close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေတဲ့ အကြောင်းရင်း တချို့ကို ထိုင်းဝန်ကြီးချုပ် ပြောကြား

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ်က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေတဲ့ အကြောင်းရင်း တချို့ကို ကောက်နုတ် ပြောကြားခဲ့ပြီး သူ့ရဲ့ အစိုးရဟာ စီးပွားရေး ချဲ့ထွင်မှု ရည်မှန်းချက်တွေကို အင်ပြည့်အားပြည့် လုပ်ဆောင်နိုင်မယ်လို့ ကတိပေးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ်က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေတဲ့ အကြောင်းရင်း တချို့ကို ကောက်နုတ် ပြောကြားခဲ့ပြီး သူ့ရဲ့ အစိုးရဟာ စီးပွားရေး ချဲ့ထွင်မှု ရည်မှန်းချက်တွေကို အင်ပြည့်အားပြည့် လုပ်ဆောင်နိုင်မယ်လို့ ကတိပေးခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့တုန်းက သူ့ရဲ့ အပတ်စဉ် လုပ်ဆောင်နေကျ Empowering Thais အစီအစဉ်မှာ ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ နှစ်အတွင်း ထိုင်းနိုင်ငံရဲ့ GDPဟာ ၂.၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အဓိက အကြောင်းရင်းတွေကတော့ နိုင်ငံဟာ အသစ်ပေါ်ထွန်းလာတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံနိုင်မှု မရှိတာ၊ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထိုင်းနိုင်ငံဟာ အနာဂတ် လုပ်ငန်းသစ်တွေအတွက် ပြင်ဆင်ထားမှု မရှိခဲ့တာတွေ ဖြစ်တယ်လို့ ဖေထောင်ထန်က ပြောပါတယ်။

ဥပမာ အနေနဲ့ မလေးရှားဟာ အနာဂတ် မျှော်ရည်မှုတွေနဲ့အတူ ဆီမီကွန်ဒက်တာတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းအတွက် သေချာ ပြင်ဆင်ခဲ့ပြီး ဗီယက်နမ်ဟာ နိုင်ငံသားတွေကို ကွန်ပျူတာ ကုတ်ဒ်ရေးသားမှု အတတ်ပညာပိုင်းကို သေသေချာချာ ဖြည့်တင်းပေးနေခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းတွေကတော့ အဲဒီလို နယ်ပယ်မျိုးတွေမှာ လေးလေးနက်နက် ချဉ်းကပ် ဖြည့်တင်းတာ မရှိခဲ့ကြောင်း၊ ထိုင်းအလုပ်သမားတွေကို ကျွမ်းကျင်မှုတွေ ဖြည့်တင်းတာ၊ ပြန်လည် မွမ်းမံသင်တန်းပေးတာတွေ လိုအပ်နေကြောင်း ဖေထောင်ထန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူက ပုဂ္ဂလိက လုပ်ငန်းပိုင်းတွေ အနေနဲ့လည်း အစိုးရရဲ့ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးမှု အားထုတ် ဆောင်ရွက်ချက်တွေမှာ ဝိုင်းဝန်း ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေး ဘဏ်တွေက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာအောင် ချေးငွေတွေ ပိုမို ခွင့်ပြုပေးဖို့လည်း ဖေထောင်ထန်က တောင်းဆိုသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ထိုင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေ တန်ဖိုးက စုစုပေါင်း ဘတ် ၁.၁၃ ထရီလီယံထိ များပြားခဲ့ပြီး ဆယ်စုနှစ် တစ်ခုအတွင်း အမြင့်ဆုံး ရောက်ရှိခဲ့တယ်လို့ သူက ဆိုတယ်။ ဒါ့အပြင် လက်ရှိ ၂၀၂၅ ခုနှစ်ထဲမှာ Google၊ TikTokနဲ့ Nvidiaတို့လို ကုမ္ပဏီကြီးတွေဟာ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့လည်း ဖေထောင်ထန်က ဆက်ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ ပထမ ရာထူးသက်တမ်း အတွင်းမှာတင် စီးပွားရေး တိုးတက်အောင် လှုံ့ဆော်မယ့် အစီအမံတွေ ကောင်းကောင်း အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ နိုင်ငံ စီးပွားရေး သိသိသာသာ တိုးတက်နှုန်း မြင့်လာဖို့ ဖြစ်နိုင်ခြေ ရှိနေဆဲလို့ ယူဆကြောင်းလည်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

သူ့ရဲ့ ဖခင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထ်ကလည်း အဲဒီ မတိုင်ခင် တစ်ရက်တုန်းက သူ့သမီးရဲ့ ဖျူထိုင်းပါတီ (PTP) ဦးဆောင်နေတဲ့ ညွန့်ပေါင်း အစိုးရဟာ နိုင်ငံ စီးပွားရေး ပြဿနာတွေကို အလေးအနက် ချဉ်းကပ် ဖြေရှင်းနေပြီး ပြည်သူတွေ အနေနဲ့ စိတ်ရှည်ပေးကြဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းများရှာဖွေဖို့ တိုင်းရင်းသားအစုအဖွဲ့များရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေနဲ့ စတင်တွေ့ဆုံမှုများလုပ်ဆောင်နေပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာတို့ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

သတင်း

နှစ်နိုင်ငံ နယ်စပ်နားက မြန်မာဖက်ခြမ်းမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေဆီ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ ထောက်ပံ့မှုတွေ မရရှိအောင် ချက်ချင်း ဖြတ်တောက် ရပ်ဆိုင်းဖို့ ထိုင်းဝန်ကြီးချုပ်က မီးစိမ်းပြလိုက်ပါတယ်။