close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေလွတ်မြောက်ဖို့ ၊စစ်တပ် ရွေးကောက်ပွဲသပိတ်မှောက်ဖို့စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကသာလူထုသပိတ်

စက်တင်ဘာ၁၆၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းနဲ့ ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေလွတ်မြောက်စေဖို့ ဆန္ဒထုတ်ဖော်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်လမ်းမှာ သပိတ်ဦးဆောင်ကော်မတီက ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ရတဲ့နေရာ၊ ရတဲ့နည်းလမ်းနဲ့ ဆန့်ကျင်ပေးကြဖို့ နဲ့ တော်လှန်ရေးကို ရှေ့ဆက်ချီတက်ပါဝင်ကြဖို့ကို တိုက်တွန်းဆန္ဒပြခဲ့ပါတယ်။

ကသာမြိုနယ်မှာလည်း ၅/ကသာ လူထုအောင်လံသပိတ်အဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်က မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်တို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့" စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စက်တင်ဘာ-၁၅၊၂၀၂၅။ဟန်နွေ/People’s Springနိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ​ရွေးကောက်ခံအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် အာဏာသိမ်းစစ်တပ်က လုပ်နေသည့် ဖမ်းဆီးမှု၊ တရားရုံးစစ်ဆေးမှုများအားလုံးသည် တရားဝင်မှုမရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris တို့ တွေ့ဆုံခဲ့ကြောင်း ယာယီသမ္မတနှင့် ကိုထိန် လင်းတို့က ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

ဆောင်းပါး

မြန်မာနိုင်ငံရဲ့တစ်ဦးတည်းသောနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာဂင်းနစ်မှတ်တမ်းမှာ လည်းပါ၀င်နေသူဖြစ်တယ်ဆိုတာ သိပါသလား။

Facebook