close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီဇာသုံးမျိုး လျှောက်ထားသူတွေရဲ့ လူမှုကွန်ရက် မီဒီယာ အကောင့်တွေ ပြသဖို့ အမေရိကန် ညွှန်ကြား

ရွှေ့ပြောင်း အခြေချမှု မဟုတ်တဲ့ ဗီဇာသုံးမျိုးအတွက် လျှောက်ထားသူတွေဟာ ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ အကောင့်တွေကို publicအဖြစ် ထားရှိရမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်ပေါ်လာကြောင်း သိရပါတယ်။

ရွှေ့ပြောင်း အခြေချမှု မဟုတ်တဲ့ ဗီဇာသုံးမျိုးအတွက် လျှောက်ထားသူတွေဟာ ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ အကောင့်တွေကို publicအဖြစ် ထားရှိရမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်ပေါ်လာကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံဆိုင်ရာ ထိုင်းသံရုံးဟာ ဗီဇာ လျှောက်ထားမှုတွေနဲ့ ပတ်သက်ပြီး အဲဒီ စည်းမျဉ်းသစ်ကို ထည့်သွင်း သတ်မှတ်မယ့်အကြောင်း ဇွန်လ ၂၃ ရက်နေ့မှာ အသိပေးလာခဲ့တယ်လို့ Bangkok Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပညာရေး ဗီဇာ၊ အသက်မွေး ပညာရေး ဗီဇာနဲ့ နှစ်နိုင်ငံ ဖလှယ်ရေး အစီအစဉ်အရ စေလွှတ်သူတွေအတွက် ထုတ်ပေးတဲ့ ဗီဇာ ရရှိသူတွေဟာ သူတို့ရဲ့ privacy settingကို publicအဖြစ် ဖွင့်ထားတဲ့ လူမှုကွန်ရက် စာမျက်နှာတွေကိုပါ တင်ပြရမှာ ဖြစ်ပါတယ်။

ဒါမှသာ အချက်အလက် စိစစ်မှုတွေကို ပိုမို လွယ်ကူချောမွေ့စေပြီး အမေရိကန်ရဲ့ ဥပဒေတွေနဲ့ အညီ လျှောက်ထားခြင်း ရှိမရှိ ဆန်းစစ်နိုင်လိမ့်မယ်လို့ သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဗီဇာ အမျိုးအစား ၃ ခု လျှောက်ထားမှုကို အဆင့် ၆ ခု ဖြတ်သန်းစေပြီး စိစစ်မှာဖြစ်ကြောင်း၊ အဲဒီနောက်မှာတော့ နောက်ဆုံးအဆင့် အနေနဲ့ သံရုံးက အင်တာဗျူးသွားမယ်လို့လည်း သံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ