close
Connect with us

Hi, what are you looking for?

သတင်း

ယူကရိန်းအနှံ့ကို ညလုံးပေါက် ရုရှားက လေကြောင်းတိုက်ခိုက်လို့ ၃ ဦးသေဆုံး

နိုင်ငံအနှံ့မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန် လေကြောင်း တိုက်ခိုက်တာ ခံရပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Ukraine's state emergency service

နိုင်ငံအနှံ့မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန် လေကြောင်း တိုက်ခိုက်တာ ခံရပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ညပိုင်းနဲ့ စက်တင်ဘာ ၂၁ ရက် မနက်အစောပိုင်းတွေမှာ ရုရှားဟာ အရပ်သားတွေကို အကြောက်တရား ကြီးစိုးအောင်၊ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးနိုင်အောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်း မီဒီယာတွေက ရုရှားဒုံးကျည် တစ်စင်းဟာ လူနေ အဆောက်အအုံ တစ်ခုကို တိုက်ရိုက် ထိမှန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူကရိန်း လေတပ်က ရုရှားဟာ စုစုပေါင်း ဒရုန်းနဲ့ ဒုံးကျည် ၆၁၉ စင်းထိ ပစ်လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇီလန်စကီးက ယူကရိန်းရဲ့ ဒီနီပရို ပက်ထရော့ဗ်စ်ခ်၊ မိုင်ကိုလေ့ဗ်၊ ချာနီဟစ်ဗ်၊ ဇာပေါ့ရစ်ဇီရာ၊ ပိုလ်တာဗာ၊ ကိယက်ဗ်၊ အိုဒက်ဆာ၊ ဆူမီ၊ ခါကစ်ဗ် ဒေသတွေမှာ ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေ ညလုံးပေါက် တိုက်ခိုက်တာကို ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း အရပ်သား ဧရိယာတွေ၊ အဆောက်အအုံတွေ ထိမှန်ခဲ့တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။ ဒီနီပရိုမှာတော့ အထပ်မြင့် လူနေတိုက်တစ်လုံးဟာ ရုရှားဒုံးကျည် ထိမှန်ခြင်း ခံခဲ့ရကြောင်း ဇီလန်စကီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဖက်က ထုတ်ပြန်ချက်မှာတော့ ထုထည်ကြီးမားတဲ့ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့တာ မှန်ပေမယ့် စစ်ရေးပစ်မှတ်တွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကိုပဲ ဦးတည်ပြီး ပစ်မှတ်တိတိကျကျ ချိန်ရွယ်နိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ပြီးတော့ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆာမာရာ ဒေသထဲမှာ လူ ၄ ဦး သေဆုံးခဲ့တယ်လို့လည်း ရုရှားက စွပ်စွဲခဲ့ပါတယ်။ ယူကရိန်းကတော့ အဲဒီတိုက်ခိုက်မှုဟာ ရုရှားရဲ့ အဓိက ရေနံချက် စက်ရုံတစ်ခုကို ပစ်မှတ်ထားခဲ့တာလို့ ယူကရိန်းက ဆိုပါတယ်။ ဒါ့အပြင် အနီးမှာရှိတဲ့ ဆာရာတော့ဗ် ဒေသထဲက နောက်ထပ် ရုရှား ရေနံချက် စက်ရုံတစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဥရောပ အရှေ့ပိုင်းက NATO စစ်မဟာမိတ် အဖွဲ့ဝင် ပိုလန်၊ ရိုမေးနီးယားနဲ့ အက်စ်တိုးနီးယားတို့မှာ ရုရှားက လေပိုင်နက် ထိပါး ကျူးကျော်တာတွေ ရှိခဲ့တဲ့နောက် ရုရှားနဲ့ NATOကြားက ဆက်ဆံရေးကလည်း ပိုမိုတင်းမာလာနေပါတယ်။ NATOဟာ ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက်မှာ ယူကရိန်းအတွက် ဘဏ္ဍာရေးနဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့ခဲ့ပါတယ်။

ဇီလန်စကီးက သူဟာ လာမယ့် သီတင်းပတ်ကျရင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲကာလတလျှောက်မှာ ယူကရိန်း အစိုးရ အဆောက်အအုံ တစ်ခုကို ရုရှားက ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ နိုင်ငံခြား တပ်ဖွဲ့မှန်သမျှဟာ ရုရှားရဲ့ တရားဝင် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြီးကာလ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို ကူညီကာကွယ်ပေးမယ့် နိုင်ငံတကာ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် တပ်တွေ စေလွှတ်ပေးဖို့ နိုင်ငံပေါင်း ၂၆ ခုက သဘောတူထားတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဆိုပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဥရောပ သမဂ္ဂ (EU)နဲ့ ဗြိတိန်နိုင်ငံတို့က ဖွင့်လှစ်ထားတဲ့ ကိုယ်စားလှယ် ရုံးတွေပါ ထိခိုက်ပျက်စီးကုန်တယ်လို့ သိရပါတယ်။