close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ခြေ ဘာကြောင့် မရှိရမှာလဲလို့ ထရမ့် မေးခွန်းထုတ်

အီရန်မှာ အစိုးရ အပြောင်းအလဲ ဘာကြောင့် မဖြစ်နိုင်ရမှာလဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးခွန်းထုတ်ခဲ့ပါတယ်။

EPA

အီရန်မှာ အစိုးရ အပြောင်းအလဲ ဘာကြောင့် မဖြစ်နိုင်ရမှာလဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးခွန်းထုတ်ခဲ့ပါတယ်။

ဘာသာရေး အခြေပြု အစိုးရ အုပ်ချုပ်နေတဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်း ၃ ခုကို အမေရိကန်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ထရမ့်က အခုလိုမျိုး အဓိပ္ပါယ် အမျိုးမျိုး တွေးလို့ရမယ့် သဘောထား မှတ်ချက်မျိုး ပေးလာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ဆိုရင်တော့ အစိုးရ အပြောင်းအလဲဆိုတဲ့ ဝေါဟာရကို သုံးစွဲတာ သင့်တော် မှန်ကန်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ လက်ရှိ အီရန် အစိုးရဟာ အီရန်နိုင်ငံကို တကျော့ပြန် ခမ်းနား တိုးတက်လာအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ဘာကြောင့် အစိုးရ အပြောင်းအလဲ မရှိနိုင်ရမှာလဲလို့ ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။

သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthပေါ်မှာ ထရမ့်က အဲဒီလို ရေးသားထားခဲ့တာဟာ အစောပိုင်းတုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ် ပြောဆိုထားတဲ့ စကားတွေနဲ့ ကွာဟနေပါတယ်။

Public Service Announcement

Public Service Announcement

အီရန်မှာ ဗုံးကြဲခဲ့တဲ့ မစ်ရှင်ကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဟက်ဂ်ဆက်သ်က အဲဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်ဟာ အီရန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်စေဖို့ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ကတော့ လုံခြုံရေး ညီလာခံ အစည်းအဝေးမှာ အမေရိကန်ဟာ လုပ်ကြံဖန်တီးထားပြီး မရိုးဖြောင့်တဲ့ အကြောင်းပြချက်တွေ သုံးပြီး အီရန်အပေါ် စစ်ပြုခဲ့တာလို့ စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။

အီရန်ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် အေမာဆာအိဒ် အီရာဗာနီက အမေရိကန်ရဲ့ ရန်လိုမှုအတွက် အီရန်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်ရှိတယ်လို့လည်း ပြောပါတယ်။ ဘယ်လို လက်တုံ့ပြန်မလဲ ဆိုတဲ့ အချိန်၊ သဘောသဘာဝနဲ့ အတိုင်းအတာ ပမာဏတွေကိုတော့ အီရန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အီရန်နဲ့ အစ္စရေးတို့ကြား အပြန်အလှန် လေကြောင်းက တိုက်ခိုက်နေခဲ့ချိန်မှာ ဇွန်လ ၂၂ ရက် မနက်ပိုင်းတုန်းက အမေရိကန်ဟာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ရေတပ်ရဲ့ Tomahawk ဒုံးကျည်တွေကို အသုံးပြုပြီး အီရန်ရဲ့ နျူကလီးယားဆိုင်ရာ စခန်းနေရာ ၃ ခုကို ပါဝင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

အစ္စရေး-အီရန် စစ်ပွဲ

အီရန်နဲ့အစ္စရေး နှစ်နိုင်ငံ စစ်ဖြစ်ခဲ့တာ တပတ်ပြည့်ခဲ့ပါပြီ။ နှစ်ဖက်စလုံးမှာ သေဆုံးဒဏ်ရာရတာတွေ ရာချီပြီး ရှိနေပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ကာတာ အစိုးရက ပေးအပ်တဲ့ ဇိမ်ခံ လေယာဉ်ကြီးကို အမေရိကန်က လက်ခံယူခဲ့ပါတယ်။

သတင်း

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ထောက်ပံ့ရေး ရန်ပုံငွေတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုတ်တရက် ဖြတ်တောက်ပစ်လိုက်တဲ့အခါ ပြည်တွင်းစစ်ဒဏ်ကြောင့် ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ မြန်မာစစ်ရှောင် အများအပြားဟာ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ လက်လှမ်းမီဖို့ အရမ်းခက်သွားပါတယ်။ Guardian...

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။