close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်​ကြောင်း တပ်ပေါင်းစုရဲ့ ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။

စက်တင်ဘာ-၂၁၊၂၀၂၅။People’s Spring

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။

စက်တင်ဘာ၂၁ ရက် မနက်ပိုင်းကဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု၊ ယင်းမာပင်မြို့နယ်သပိတ်အင်အားစု၊ မုံရွာပင်မလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ တကသကျောင်းသားဟောင်းများအင်အားစု ရန်ကုန်နဲ့ ဒဂုံတက္ကသိုလ်ကျောင်း

သားများသမဂ္ဂတို့ ပူးပေါင်းပြီး ပြည်သူများနဲ့အတူ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်များနဲ့ ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်တပ်အတွက် နိုင်ငံရေးထွက်ပေါက် တခုသာ ဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက်ဆိုတာကို ကျေးရွာတွေဆီ လှည့်ပြီး သပိတ်တရားဟောခဲ့ကြတယ်လို့ သိရပါတယ်။

(ဓါတ်ပုံ၊ Aung Khant Zaw ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး ၈.၈.၂၀၂၅ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ် ထီးသပိတ်ကမ်ပိန်းကို ယနေ့ ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သတင်း

ဇွန်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က အင်အားအဆမတန်သုံး၍ ထိုး​ဖောက်ဝင်ရောက်လာခြင်းကြောင့် ပြည်သူများအ​နေဖြင့် မိုးဗြဲမြို့ရှိအဓိက မိန်းလမ်းမကြီးအား လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုက ယနေ့ညတွင်သတိ​ပေးထုတ်ပြန်သည်။ အဓိကလမ်းမကြီးကို ပြည်သူများလုံးဝအသုံးမပြုရန် အပြင် မိုးဗြဲ မြို့အနီးနားရှိကျေးရွာလူထုအနေဖြင့် စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။ မိုးဗြဲ...