စက်တင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီး၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် အမေရိကန်ရောက်မြန်မာများ ချီတက် ဆန္ဒပြကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါချီတက်ဆန္ဒပြပွဲကို “ Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ကြသည်။
ထို့နောက် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးမိုးဇော်ဦးတို့က ဟောပြောခဲ့ကြသည်။

Public Service Announcement
ကုလတွင် မြန်မာပြည်သူများကိုယ်စားပြု သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ထားရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အုပ်စုအား နိုင်ငံတကာက ကျဉ်ဖယ်ပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် ဝိုင်းဝန်ကူညီ ပေးကြရန်လည်း တောင်းဆိုခဲ့ကြသည်။
ထို့နောက် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့ ချီတက်ခဲ့ကြသည်။
