close
Connect with us

Hi, what are you looking for?

သတင်း

“China Communist Party ဝင်ရောက်စွက်ဖက်မှုတွေအခုရပ် ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဖန်တီးမယ်” -ခါရာ

ဇွန်-၉၊၂၀၂၅။ဆဏ်း/People’s Spring

မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များရပ်တန့်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့၌ တော်လှန်အနုပညာရှင် ခါရာက တောင်းဆိုလိုက်သည်။

ဇွန်လ ၈ ရက်တွင် ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခါရာက မြန်မာပြည်ဖွား တရုတ်လူမျိုးတစ်ဦးအနေဖြင့် တရုတ်ဘာသာစကားကိုပြောကြားကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ကျွန်တော့် နှလုံးသား ကျွန်တော့်တို့ရဲ့နှလုံးသားတွေဟာ အစိတ်စိတ်အမွှာမွှာ ဖျက်‌ဆီးခံလိုက်ရတယ်။ကျွန်တော်တရုတ်ပြည်ကိုချစ်တယ်။ မြန်မာပြည်ကြီးကို အရမ်းချစ်တယ်။ ဒါပေမယ့် ကိုယ့်ပြည်သူတွေက ကိုယ့်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ဖိနှိပ်‌ခြိမ်းခြောက်မှုတွေ လုပ်နေတာကို တရုတ်အစိုးရကတော့ မသိသလိုနေခဲ့ကြတယ်။” ဟုခါရာကပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အကျိုးအမြတ်ကြောင့် စစ်ကောင်စီကို ထောက်ခံခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ်နှင့် အာဏာအတွက်လုပ်ဆောင်နေခြင်းကို မြန်မာပြည်ဖွား တရုတ်တစ်ဦးအနေဖြင့်လက်မခံနိုင်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီ၏မတရား လုပ်ရပ်များကို ထောက်ခံခြင်း ထောက်ပံ့ခြင်းများ ရပ်တန်းကရပ်ရန် နှင့် မြန်မာပြည်သူများဘက်မှ ရပ်တည်ရန် ခါရာကတောင်းဆိုလိုက်သည်။

“အာဏာရှင်တွေနဲ့ မရပ်တည်ပါနဲ့ ၊ ရပ်တန်းကရပ် ၊ ငါတို့ပြည်သူတွေ အသက်တွေပေးနေရတာလုံလောက်ပြီ။ ငါတို့ပြည်သူတွေကို မျှော်လင့်ချက်တွေ ငြိမ်းချမ်းမှုတွေနဲ့ အနာဂတ်ကို တည်ဆောက်ခွင့်ပေးပါ။China Communist Party ဝင်ရောက်စွက်ဖက်မှုတွေ အခုရပ် ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဖန်တီးမယ်” ဟု ခါရာက ပြောသည်။

သရုပ်ဆောင်တစ်ဦးအနေဖြင့် အခြားနိုင်ငံ၏သံရုံးရှေ့၌ ဆန္ဒပြနေခြင်းသည် ကိုယ်ချင်းစာစိတ်ကြောင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းကအသိပေးထားသည်။

“သရုပ်ဆောင်ဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပဲ။ ပြည်သူတွေခံစားနေရသလိုပဲ ခံစားနေရတယ်။ ဘယ်လိုမှ မျက်ကွယ်ပြုလို့မရဘူး။ ဒါကြောင့်ဒီလမ်းကိုရွေးချယ်ခဲ့တယ်။ လူပီသချင်လို့။” ဟု ခါရာကပြောသည်။

ရုပ်သံ-Khar Ra’s Facebook

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်သံတွဲမြို့ကိုဇွန်လ ၇ရက်ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာစစ်ဘေးရှောင်ပြည်သူလေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

သတင်း

မြန်မာ့အရေးတွင် တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်းနှင့် စစ်​ကောင်စီဘက်မှရပ်တည်​သော တရုတ်အစိုးရကို ဆန့်​ကျင်​ကြောင်းအမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် နယူး​ယောခ်ရှိမြန်မာများစုဖွဲ့ထား​သော NYCBCကဦး​ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။