close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုလံဘီယာမှာ မဂ္ဂနီကျု ၆.၃ ငလျင်လှုပ်လို့ ဒေသခံတွေ အထိတ်တလန့်ဖြစ်

ကိုလံဘီယာ နိုင်ငံမှာ မဂ္ဂနီကျု ၆.၃ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ကိုလံဘီယာ နိုင်ငံမှာ မဂ္ဂနီကျု ၆.၃ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ဒေသ စံတော်ချိန်အရ ဇွန်လ ၈ ရက် မနက်ပိုင်းလောက်က မြို့တော် ဘိုဂိုတာနားမှာ အဲဒီငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ငလျင်ဟာ ဘိုဂိုတာ အရှေ့ဖက် ၁၀၅ မိုင် အကွာ၊ ပါရာတန်ဗျူနို မြို့နားမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကိုလံဘီယာ ငလျင်တိုင်းတာရေး အေဂျင်စီကတော့ ငလျင်ရဲ့ ပြင်းအားကို မဂ္ဂနီကျု ၆.၅ လို့ ဖော်ပြပါတယ်။

ငလျင်ရဲ့ သက်ရောက် ယိမ်းထိုးတဲ့ဒဏ်ကို ဘိုဂိုတာမှာလည်း သိသိသာသာ ခံစားခဲ့ရပြီး ဒေသခံတွေဟာ တိုက်အမြင့်တွေ၊ နေအိမ်တွေကနေ အလန့်တကြား ဆင်းပြေးခဲ့ကြပါတယ်။ ဘိုဂိုတာ တဝိုက်မှာလည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အချက်ပေး ဥဩသံတွေ မြည်ဟည်းသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တချို့လူတွေဟာ ညဝတ်အင်္ကျီ ပဂျားမားတွေ ဝတ်လျက်နဲ့ ဒရောသောပါး ဆင်းပြေးလာကြပြီး အထပ်မြင့် အဆောက်အအုံတွေနဲ့ ဝေးရာ ပန်းခြံတွေ၊ ကွင်းပြင်တွေမှာ လူစုနေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဘိုဂိုတာမြို့ခံ သက်ကြီးရွယ်အို အမျိုးသမီးကြီး တစ်ဦးက ငလျင်ရဲ့ လှုပ်ခတ်မှုက အရမ်းကြမ်းတမ်းကြောင်း၊ သူဟာ လှေကားထစ်တွေကနေ ဘယ်လိုဘယ်ပုံ ခုန်ပျံပြီး ဆင်းပြေးလာမိသလဲ ဆိုတာကိုတောင် မမှတ်မိတော့ကြောင်း ပြောပါတယ်။

ငလျင်က အတော်လေး ကြမ်းခဲ့ပေမယ့် ကနဦး စစ်ဆေးမှုတွေအရ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိသလို လူအသေအပျောက်လည်း သတင်းမရကြောင်း ဘိုဂိုတာ မြို့တော်ဝန် ကားလို့စ် ဂါလန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

သူ့ဆီ ရောက်လာတဲ့ အစီရင်ခံချက်တွေအရ လူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ အရမ်း ထိတ်လန့် တုန်လှုပ်သွားတဲ့အတွက် ဆေးရုံကို တင်ပို့ပေးခဲ့ရတာကလွဲရင် အသေးစား ပွန်းရုံပဲ့ရုံ ဒဏ်ရာရသူတွေသာ ရှိခဲ့ကြောင်း ဂါလန်က ဆိုပါတယ်။ နောက်ပြီး ငလျင်ကြောင့် နေရာတချို့မှာ ခဏလောက် မီးပြတ်ခဲ့ပေမယ့် နာရီပိုင်းအတွင်း အားလုံးပြင်ဆင် ပြီးစီးသွားခဲ့တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုလံဘီယာ အလယ်ပိုင်းဟာ ပြင်းထန်တဲ့ ငလျင်တွေ လှုပ်ခတ်ဖူးတဲ့ သမိုင်းကြောင်းမျိုး ရှိနေတဲ့ ဇုန်နယ်မြေ တစ်ခုပါ။ ၁၉၉၉ ခုနှစ်တုန်းက မဂ္ဂနီကျု ၆.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ကိုလံဘီယာမှာ လူ ၁၂၀၀ လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: ABC
https://abcnews.go.com/International/wireStory/63-magnitude-earthquake-hits-central-colombia-casualties-reported-122629555

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုလံဘီယာမှာ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေသူ တစ်ဦးဟာ မဲဆွယ်စည်းရုံးနေချိန်အတွင်း ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်ခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့်မိသားစုလိုက်သေဆုံး၊​ကနဦးသတင်းအရသေဆုံးသူ ၈ ဦးရှိ

သတင်း

မန္တလေးမှာ ဒီကနေ့ ညနေပိုင်းက ငလျင်ကောလဟာလကြောင့် အခြေခံပညာကျောင်းတချို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်နားမှာ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်တာကို ထောက်လှမ်း သိရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသ ဌာနက ပြောပါတယ်။