close
Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမှာ ဝက်စာရှာထွက်တဲ့ မြေးအဘိုးသုံဦး ပစ်ခတ်ခံရလို့ ၂ ဦးသေ၊တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း လမ်းပိုင်းတစ်ခုမှာစခန်းချဖို့ ပြင်ဆင်​နေကြတဲ့စစ်သား​တွေ။ ဓါတ်ပုံ-စစ်​ကောင်စီ

စက်တင်ဘာ-၂၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဆားလင်းကြီးမြို့ပေါ်၊ မီးသတ်ရုံးအနီးမှာ စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ပစ်ခတ်ခံရသူတွေဟာညောင်ပင်ကြီးရွာနား၊ သိမ်တော်ရွာကဖြစ်ပြီး အဘိုးဖြစ်သူ ဦးဘဌေးနဲ့ သူ့မြေးတဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ကျန်မြေးတဦးလည်း ခြေ​ထောက်ပြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ မြေးဖိုးသုံးယောက် မြို့ပေါ်ကနေ ဆားခါးသွားတာ။ ခွေးကင်းပတ်တာနဲ့တွေ့တာ။ရပ်ကွက်ထဲကတော့ဝက်စာ အစာရှာထွက်တာလို့ပြောကြတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ကင်းပုန်းတွေရှိနေလို့ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ညနေပိုင်းအထိ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ Monywa Roads Information အဖွဲ့က ဆိုပါတယ်။

ချင်းတွင်းမြစ်တဖက်ကမ်းကမုံရွာမြို့နယ်မှာလည်းစက်တင်ဘာ ၁၅ ရက်နဲ့ ၁၇ ရက်​နေ့​တွေမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များနဲ့ နောက်ကြောင်းပြန်ပြေးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို တပ်သားနဲ့ ရိက္ခာအများအပြားဖြည့်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။