close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က​ကော့ကရိတ်မြို့ကိုစစ်ကူ​တွေပို့လို့တိုက်ပွဲ​တွေဆက်တိုက်ဖြစ်​နေ

နယ်စပ်မှာ တပ်စခန်းတွေဆက်တိုက်လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို ခံစစ်ပြင်ဖို့ စစ်ကူတွေပို့နေပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ မြေပြင်က PDFစစ်ကြောင်းမှူးနဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇွန် ၁၉ ရက်​နေ့မှာ ကျုံဒိုးကထွက်လာတဲ့ စစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ပြီး သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-Lion Battalion ၊MLA

ဇွန်-၂၂၊ ၂၀၂၅/People’s Spring

နယ်စပ်မှာ တပ်စခန်းတွေဆက်တိုက်လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို ခံစစ်ပြင်ဖို့ စစ်ကူတွေပို့နေပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ မြေပြင်က PDFစစ်ကြောင်းမှူးနဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းနဲ့ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပြီး တော်လှန်ရေးတပ်တွေက အသာရနေတယ်လို့လည်း ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

“တောက်လျှောက်ပွဲကောင်းတယ်နော်။ကျုံဒိုးဘက်ခြမ်းမှာတွေလေးတိုင်း၊ငါးတိုင်ဘက်တွေ ပွဲကောင်းတယ်။ အင်အားတွေလည်း ပို့တာ မနည်းဘူး။ သူတို့က အခုနောက်ပိုင်းမှာ ဒီဘက်ပိုင်းမရနိုင်တော့ ကော့ကရိတ်ကိုခံစစ်ပြင်ဖို့ရအောင်ကြိုးပမ်းနေတာပေါ့။ အဲဒါကြောင့်ကျုံဒိုးမြို့ကနေ စစ်ကူပို့ဖို့စစ်ကြောင်းတွေထိုးနေတာ”လို့ PDFစစ်ကြောင်းမှူးတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ကော့ကရိတ်မြို့ကနေ မြဝတီမြို့သွားရာ အာရှမလမ်းပိုင်းကို စစ်ကြောင်းထိုးမရတာကြောင့်ကျုံဒိုးမြို့ဘက်ကနေ စစ်ကြောင်းထိုးနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဇွန်လ ၁၉ရက်က ကျုံဒိုးမြို့ကနေ စစ်ကြောင်းထိုးထွက်လာတဲ့ တပ်မ ၄၄ ၊တပ်မ ၅၅ ပူး​ပေါင်းစစ်ကြောင်းကို​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ရာ စစ်သား ၄၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းရခဲ့တယ်လို့ Lion Battalion စစ်ကြောင်းက ပြောပါတယ်။

“ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲကတော့ နေ့တိုင်းလိုဖြစ်နေတာပါ”လို့ Lion Battalion စစ်ကြောင်းက ပြောပါတယ်။

လက်တလောမှာ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းက လေးတိုင်၊ငါးတိုင်နဲ့ ခုနစ်တိုင်နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး အာရှလမ်းပိုင်းကကော့နွှဲ့နဲ့ တောနော် နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် အောင်ဇေယျစစ်ကြောင်းရှိရာအာရှလမ်းပိုင်းကိုလည်း နေရာစုံပိတ်ဆို့ထားတယ်လို့ PDFစစ်ကြောင်းမှူးက ပြောပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်ထိခိုက်မှုရှိပေမယ့် စစ်တပ်က ​သေဆုံးထိခိုက်မှုပိုများတယ်လို့ ဆိုပါတယ်။

“အောင်ဇေယျက အကုန်ငတ်ပြတ်နေပြီ။ အခုက စနစ်တမျိုးနဲ့ သွားနေတာပေါ့။ ရိက္ခာရေရှည်မရှိရင် ဘာမှလုပ်မရဘူး။ ကော့ကရိတ်နဲ့ တောနော်ကို သူတို့သွားလာလို့ မရဘူးလေ။ ကော့ကရိတ်နဲ့ တောနော်ကြားမှာ ပိတ်ဆို့ထားတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာရှလမ်းပိုင်းပေါ်က အောင်ဇေယျစစ်ကြောင်းမှာ အင်အား ၄၀၀ လောက်ကျန်နေသေးတယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။

မြန်မာ−ထိုင်းနယ်စပ်စည်းမျဉ်းအနီးက စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥကရစ်ထတပ်စခန်းနဲ့ ထီးကပလယ်တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁၁ရက်မှာ စတင်ပိတ်ဆို့ထားပြီး ထီးကပလယ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၉ရက်က စတင်တိုက်ခိုက်​နေပါတယ်။

KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာမြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့​တောင်ဘက်ကဘလယ်ဒို ၊ ကနဲလေး ၊ရွှေအေးမြိုင် (ဝါးမီထ) ၊ဘုရင့်နောင်၊ မော်ခီး ၊ ​သေ​ဘောဘိုးတပ်စခန်းတွေကိုဆက်တိုက် တိုက်ခိုက်သိမ်းယူထားပါတယ်။

ဒါ့​ကြောင့် မြဝတီမြို့​တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်မှာ စစ်​တပ်ရဲ့ ဥကရစ်ထ တပ်စခန်း ၊ထီကပလယ်စခန်း နဲ့ ဝေါလေဗျူဟာစခန်း နဲ့ တိသဲလယ်ကာကင်းစခန်းတို့ပဲကျန်ရှိပါ​တော့တယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

စစ်​ဘေး​ရှောင်ပြည်သူ ​လေး​သောင်း​ကျော်အတွက်လူသားချင်းစာနာ​ထောက်ထားမှုအကူအညီများလိုအပ်​နေ​ကြောင်း IEC ထုတ်ပြန်

သတင်း

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။