close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်ပ ကျွမ်းကျင်လုပ်သား ငါးရမ်းမှု အထူးဗီဇာ လျှောက်ထားမှုတွေကို ဒေါ်လာတစ်သိန်း တိုးကောက်ဖို့ ထရမ့် ညွှန်ကြား

H1-B ဗီဇာလို့ ခေါ်တဲ့ ပြည်ပ ကျွမ်းကျင်လုပ်သား ငှားရမ်းမှုဆိုင်ရာ အထူး အလုပ်ဗီဇာ လျှောက်ထားမှုတွေကို ဒေါ်လာတစ်သိန်း တိုးမြှင့် ကောက်ခံမယ့် သတ်မှတ်ချက် အသစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ဓာတ်ပုံ - EPA

H1-B ဗီဇာလို့ ခေါ်တဲ့ ပြည်ပ ကျွမ်းကျင်လုပ်သား ငှားရမ်းမှုဆိုင်ရာ အထူး အလုပ်ဗီဇာ လျှောက်ထားမှုတွေကို ဒေါ်လာတစ်သိန်း တိုးမြှင့် ကောက်ခံမယ့် သတ်မှတ်ချက် အသစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့မှာ ထရမ့်က လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်အရ ငှားရမ်းခေါ်ယူမယ့် ပြည်ပ ကျွမ်းကျင်လုပ်သား အမေရိကန်နိုင်ငံထဲ မရောက်လာခင် အဲဒီ သတ်မှတ်ငွေကြေးကို အမေရိကန် ကုမ္ပဏီတွေက ပေးချေရမယ်လို့ သိရပါတယ်။ ဒီသတ်မှတ်ချက်ဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကို ငှားရမ်းရာမှာ ပိုပြီး အကုန်အကျ များလာတော့မယ့် အဓိပ္ပါယ်ပါ။

အစိုးရကတော့ ဒီသတ်မှတ်ချက် အသစ်ရဲ့ ရည်ရွယ်ချက်ဟာ အမေရိကန်ရဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေက တကယ်တမ်း လိုအပ်ပြီး အမှန်တကယ် အရည်အသွေး မြင့်မားတဲ့ နိုင်ငံခြားသား ပညာရှင်တွေကိုသာ ရွေးချယ် ခေါ်ယူအောင် တွန်းအားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ထရမ့်က အခု အပြောင်းအလဲ အသစ်ဟာ အမေရိကန် နိုင်ငံသားတွေအတွက် အလုပ်အကိုင် နေရာတွေကို ကာကွယ်ပေးမှာဖြစ်ပြီး လက်ရွေးစင်အဆင့် ထူးချွန်ထက်မြက်တဲ့ ပြည်ပ ပညာရှင်တွေကိုသာ အမေရိကန်ဆီ ရောက်လာအောင် ထိန်းကျောင်းပေးလိမ့်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

H-1B ဗီဇာ ဆိုတာဟာ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ လိုအပ်တဲ့ အရည်အသွေးမျိုးနဲ့ ပြည်တွင်း အလုပ်သမားတွေ ရှာမတွေ့ရင် ပြည်ပကနေ ဝန်ထမ်းတွေ ခေါ်ယူဖို့ လျှောက်ထားရတဲ့ ဗီဇာပါ။ အရင်ကတည်းက အဲဒီဗီဇာဟာ သက်တမ်း၊ အလုပ်အမျိုးအစားတွေအပေါ် မူတည်ပြီး လျှောက်ထားက ဒေါ်လာ ၁၇၀၀ ကနေ ၄၅၀၀ လောက်ထိ စျေးတွေရှိခဲ့ပါတယ်။ အခုတော့ အဲဒီနှုန်းထားတွေအပြင် ထပ်ဆောင်းဒေါ်လာ တစ်သိန်းပါ ပေးဆောင်ဖို့ အစိုးရက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Amazon၊ Microsoft၊ Google၊ Appleနဲ့ IBMတို့လို နည်းပညာ လုပ်ငန်းစုကြီးတွေဟာ H-1B ဗီဇာနဲ့ ပြည်ပ အလုပ်သမားတွေ ခေါ်ယူမှုကို အဓိက အသုံးပြုလေ့ရှိပြီး ထရမ့်ရဲ့ စည်းမျဉ်းသစ်ကို အထိခိုက်ဆုံး ခံစားရမယ့် အစုအဖွဲ့တွေ ဖြစ်လာနိုင်ပါတယ်။

ထရမ့်ရဲ့ ဗီဇာမူဝါဒ အပြောင်းအလဲ အစီအမံအပေါ် ထောက်ခံသူတွေရော၊ ကန့်ကွက်ဝေဖန်တာတွေပါ ရှိနေပါတယ်။ ကန့်ကွက်သူတွေကတော့ ဗီဇာကြေးတွေ တိုးလိုက်တဲ့အတွက် ကုမ္ပဏီတွေဟာ အလုပ်နေရာတွေကို ပြည်ပဆီ ရွှေ့သွားတာမျိုး ဖြစ်လာနိုင်ပြီး အမေရိကန်ပဲ နစ်နာလိမ့်မယ်လို့ ပြောပါတယ်။ ထရမ့်ကို ထောက်ခံသူတွေကတော့ ဗီဇာကြေး တိုးလိုက်တဲ့အတွက် H-1B ဗီဇာအပေါ် တလွဲအသုံးချမှုတွေကို တားဆီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ကုမ္ပဏီ တချို့ဟာ အမေရိကန် နိုင်ငံသားတွေထက် လစာပေးရတာနည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ခေါ်သွင်းဖို့ အဲဒီ ဗီဇာကို အသုံးပြုနေခဲ့ကြတယ်လို့ သူတို့က စွပ်စွဲခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ H-1B ဗီဇာ အသုံးပြု ခေါ်ယူထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေကြားမှာ လုပ်ခလစာ နှိမ့်ချပြီး ခန့်အပ်ထားသူတွေ ရှိမရှိ ပြန်လည်ဆန်းစစ်ဖို့လည်း အလုပ်သမားရေးရာ ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း သိရပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရသစ်နဲ့ အားကောင်းတဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိစေလိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန် ကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။