထိကပလာ) စစ်တပ်စခန်းကို ယနေ့ညနေပိုင်းတွင်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ထိကပလယ်တပ်စခန်းကို ​တော်လှန်​ရေးတပ်များကတက်၍သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သားများမှာ ထွက်ပြေးသွားသည်ဟုလည်း KNU သတင်းရင်းမြစ်က ပြောသည်။

“သူများတက်ရှင်းတော့ သူတို့ ပြေးသွားတာပေါ့။ ကျနော်တို့လူတွေကစခန်းတက်သိမ်းလို့ရပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိကပလယ် တပ်စခန်းကျပြီဖြစ်၍ မြဝတီမြို့​တောင်ဘက် နယ်စပ်တွင် ဥကရစ်ထစခန်း၊ ဝေါ်လေ ဗျူဟာ နှင့် တိသဲလယ်ကာကင်းစခန်းတို့သာ ကျန်တော့သည်။ ကျန်စခန်းများ ကိုလည်း မကြာမီ သိမ်းပိုက်နိုင်မည့်အလားအလာရှိသည်ဟု၎င်းကဆက်​ပြောသည်။

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း

“စကစတွေက စခန်းကနေ ဆုတ်ပြေးသွားတာ။ ထိုင်းဘက်ကိုပေါ့။ တော်လှန်ရေးအဖွဲ့တွေကတော့ စခန်းရသွားပြီ။ ပြေးတဲ့ စကစတွေ ဒါပေမယ့် ထိုင်းဘက်တော့မရောက်သေးဘူး။ တော်လှန်ရေးအဖွဲ့တွေက လိုက်ရှင်းနေတယ်။ မီလောက်မှာပါ။ ဒါပေမယ့် စကစတွေကလည်း လမ်းတလျှောက် မိုင်းတွေထားခဲ့တယ်ကြားတယ်။ သူတို့ကို ထိုင်းဘက်ကလည်းကြိုစောင့်နေတယ် သိရတယ်။ သူတို့မှာဒဏ်ရာရသူတွေလည်းပါတော့ သိပ်မရောက်နိုင်ဘူး။ ခုထိတော့ ရောက်တယ်မကြားသေးဘူး”ဟု စခန်းသိမ်းတိုက်ပွဲအ​ကြောင်း​ပြောသည်။

တတိယ​မြောက်ကရင်သတင်းရင်းမြစ်တဦးကလည်း ထိကလပယ် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှုကို အတည်ပြုသည်။ ထိုအပြင် မဆုတ်တမ်းခံစစ် ထိကပလယ် စစ်ဆင်ရေးခြေကုတ်စခန်း ဆိုင်းဘုတ်ပါ စစ်ကောင်စီတပ်စခန်း မှတ်တမ်းဓာတ်ပုံကိုလည်း သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် မေလ ၂၃ ရက်တွင် တပ်မဟာ

(၆)နယ်မြေ ကရင်ပြည်နယ် မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်း ၊ မေလ ၂၈ရက်တွင် ကနဲလေးတပ်စခန်း၊ မေလ ၂၉ရက်တွင် ရွှေအေးမြိုင် တပ်စခန်း၊ မေလ ၃၀ရက်တွင် ဘုရင့်နောင်စခန်းနှင့် မော်ခီးစခန်း ၊ ဇွန်လ ၃ရက်တွင် သေ့ဘောဘိုး တပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။

ယင်းစခန်းများအနက် ဘလယ်ဒို၊ ကနဲလေး နှင့် သေ့ဘောဘိုး တပ်စခန်းများမှလက်နက်ခဲယမ်း အများအပြားသိမ်းပိုက်ရရှိသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏လက်အောက်တွင်အဖိနှိပ်ခံနေထိုင်းခြင်းမပြုဘဲ တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ထွက်ပြေးလာကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထံ အလင်းဝင်လာသည့် စစ်သားများက စစ်​ကောင်စီလက်​အောက်မှစစ်သားများအားတိုက်တွန်းသည်။

သတင်း

ပြည်ထောင်စုထဲ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သေချာဟု KNU ထပ်မံအသိပေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

သတင်း

ကရင်ပြည်နယ် ဖာပွန် - ကမမောင်း လမ်းပိုင်းက ကတိုင်တိစခန်းကို တိုက်ယူပြီး ငါးလနီးပါးအကြာမှာ ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။