close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ဆုတောင်း ဗီဒီယိုပေါင်းရှစ်သောင်းနဲ့ ဂင်းနစ်မှတ်တမ်းတင်ဖို့ ကြိုးစားနေ

ဇွန် ၁၉ တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆုတောင်းဗီဒီယိုပေါင်းရှစ်သောင်းရရှိကာ ဂင်းနစ်မှတ်တမ်းတင်နိုင်ရန်ရည်ရွယ်ထားသော ကြောင့် ပြည်သူများပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဇွန်-၈၊၂၀၂၅။တေဇ/People’s Spring

ဇွန် ၁၉ တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆုတောင်းဗီဒီယိုပေါင်းရှစ်သောင်းရရှိကာ ဂင်းနစ်မှတ်တမ်းတင်နိုင်ရန်ရည်ရွယ်ထားသော ကြောင့် ပြည်သူများပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

“အမေစုမွေးနေ့အတွက် Video challenge – ၁၀ ရက်အတွင်း ဆုတောင်း video 80,000 ပြည့်အောင်လုပ်ပြီး Guinness ဂရင်းနစ်စံချိန်ဝင်အောင်လုပ်နေကြပါတယ်။ အားလုံးပါဝင်ပေးစေချင်ပါတယ်။ ” ဟု ရန်ကုန် တော်လှန် ညီနောင်လေးဖွဲ့က အသိပေးထားသည်။

ယင်းအစီအစဉ်ကို Suu 80 Birthday Campaign က ဇွန် ၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်ရက်အတွင်း ဆုတောင်းဗီဒီယို ရှစ်သောင်းရရှိရန်ရည်ရွယ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း ဇွန် ၈ ရက်နံနက် အထိ ဆုတောင်း ဗီဒီယို တစ်သောင်းခန့်သာရှိသေးသောကြောင့် ရည်ရွယ်ချက်ပြည့်မီရန်လိုအပ်နေသေးကြောင်း အသိပေးထားသည်။

ဗီဒီယိုဖိုင်တွင် Happy Birthday ဖြင့်စတင်၍ Suu စကားလုံးလည်း ပါဝင်ရမည်ဖြစ်ပြီး ဗီဒီယိုဖိုင်သည် စက္ကန့် ၃၀စာ ၊ 100MB သာ ခွင့်ပြုထားကြောင်း ကြေညာထားသည်။

ဗီဒီယိုဖိုင်ပို့ရမည့် လင့်ခ်များကို Suu 80 Birthday Campaign ၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားပြီး ဗီဒီယိုဖိုင်ပို့သူများ၏ လုံခြုံရေးကို အဓိကထားလုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

ယင်းကမ်ပိန်းအတွက် တော်လှန်အနုပညာရှင် ခါရာက “အမေစုအတွက် ဒါလေးမှ မလုပ်ပေးနိုင်ရင် ကျွန်တော်တို့ တာဝန်မကျေဘူး။ ဂင်းနစ်စံချိန်တင်ဖို့ မွေးနေ့ဆုတောင်း Video က Video ပေါင်း ၄ သောင်း ကျော်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာက အာရုံစူးစိုက်မှုရဖို့အမေစု အမြန်ဆုံး လွတ်မြောက်ဖို့ရည်ရွယ်ပါတယ်။ “Happy Birthday အမေစု” ဆိုတာနဲ့ mask တက်ပြီးပဲဖြစ်ဖြစ် ၊ မျက်နှာဝါးထားတာပဲဖြစ်ဖြစ် ပါဝင်လို့ရပါတယ်။” ဟု တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ