close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်နှစ်ကျရင် တရုတ်ကိုသွားမယ်လို့ ထရမ့်ဆို

နောက်နှစ်ဆန်းလောက်ကျရင် သူဟာ တရုတ်နိုင်ငံ ခရီးစဉ် သွားရောက်ဖြစ်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

နောက်နှစ်ဆန်းလောက်ကျရင် သူဟာ တရုတ်နိုင်ငံ ခရီးစဉ် သွားရောက်ဖြစ်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့မှာ ရှီနဲ့ ဖုန်းဆက် စကားပြောခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦးဟာ တောင်ကိုရီးယားမှာ တွေ့ဆုံကြမှာ ဖြစ်သလို နောက်ပိုင်းမှာလည်း သူက ဘေဂျင်းကို သွားရောက်မယ်လို့ ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို တရုတ်ဖက်ကတော့ လောလောဆယ် အတည်မပြုသေးပါဘူး။

သူတို့နှစ်ဦး ဖုန်းပြောမှုမှာ တရုတ်ပိုင် လူမှုကွန်ရက် မီဒီယာ တစ်ခုဖြစ်တဲ့ TikTokကို အမေရိကန် လုပ်ငန်းရှင်တွေ လက်လွှဲ ဝယ်ယူနိုင်ရေးက အဓိက အကြောင်းကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ထရမ့်က TikTokကို အမေရိကန်မှာ ရေရှည် ဆက်လက် လည်ပတ်စေနိုင်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အဆိုပြုချက်တွေကို ရှီက လက်ခံပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီဖုန်းပြောမှုဟာ အပြုသဘော ဆန်ခဲ့ပြီး ရှီရဲ့ဖက်က လိုက်လျောပေးခဲ့မှုတွေကိုလည်း သူ့အနေနဲ့ အသိအမှတ် ပြုပါတယ်လို့ ထရမ့်က ဆိုပါတယ်။ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနရဲ့ ဖော်ပြမှုမှာတော့ TikTok အရောင်းအဝယ် ကိစ္စနဲ့ ပတ်သက်လို့ ထရမ့် ပြောထားတာတွေလောက် မရိုးရှင်းဘဲ ရှီက ဆွေးနွေးညှိနှိုင်းမှုတွေကို ကြိုဆိုခဲ့တယ်လို့သာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

TikTokရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ် နည်းပညာ လုပ်ငန်းစု Bytedanceကတော့ အမေရိကန်မှာ လုပ်ငန်းလည်ပတ်ခွင့် ပိတ်သိမ်းတာ မခံရချင်ရင် အမေရိကန်ဆိုင်ရာ လုပ်ငန်းခွဲကို အမေရိကန် ဝယ်လက်တွေဆီ လက်လွှဲရောင်းချပေးရမယ့် အခြေအနေမျိုး ကြုံနေရတယ်လို့ ဝန်ခံထားပါတယ်။

အမေရိကန်မှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်က နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍကို ထိပါးနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်တွင်းမှာ TikTok သုံးစွဲခွင့်ကို တားဆီးပိတ်ပင်အမိန့် ချမှတ်ခဲ့ပေမယ့် ထရမ့်ကတော့ အဲဒီတားမြစ်ချက်ကို ၄ ကြိမ်တိုင် ရွှေ့ဆိုင်းပေးထားပြီး ဖြစ်ပါတယ်။

Truthမှာ ရေးထားတဲ့ ထရမ့်ရဲ့ ပို့စ်မှာတော့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေက တိုးတက်မှုတွေ ရှိခဲ့ကြောင်း၊ သူနဲ့ ရှီတို့ဟာ အောက်တိုဘာလကျရင် တောင်ကိုရီးယားမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီး ညီလာခံမှာ ထပ်ပြီး တွေ့ဆုံကြမှာဖြစ်ကြောင်း ပါရှိခဲ့ပါတယ်။

အေပက် ညီလာခံကို တက်ရောက်ချိန်မှာ တွေ့ကြဖို့ ရှီနဲ့ သဘောတူညီထားကြောင်း၊ ပြီးတော့ နောက်နှစ် အစောပိုင်းလောက်ကျရင် သူက တရုတ်ကို သွားရောက်မှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ ဒါ့အပြင် နောက်ပိုင်း သင့်တော်တဲ့ အချိန်တစ်ခုမှာ ရှီကလည်း အမေရိကန်ကို လာရောက်လိမ့်မယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။

အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက တရုတ်အပေါ် တင်းမာတဲ့ ကုန်သွယ်ရေး မူဝါဒတွေ သတ်မှတ် ကျင့်သုံးလာခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး သိသိသာသာ တင်းမာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံကြီး နှစ်ခုကြားမှာ ပြဿနာ ပြေလည်စေဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကို ပိုမို အရှိန်မြှင့် လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတွေမှာ အမေရိကန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို တလွဲ အသုံးချနေတယ်လို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ဆီက တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဝယ်ယူမယ့် သဘောတူ စာချုပ်ကို ထိုင်းတော်ဝင်ရေတပ်က တရားဝင် လက်မှတ်ရေးထိုးခဲ့ပတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ ဗြိတိန် ခရီးစဉ် အတောအတွင်း စက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။